Toyota Yaris  စီးရေ ၁၀ သန်း‌မြောက် ထုတ်လုပ်


Toyota Yaris  စီးရေ ၁၀ သန်း‌မြောက် ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toyota သည် ထုတ်လုပ်မှု သက်တမ်း ၂၅ နှစ်အကြာတွင် စီးရေ ၁၀ သန်း‌မြောက် Yaris ကို ၂၀၂၃ ခုနှစ် မတ်လ ၃၉ ရက်တွင် ထုတ်လုပ်ခဲ့ပါသည်။ 
 Yaris သည် ကမ္ဘာတစ်လွှားရောင်းအား စီးရေ ၁၀ သန်းကျော်သည့် Toyota  ကားမော်ဒယ်များတွင် ဆဌမမြောက် မော်ဒယ်ဖြစ်ပါသည်။ 

Yaris ပထမဆုံး မော်ဒယ်ကို ၁၉၉၈ ခုနှစ်တွင် Paris Motor Show မှာ ပွဲထုတ်ခဲ့သည်။ ထိုစဉ်ကတည်းက စိတ်ဝင်စားမှု ရေချိန် မြင့်မားခဲ့သည်။ 
ပထမမျိုးဆက်မော်ဒယ်သည် ၂၀၀၀ ပြည့်နှစ်တွင် European Car of the Year အဖြစ် သတ်မှတ်ခံရသည်။ ဥရောပတွင် လူကြိုက်များသည်။ Yaris မော်ဒယ်အမျိုးမျိုး ဥရောပတွင် ၅,၁၅၅,၅၀၆ စီး ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ် Toyota ဥရောပရောင်းအား၏ သုံးပုံတစ်ပုံမှာ Yaris ရောင်းအား ဖြစ်သည်။ 

ပထမမျိုးဆက်မော်ဒယ်ကို ၂၀၀၅ ခုနှစ်အထိ ထုတ်လုပ်ခဲ့သည်။ ဒုတိယမျိုးဆက်တွင် အရွယ်အစား ပိုကြီးထားသည်။ အင်ဂျင် ၃ မျိုးဖြင့် ထုတ်လုပ်သည်။ စွမ်းဆောင်ရည် ဦးစားပေးသည့် ဗားရှင်း Yaris TS ကို ၂၀၀၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ 1.8-liter အင်ဂျင် ထိုင်ပေးထားပြီး ပါဝါ 130 hp အထိ ထုတ်ပေးနိုင်သည်။ 

တတိယမျိုးဆက်တွင် အရွယ်အစား ပိုကြီးထားသည်။ ဟိုက်ဘရစ်ဗားရှင်းကို လည်း ထုတ်လုပ်သည်။ 

စတုတ္ထမျိုးဆက်ကို ၂၀၂၀ တွင် ထုတ်လုပ်သည်။ ကိုယ်ထည်အလျား တိုသွားသည်။ အကျယ် ပိုကျယ်ထားပြီး အမြင့်ကို လျှော့ထားသည်။ 

၂၀၂၂ တွင် ထုတ်လုပ်သော Yaris Cross SUV သည် World Car Awards စာရင်းတွင် 2022 World Urban Car  ဆု ရရှိခဲ့သည်။ 

 


Source carscoop
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 194 times