Toyota Vitz ကားအမျိုးအစားသည် Honda Fit ကဲ့သို့ ၁၃၀၀ စီစီဖြစ်ပြီး ပြည်တွင်းတွင် အသုံးများပါသည်။ Carcomplaints.com ၏ တွေ့ရှိချက်အရ ၂၀၀၀ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာဖြစ်မှု များပါသည်။
(၁) အင်ဂျင်ပါဝါကျဆင်းခြင်း
၂၀၀၀ မိုဒယ်မှ ၂၀၀၂ မိုဒယ်အထိ Toyota Vitz ကားအမျိုးအစားသည် အင်ဂျင်နှင့်ပတ်သတ်သော ပြဿနာ အဖြစ်များပါသည်။ တစ်ခါတစ်ရံတွင် အင်ဂျင်ပါဝါကျဆင်းလာတက်ပြီး တစ်နာရီ ၅၀ ကီလိုမီတာနှုန်းအထက်ကို
မောင်းနှင်၍ မရဘဲဖြစ်နေတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် အမြဲတမ်းမဟုတ်ဘဲ ချက်ချင်းပြန်ကောင်းလာခြင်းမျိုးလည်း ဖြစ်တက်ပါသည်။
(၂) အသံနှင့် အချက်ပေးသည့်စနစ် ချို့ယွင်းခြင်း
၂၀၀၇ မိုဒယ် Toyota Vitz ကားအမျိုးအစားသည် ရီမုတ်နှင့် သော့အဖွင့်အပိတ်လုပ်သည့်နေရာတွင်ပါရှိသော alarm system ချို့ယွင်းသည့် စနစ်ချို့ယွင်းသည့် ပြဿနာဖြစ်ပေါ်တက်ပါသည်။ ကား၏
ဒက်ရှ်ဘုတ်ပေါ်တွင်ပါသော Screen သည် သော့ပုံသဏ္ဍာန်သင်္ကေတနှင့် ပြသပါသည်။ User manual တွင်လည်း ဂျပန်စာသားများနှင့်သာ ဖော်ပြထားသည့်အတွက် အဖြေရှာရန် ခက်ခဲလှသဖြင့် ကျွမ်းကျင်သူများနှင့် ပြသရမည်ဖြစ်ပါသည်။
(၃) P67-Y သင်္ကေတဖော်ပြခြင်း
၂၀၀၉ မိုဒယ် Toyota Vitz ကို အင်ဂျင်ဝိုင်လဲလှယ်ပြီးသည့်အခါ ဒက်ရှ်ဘုတ်ပေါ်မှ screen ပေါ်တွင် P67-Y ဆိုသော သင်္ကေတပေါ်လာခြင်းဖြစ်ပါသည်။ 20W50 အမျိုးအစား ၃.၁ လီတာထည့်ပြီး ဆီစစ် (oil filter) ကိုလည်း လဲလှယ်ပါသည်။ ကားထုတ်လုပ်သူများ သတ်မှတ်ထာသည့် ကာလအတွင်းလဲလှယ်ရန် လိုအပ်ခြင်းဖြစ်ပါသည်။
(၄) အင်ဂျင်တုန်ခါလာခြင်း
၂၀၀၄ မိုဒယ် Toyota Vitz သည် အင်ဂျင်လည်ပတ်နေစဉ်တွင် အင်ဂျင်မှတုန်ခါလာတတ်ပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းသည် အင်ဂျင်နှင့် ဖရိတ်ကို တွဲပြီး ထိန်းချုပ်သည့်စနစ်များ ချောင်နေခြင်းမျိုး ဖြစ်ပါနိုင်ပါသည်။ ထို့ကြောင့် ဘိုးနပ်များကို စစ်ဆေးရပါမည်။
(၅) စမတ်စတော့(ပ်) စနစ်
