Toyota Vitz ယာဉ်ပိုင်ရှင်များအတွက် Vitz တွင် ဖြစ်တက်သော ပြဿနာအချို့ကို ဖော်ပြလိုက်ပါသည်။
Carcomplaints.com ၏ အဆိုအရ Toyota Vitz သည် ကွန်ပလိန်းအနည်းငယ်သာရှိသည်။
၂၀၀၀ မိုဒယ် Vitz သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး မိုင် ၈၀၀၀၀ ကျော် မောင်နှင်းသည့်အခါ ဆီစာနှုန်းမြင့်တက်လာသည်။
၁။ အလင်းစနစ်ချို့ယွင်းခြင်း
၂၀၀၇ မိုဒယ် Toyota Vitz တွင် Remove ဖြင့်နှိပ်ပြီး လော့ခ်ချသော စနစ်ပါရှိသည်။
Alam system ဖြစ်ပြီး လော့ခ်ချသည့်အခါ အသံမြည်းပြီး အချက်ပေးသည်။
ထိုစနစ် ချို့ယွင်းသည့်အခါ ဒက်ရှ်ဘုတ်မှာရှိသော စခရင်ပေါ်တွင် သော့သင်္ကေတပြပြီး သတိပေးသည်။
၂။ အင်ဂျင်ပါဝါကျဆင်းခြင်း
၂၀၀၀ မိုဒယ် Toyota Vitz တွင် အင်ဂျင်ပါဝါ ကျဆင်းလာတက်သည်။
အင်ဂျင်ကို အမြဲတမ်း ၅မိနစ်လောက် ကြိုစက်နှိုးထားပြီးရင် ချောချောမွေ့မွေ့ မောင်းနှင်နိုင်သည်။
ယခုနောက်ပိုင်တွင် အင်ဂျင်ကမောင်နှင်နေစဉ် ဆွဲအားကျဆင်းခြင်း၊ ရုတ်တရက်ရပ်တန့်သွားခြင်းများ ဖြစ်တက်သည်။
အတက်ခရီးများတွင် ရုန်းအားမရှိတော့ဘဲ အလွန်းနှေးကွေးသွားတက်သည်။
ကျွမ်းကျွင်သော မက္ကင်းနစ်နှင့် အင်ဂျင်ကို စစ်ဆေးပြုပြင်ရန် လိုအပ်နေခြင်းဖြစ်သည်။
၃။ P67-Yသင်္ကေတ ပေါ်လာခြင်း
၂၀၀၉ မိုဒယ် Toyota Vitz ၏ ဒက်ရှ်ဘုတ်ပေါ်တွင် P67-Y အဖြူရောင်စက်လုံးများနှင့် ပေါ်လာပြီးသတိပေးခြင်းဖြစ်ပါသည်။
ထိုသို့ဖြစ်ခြင်းသည် ဂီယာဘောက်စ်တွင် ပြဿနာရှိနေခြင်း ဖြစ်သည်။
၄။ အင်ဂျင်တုန်ခါခြင်း
၂၀၀၄ မိုဒယ် Toyota Vitz သည် အင်ဂျင်လည်ပတ်သည့်အခါ ကားက တုန်ခါလာခြင်းမျိုး ဖြစ်တက်သည်။
မောင်နှင်းသည့်အခါ မည်သည့်ပြဿနာမှမရှိဘဲ ကောင်းကောင်းမွန်မွန်မောင်နှင်နိုင်းပြီး တုန်ခါနေခြင်းမျိုးသာ ဖြစ်ပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ အင်ဂျင်နှင့် ကား၏ ကိုယ်ထည်ဖရိန်ကို တွဲဆက်ထားသည့် ဘောနပ်များ ချောင်းနေခြင်းပင်ဖြစ်သည်။
၅။ smart stop စနစ်ပြဿနာ
၂၀၁၃ မိုဒယ် Toyota Vitz ၏ smart stop စနစ်ချို့ယွင်းခြင်းဖြစ်သည်။
Smart stop စနစ်သည် မီးပွိုင့်နှင့် ယာဉ်ကြောကျပ်တည်းသော နေရာများတွင် ကားစက်ရပ်တန့်ခြင်း၊ စက်ပြန်နှိုးရခြင်းများ လုပ်စရာမလိုဘဲ Smart Stop ခလုတ်ကို ဖွင့်ထားရုံဖြင့် အလိုအလျောက် ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သည်။
ကားကို ဘက်ထရီအသစ်လဲလှယ်ပြီးနောက်ပိုင်း ထိုစနစ်က အလုပ်မလုပ်တော့ခြင်းဖြစ်တက်သည်။
ထို စနစ်ကို ပါဝါပေးသော စနစ်တွင် ပြဿနာရှိနေတက်သည်။
၆။ စက်စတင်နှိုးဖို့ခက်ခဲခြင်း
၂၀၀၀ မိုဒယ် Toyota Vitz ကို စက်စတင်နှိုးရန် ခက်ခဲလာခြင်း၊ ဘက်ထရီအသစ်လဲလိုက်သော်လည်း စက်နှိုးရသည်မှာ ခက်ခဲနေဆဲဖြစ်သည်။
စက်နှိုးသွားပြီးလျှင်တော့ အင်ဂျင်ပုံမှန်အလုပ်လုပ်ပါသည်။
Alternator က ပြဿနာရှိခြင်း အဖြစ်များပါသည်။
စတက်တာနှင့် အခြားအစိတ်အပိုင်းတွေကိုလည်း စစ်ဆေးနိုင်သည်။
၇။ အမြန်နှုန်းမြှင့်တင်လို့မရခြင်း
၂၀၀၇ မိုဒယ် Toyota Vitz ကိုအမြန်နှုန်းမြင့်တင်၍ မရသည့်အတွက် မက္ကင်းနစ်နှင့် စစ်ဆေးပြုပြင်စေပါသည်။
အင်ဂျင်ပလပ်များ လဲလှယ်ပြီးမောင်နှင်းသည့်အခါ လီဘာကို ဖိနှင်းသော်လည်း အင်ဂျင်နှုန်းအားကမြင့်တက်မလာပေ။
စက်သက်၊ ပြန်နှိုးပြီး လီဘာကိုစမ်းသပ်နင်းကြည့်သည့်အခါတွင်လည်း လီဘာက အလုပ်မလုပ်ပါပေ။
လီဘာတံနှင့် ဆက်စပ်နေသော အစိတ်အပိုင်းများကို စစ်ဆေးပြုပြင်ရမှာဖြစ်သည်။