Toyota Wishသည် လူသုံးများသော ကားအမျိုးအစားဖြစ်ပြီး စျေးကွက်တွင်လည်း အရောင်းရဆုံးကားအမျိုးအစားဖြစ်ပါသည်။
ထိုကြောင့် Toyota Wishအသုံးပြုသောယာဉ်ပိုင်ရှင်များအနေနှင့် ယင်းကားတွင်ဖြစ်တတ်သော ပြဿနာများကိုကြိုတင်သိရှိထားမည်ဆိုပါက အလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်သည်။
(၁)မိုင်နှုန်းပြဒိုင်ခွက်၏ ပြဿနာ
Odometer သို့မဟုတ် Mil-ometerဟု ခေါ်သော ခရီးမိုင်တိုင်းကိရိယာတိုင်းဒိုင်ခွက်မှဖြစ်တတ်သော ပြဿနာဖြစ်ပါသည်။
အထူးသဖြင့် Toyota Wish2015 မော်ဒယ်များတွင်အဖြစ်များပါသည်။
ထိုဒိုင်ခွက်ရှိ ဒက်ရှ်ဘုတ်ဝန်းကျင်ကြားနေကြမဟုတ်သော အသံများအဆက်မပြတ်ပေါ်လာခြင်းသည် ဒက်ရှ်ဘုတ်တွင်ရှိသော ၀ါယာရိန်းစနစ်ချို့ယွင်းချက်ရှိခြင်းဖြစ်ပါသည်။
ထိုသို့ဖြစ်ပေါ်လျှင် ၀ါယာရိန်းဆရာဖြင့် ပြုပြင်ရမည်ဖြစ်ပါသည်။
(၂)ရှေ့ကားဘီးတုန်ခါခြင်း
Toyota Wish၏ကားအင်ဂျင်စက်နှိုးပြီး အလွတ်လည်ပတ်စေသောအခါ တစ်ရှိန်ထိုးလည်ပတ်ခြင်းမျိုးရှိပါသည်။
တစ်နာရီ၄၀ကီလိုမီတာနှုန်းရောက်လျှင် ဘယ်ဘက်ရှေ့ဘီးမှ တုန်ခါခြင်းမျိုးခံစားရပါမည်။
၀ပ်ရှော့တွင် ရှေ့ဘီးတာယာများ၊ စတီယာရင်နှင့် လီဗာစနစ်များကို စစ်ဆေးရပါမည်။
ထိုပြဿနာများသည် ၂၀၁၀မော်ဒယ်များတွင် အများဆုံးဖြစ်လေ့ရှိပါသည်။
(၃) ပါ၀ါစတီယာရင်မီးလင်းခြင်း
ကားမောင်းနှင်စဉ် ပါ၀ါစတီယာရင်မီးရုတ်တရက်လင်းလာပြီး ရေဒီယိုနှင့် အတွင်းခန်းမီးများ ပိတ်သွားခြင်းမျိုးကြုံရတတ်ပါသည်။
ထိုသို့ကြုံရခြင်းမှာ စက္ကန့်ပိုင်းမျှသာဖြစ်ပါသည်။
စတီယာရင်ကို ပြန်လှည့်ပြီးသည်နှင့် ပါ၀ါမီးငြိမ်းသွားပြီး ရေဒီယိုနှင့် အတွင်းခန်းမီးများပြန်လင်းလာပါသည်။
ထို့အတွက် ပါ၀ါစတီယာရင်ကို စစ်ဆေးသည့်အခါ ကောင်းမွန်နေပြီး ပုံမှန်အလုပ်လုပ်နေခြင်းဖြစ်ပါသည်။
၀ါယာရင်းစနစ်များကို အသေးစိတ်စစ်ဆေးသင့်ပါသည်။
(၄) အင်ဂျင်ချက်မီးလင်းခြင်း
အင်ဂျင်ချက်မီးလင်းခြင်းသည် VSC off blinkingဖြစ်ခြင်းဖြစ်ပါသည်။
