Toyota wish 2016


Toyota မှထုတ်လုပ်သောကားများသည် လူကြိုက်များကြပြီး ဈေးကွက်ထဲတွင်လည်း ဈေးတန်းတစ်ခုအဖြစ် ရှိနေကြောင်းသိရသည်။

Toyota Wish ကို ၂၀၀၃ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး van ကိုယ်ထည်အမျိုးအစားကားတစ်စီးဖြစ်သည်။

ကိုယ်ထည်အတွင်းခန်းမှာ ကျယ်ဝန်းပြီး ဇိမ်ခံကားတစ်စီးအဖြစ် အသုံးတည်မည့် ကားတစ်စီးဖြစ်ပါသည်။

ထုတ်လုပ်ထားသော ဂရိတ်အလိုက်ကားအတွင်းခန်းနှင့် ကိုယ်ထည်ပိုင်းအပြင်အဆင်ကို ခွဲခြားထုတ်လုပ်ထားသည်ကို တွေ့ရသည်။

XS ဂရိတ်မှာ ၂၀၀၃ ပုံပြောင်းများထဲတွင် Xenon ရှေ့မီးကြီး၊ တီဗီ၊ ရှေ့နောက်ကင်မရာ၊ ရှေ့စကတ်အသေးပါဝင်သောကြောင့် အမြင့်ဆုံးဂရိတ်တစ်ခုဖြစ်ပါသည်။

ပတ်လည် အဲကွန်းဒဟ်ဂျစ်တယ်ကို ၂၀၀၅ မော်ဒယ် XS ဂရိတ်မှာ စတင်ထုတ်လုပ်ပြီး အတွင်းခန်းမိုးတီဗီ၊ လေအိတ်ခြောက်လုံး၊ အတွင်းခန်း ထိုင်ခုံလက်တင် တို့လည်းပါဝင်မည်ဖြစ်သည်။

၂၀၀၃ wish ကို ၂၀၀၄ ခုနှစ်တွင် ဖြည့်စွက်ထုတ်လုပ်သော X NEO, X Aero တို့ကဲ့သို့ ဂရိတ်တွင်လည်းပါဝင်ပါသည်။

X နှင့် စသော ဂရိတ်အားလုံးကို ၁၀၀၀ စီစီ အင်ဂျင်နဲ့သာ ထုတ်လုပ်ထားပါသည်။

အော်တိုဂီယာလေးဆင့် 4 WD,2 WD နှစ်မျိုးဖြင့် ထုတ်လုပ်သည်ကို တွေ့ရသည်။

X ဂရိတ်တွေအားလုံးမှာ မှန်အရောင်ဝင်ကြပြီး ပါဝါဝင်းဒိုး၊ နောက်ဝိုက်တာ(နောက်တုန်)တို့ပါဝင်ပါသည်။

၂၀၀၄ နောက်ပိုင်းမှ နောက်မှန်ခုံးပြီးနောက်မှန်းခုံးပြီး အရောင်ဝင်တဲ့အထိပြောင်းလဲထုတ်လုပ်လာသည်ကို တွေ့ရသည်။

၂၀၀၀ စီစီအင်ဂျင်တွေကို G,Z ဂရိတ်များဖြင့် ထုတ်လုပ်ပေးပြီး ထိုနှစ်မျိုးမှာလည်း ကွဲပြားမှုရှိသည်ကို သိရသည်။

Z grade ကို ခြောက်ယောက်စီးအဖြစ် သတ်မှတ်ထုတ်လုပ်ထားပြီး အလယ်တန်းထိုင်ခုံကို အလယ်လျှောက်လမ်းအလွတ်နှင့် တပ်ဆင်ထားသည်။

ကားဘီးအရွယ်အစားမှာလည်း တခြားဂရိတ်တွေ၏ အရွယ်အစားထက်ပိုကြီးသည်ကို တွေ့ရသည်။

Original TV,Roof TV, 2pin Plug, Steering Control အစရှိသည်ကိုလည်းတွေ့ရသည်။

၂၀၀၃ Toyota Wish ကို ဝယ်ယူတင်သွင်းပါက ကျပ်သိန်း ၁၈၀ နှင့် ၂၀၀ကြား ကျသင့်မည်ဖြစ်ပြီး မော်ဒယ်နှင့် ဈေးနှုန်းပေါ်မူတည်၍ ဈေးကွာခြားသွားပါသည်။

၂၀၁၆ မော်ဒယ်မှာ ပိုင်ရှင်ကိုယ်တိုင် Modified လုပ်ရန်မလိုအပ်လောက်အောင် ပြည့်စုံသော ဂရိတ်အဖြစ်တွေ့ရပါသည်။

Read 5957 times