Toyota Wish တွင် ဖြစ်တက်သော ပြဿနာများ


တိုယိုတာဝှစ်ရှ် (Toyota Wish) သည် လူသုံးများသော ကားအမျိုးအစား ဖြစ်ပြီး ဈေးကွက်တွင်လည်း အရောင်းရဆုံး ကားအမျိုးအစား ဖြစ်ပါသည်။

ထို့ကြောင့် တိုယိုတာ ဝှစ်ရှ် အသုံးပြုသော ယာဉ်ပိုင်ရှင်များအနေဖြင့် ထိုသည်ကားတွင် ဖြစ်တတ်သောပြသာနာလေးများကို ကြိုတင်သိရှိထားပါက အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

၁။ မိုင်နှုန်းပြ ဒိုင်ခွက်၏ ပြသာနာ

Odometer သို့မဟုတ် mil-ometer ဟုခေါ်သော ခရီးမိုင်တိုင်း ကိရိယာဒိုင်ခွက်မှ ဖြစ်တက်သော ပြဿနာသည် အထူးသဖြင့် တိုယိုတာဝှစ် ၂၀၀၅ မိုဒယ်များတွင် အဖြစ်များပါသည်။

ထိုဒိုင်ခွက်ရှိသော ဒက်ရှ်ဘုတ်ဝန်းကျင်က ကြားနေကျမဟုတ်သော အသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ထိုအသံသည် ဒက်ရှ်ဘုတ်အောက်တွင်ရှိသော ရှုပ်ထွေးသော ဝါယာရိန်း စနစ်များက ချို့ယွင်းချက်ရှိလာခြင်းဖြစ်သောကြောင့် ကျွမ်းကျင်သော ဝါယာရိန်းဆရာနှင့် စစ်ဆေးပြုပြင်ရမည်ဖြစ်ပါသည်။

၂။ ရှေ့ကားဘီး တုန်ခါခြင်း

တိုယိုတာဝှစ်ရှ်၏ ကားအင်ဂျင်ကို စက်နှိုးပြီး အလွတ်လည်ပတ်စေ (idle) သည့်အခါ တစ်ရှိန်ထိုး လည်ပတ်ခြင်းမျိုး ရှိပါသည်။

တစ်နာရီ ၄၀ ကီလိုမီတာ နှုန်းခန့် ရောက်ပါက ဘယ်ဘက်ရှေ့ဘီးက တုန်ခါခြင်းမျိုး ခံစားရပါသည်။

ဝပ်ရှော့တွင် ရှေ့ဘီးတာယာများ၊ စတီယာရင်နှင့် လီဗာစနစ်များ စစ်ဆေးရမည်ဖြစ်ပြီး ထိုသို့ဖြစ်ခြင်းသည် ၂၀၁၀ မိုဒယ်များတွင် အများဆုံးဖြစ်တက်ပါသည်။

၃။ ပါဝါစတီယာရင် မီးလင်းခြင်း

ကားမောင်းနှင်နေစဉ် ပါဝါစတီယာရင်မီး ရုတ်တရက်လင်းလာပြီး ရေဒီယိုနှင့် အတွင်းခန်းမီးများ ပိတ်သွားခြင်းမျိုး ကြံုရတက်ပါသည်။

ထိုသို့ဖြစ်ခြင်းသည် စက္ကန့်ပိုင်းလောက်သာဖြစ်ပြီး စတီယာရင်ကို ပြန်လှည့်ပြီးသည်နှင့် ပါဝါစတီယာရင်မီး ငြိမ်းသွားပြီး ရေဒီယိုနှင့် အတွင်းခန်းမီးများ ပြန်လင်းလာပါသည်။

ထို့အတွက် ပါဝါစတီယာရင်ကို စစ်ဆေးသည့်အခါ ကောင်းမွန်နေပြီး ပုံမှန်အလုပ်လုပ်နေခြင်း ဖြစ်သောကြောင့် ဝါယာရိန်းစနစ်များ အသေးစိတ်စစ်ဆေးသင့်ပါသည်။

၄။ အင်ဂျင်ချက်မီးလင်းခြင်း

အင်ဂျင်ချက်မီးလင်းခြင်းက VSC off blinking ဖြစ်ခြင်ဖြစ်ပြီး Scanning ဖတ်သည့်အခါတွင်လည်း မည်သည့်ပြဿနာမှ ရှိမနေခြင်းမျိုးကို တိုယိုတာဝှစ်ရှ်ကား တော်တော်များများတွင် ဖြစ်လေ့ရှိပါသည်။