Scanning ဖတ်သည့်အခါတွင်လည်း မည်သည့်ပြဿနာများရှိနေခြင်းမျိုးသည် Toyota Wishကားတော်တော်များများတွင် ဖြစ်လေ့ရှိပါသည်။
ယင်းသည် အင်ဂျင်မှချို့ယွင်းခြင်းမျိုးမဟုတ်ဘဲ ဘက်ထရီ သို့မဟုတ် ဘက်ထရီနှင့်ချိတ်ဆက်ထားသောဝါယာများ အသစ်လဲလှည်ရန်လိုအပ်ခြင်းဖြစ်ပါသည်။
(၅) စတီယာရင်ပြဿနာ
2011မော်ဒယ် Toyota Wishတွင် စတီယာရင်ပြဿနာ အနည်းငယ်ရှိပါသည်။
ထိုအခါ စတီယာရင်လေးနေပြီး ခပ်ကြမ်းကြမ်းဖိလှည့်ရတတ်ပြီးပြန်ဖြောင့်လာသောအခါ အားစိုက်ပြီးပြန်လှည့်ရတတ်ပါသည်။
ယင်းသည် စက္ကန့်ပိုင်းအတွင်းမှာသာဖြစ်ပြီး ပုံမှန်ပြန်ကောင်းသွားတတ်ပါသည်။
အမြဲတမ်းမဟုတ်သော်လည်း တစ်ခါတစ်ရံ ထိုပြဿနာရှိတတ်ပါသည်။
(၆)အပြာရောင်မီးလင်းခြင်း
ဒက်ရှ်က်ဘုတ်တွင် အပြာရောင်မီးလင်းခြင်းမှာ အင်ဂျင်အေးနေခြင်းကို ပြခြင်းဖြစ်ပါသည်။
မနက်ခင်းပိုင်း အင်ဂျင်စက်နှိုးခါစတွင် အပြာရောင်မီးလင်းတတ်ပါသည်။
အင်ဂျင်သည်ပုံမှန်အပူချိန်သို့ရောက်သောအခါ အပြာရောင်မီးငြိမ်းသွားပါမည်။
အကယ်၍ အပြာရောင်မီးမှာ အနီရောင်သို့ပြောင်းသွားလျှင် အင်ဂျင်အပူချိန်မြင့်နေသည်ကို သတိပေးခြင်းဖြစ်ပါသည်။
(၇) ABSမီးလင်းနေခြင်း
ကားတိုင်းလိုလိုတွင် ABSမီးလင်းနေပါက ဘရိတ်နှင့် ABSစနစ်များတွင် ပြဿနာရှိခြင်းဖြစ်ပါသည်။
Diagnose toolဖြစ်သော အိုဘီဒီတူး နှင့် ကွန်ပျူတာထိုးစစ်ပါက မည်သည့်အစိတ်အပိုင်းချို့ယွင်းနေသည်ကို သိရှိနိုင်ပါသည်။
(၈)မောင်းနှင်နေစဉ် တုန်ခါခြင်း
ယင်းမှာ ၂၀၀၆ Toyota Wishတွင် ဖြစ်လေ့ရှိပါသည်။
၎င်း၏အင်ဂျင်တွင်လည်း မည်သည့်ပြဿနာများမရှိပါ။
အခြားကားအမျိုးအစားတွင်လည်းဖြစ်လေ့ရှိပါသည်။
ယင်းပြဿနာသည်ကားအလိုင်းမန့် မမှန်မှုကို ညွှန်ပြနေခြင်းဖြစ်ပါသည်။
ဘီးတစ်ခုချင်းစီကိုလည်း ဂွေချိန်ရန်လိုအပ်နေခြင်းဖြစ်ပါသည်။
(၉)Airconမအေးခြင်း
၂၀၀၅မော်ဒယ် Toyota Wish၏ Airconမှ ဂက်စ်ယိုစိမ့်ပြီး မအေးတော့ခြင်းဖြစ်ပါသည်။
ဂက်စ်ပြန်ခဲ့သည်မှာ တစ်လခန့်ရှိသော်ငြားလည်း မအေးသည့်အပြင် စက်ရပ်သွားပါက စစ်ဆေးပြီး ချက်ချင်းလဲလှယ်သင့်ပါသည်။