၂၀၁၃ မိုဒယ် Toyota Vitz ကို စက်နှိုး၍ မရခြင်းမျိုးဖြစ်သွားတတ်ပြီး ဘက်ထရီကို စစ်ဆေးသည့်အခါလည်း ပုံမှန်သာဖြစ်နေပါသည်။ ထိုအပြင် မက္ကင်းနစ်မှစစ်ဆေးသည့်အခါတွင်လည်း ပစ်ချက်များရှာမရခြင်းမျိုးဖြစ်တတ်ပါသည်။
ထိုအခါ ပစ္စတင် (Pistons) များပေါ် ဆီအချို့ထည်လိုက်ပြီး စက်နှိုးလိုက်သည့်အခါမှ ပုံမှန်ပြန်ဖြစ်သွားတက်ပါသည်။
(၇) အင်ဂျင်ဝိုင် အစားများခြင်း
၂၀၁၂ မိုဒယ် Toyota Vitz ကို ကီလို ၉၂၀၀၀ မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ဝိုင်အားများလာခြင်းမျိုး ဖြစ်တတ်ပါသည်။ အင်ဂျင်ဝိုင်အစားများလာခြင်းမှာ လဲလှယ်လိုက်သည့် အင်ဂျင်ဝိုင် အရည်အသွေးမပြည့်မီခြင်း
မျိုးဖြစ်နိုင်သကဲ့သို့ အင်ဂျင်အတွင်းတွင် အသေးစားယိုစိမ့်မှုရှိနေခြင်းလည်း ဖြစ်နိုင်ပါသည်။
(၈) ခေါက်သံထွက်လာခြင်း
၂၀၀၇ နှင့် ၂၀၁၁ မိုဒယ် Toyota Vitz တွင် အရည်အသွေးမြင့် အောက်တိန်းကို အသုံးပြုထားခြင်းဖြစ်သော်လည်း အင်ဂျင်က ခေါက်သံ (knocking) ထွက်နေခြင်းမျိုး ဖြစ်တတ်ပါသည်။ ရပ်တန့်ပြီး အင်ဂျင်ကို
အလွတ်လည်ပတ်လိုက်သည့်အခါတွင်လည်း ခေါက်သံပြည်နေတတ်သည်ဟု ဆိုပါသည်။
ခေါက်သံသည် မီးတိုင်ပင်စောခြင်း (early timing) ကြောင့် အဖြစ်များပါသည်။ မီးတိုင်ပင်စောရသည့်အကြောင်းအရင်းများက မီးပွားစောခြင်း၊ အရည်အသွေးမပြည့်မီသော လောင်စာဆီ သို့မဟုတ် အောက်တိန်းနံပါတ်နိမ့်များ
အသုံးပြုခြင်း၊ အလိုအလျောက် မီးပွား ရှေ့ပြေးကိရိယာသည် လုပ်ဆောင်မှုမြန်လွန်းနေခြင်း၊ ဖိအားအချိုးမြင့်လွန်းခြင်းများကြောင့် ဖြစ်ပါသည်။
(၉) လီဗာချို့ယွင်းခြင်း
၂၀၀၇ မိုဒယ် Toyota Vitz ၏ လီဗာကို နင်း၍မရခြင်းဖြစ်ပြီး ကားကိုစက်နှိုးပြီး လီဗာနင်းလိုက်သင့်အခါ စက်ရပ်သွားပါသည်။ နောက်တစ်ကြိမ်စက်ထပ်နှိုးပြီး လီဗာကို နင်းထားသည့်အခါ စက်ပြန်ရပ်သွားပါသည်။
ကွန်ပျူတာထိုးစစ်သည့်အခါ ကုတ်နံပါတ်အရ accelerator က ချို့ယွင်းသည်ဟု ညွှန်ပြပါသည်။ လီဗာတံအပါအဝင် accelerator အစိတ်အပိုင်းများကို စစ်ဆေးရမည်ဖြစ်ပါသည်။