ထိုသို့ဖြစ်ခြင်းသည် အင်ဂျင်မှ ချို့ယွင်းခြင်းမဟုတ်ဘဲ ဘက်ထရီ သို့မဟုတ် ဘက်ထရီနှင့် ချိတ်ဆက်ထားသော ဝါယာများ အသစ်လဲလှယ်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။

၅။ စတီယာရင် ပြဿနာ

၂၀၁၁ မိုဒယ် တိုယိုတာဝှစ်ရှ်တွင် စတီယာရင်ပြဿနာအနည်းငယ်ရှိတက်ပါသည်။

ထိုအရာမှာ စတီယာရင် လေးနေပြီး ခပ်ကြမ်းကြမ်း ဖိလှည့်ရတက်ခြင်းဖြစ်ပြီး ပြန်ဖြောင့်သည့်အခါတွင်လည်း အားစိုက်ပြီး ပြန်လှည့်ရတက်ပါသည်။

ထိုသို့ဖြစ်ခြင်းသည် စက္ကန့်ပိုင်းခန့် အတွင်းမှာသာ ဖြစ်ပြီး ပုံမှန်ပြန်ကောင်းသွားပါသည်။

အမြဲတမ်းမဟုတ်သော်လည်း တစ်ခါတစ်ရံ ထိုသို့ဖြစ်ခြင်းသည် ပြဿနာရှိပါသည်။

 ၆။ မီးအပြာရောင်လင်းခြင်း

ဒက်ရှ်ဘုတ်တွင် မီးအပြာရောင်လင်းခြင်းက အင်ဂျင်အေးနေခြင်းကို ပြခြင်းဖြစ်ပါသည်။

မနက်ခင်းများတွင် အင်ဂျင်စနှိုးခါစမှာ အပြာရောင်မီးလင်းတက်ပြီး အင်ဂျင်က ပုံမှန်အပူချိန်သို့ရောက်သည့်အခါ အပြာရောင်မီးငြိမ်းသွားပါမည်။

အကယ်၍ ထိုအပြာရောင်မီးက အနီရောင်ပြောင်းသွားပါက အင်ဂျင်အပူချိန်မြင့်တက်နေခြင်းကို သတိပေးခြင်းဖြစ်ပါသည်။

၇။ အေဘီအက်စ်မီးလင်းနေခြင်း

ကားတိုင်းလိုလိုတွင် အေဘီအက်စ် မီးလင်းနေပါက ဘရိတ်စနစ်နှင့် အေဘီအက်စ်စနစ်များတွင် ပြဿနာရှိနေခြင်းဖြစ်ပါသည်။

Diagnose tool ဖြစ်သော အိုဘီဒီတူးနှင့် ကွန်ပျူတာထိုးစစ်ပါက ဘယ်အစိတ်အပိုင်းမှ ချို့ယွင်းသည်ကို သိရှိနိုင်ပါသည်။

၈။ မောင်းနှင်နေစဉ်တုန်ခါခြင်း

ထိုပြဿနာသည် ၂၀၀၆ မိုဒယ် တိုယိုတာဝှစ်ရှ်တွင် အဖြစ်များပါသည်။

ထိုသို့ဖြစ်ခြင်းသည် အင်ဂျင်တွင် ပြဿနာရှိနေခြင်းမဟုတ်ဘဲ ကားအလိုင်းမန့်မမှန်ခြင်း ဖြစ်ပါသည်။

ဘီးတစ်ခုချင်းစီလည်း ဂွေချိန်ရန် (balancing of wheels) လိုအပ်နေခြင်း ဖြစ်ပါသည်။

၉။ ၂၀၀၅ မိုဒယ် တိုယိုတာဝှစ်ရှ်၏ အဲကွန်းက ဂက်စ်ယိုစိမ့်ပြီး မအေးခြင်းဖြစ်ပြီး ဂက်စ်ပြန်ထည့်သည်မှာ တစ်လခန့်ရှိသော်လည်း မအေးသည့်အပြင် စက်ရပ်သွားပါသည်။

ထိုသို့ဖြစ်ပါက ကူးလင်းကွိုင် (cooling coil) သို့မဟုတ် ကွန်ဒင်ဆာ (condenser) မှ ယိုစိမ့်သောကြောင့် ထိုအရာများကို စစ်ဆေးပြီး ချက်ချင်းလဲလှယ်သင့်ပါသည်။

 

Read 9343 times