အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် Toyota Vios


ယင်းကားအမျိုးအစားသည်ငါးယောက်စီး ဆီဒန်ကားအမျိုးအစားဖြစ်ပြီး ဆီစားနှုန်းသက်သာသကဲ့သို့ စျေးနှုန်းလည်း သင့်တင့်သောကြောင့် လူကြိုက်များ သည့် ကားတစ်စီးဖြစ်ပါသည်။

Vios ကိုဒီဇိုင်းလှပပြီး ကျစ်လျစ်သိပ်သည်းသည့် နောက်ဆုံးပေါ် ဆီဒန်အဖြစ် ထုတ်လုပ်ထားပါသည်။

အပြင်ပိုင်း ကိုယ်ထည်ကို သုံးဖက်မြင် ဒီဇိုင်းနှင့် ထုတ်လုပ်ထားပြီး ထင်ရှားသည့် ရှေ့ရှဲလ်က ကားကို တက်ကြွ ဆန်းသစ်သည့် ပုံပေါ်နေစေပါသည်။

မြန်မာနိုင်ငံတွင် Vios ကို G Grade နှင့် J Grade နှစ်မျိုးတင်သွင်းရောင်းချလျက်ရှိပါသည်။

အပြင်ပိုင်းဒီဇိုင်းမှာ G Grade နှင့် J Grade ကိုအဓိကကွာခြားသွားသည်မှာ ရှေ့မီးခွက်နှင့် တံခါးလက်ကိုင် တို့ဖြစ်ပါသည်။

G Grade ရှေ့မီးကြီးမှာ Halogen Projector မီးကိုအသုံးပြုထားပြီး J Grade မှာ Halogen Headlamp ကိုအသုံးပြုထားပါသည်။

တံခါးလက်ကိုင်မှာ G Grade တွင် Plating(D-Smart) ကိုအသုံးပြုထားပြီး J Grade မှာ coloured နှင့် ဖြစ်သွားပါသည်။

Vios ၏ကိုယ်ထည်အရောင်များကို ကိုးမျိုးအထိ ရွေးချယ်ရရှိနိုင်ပါသည်

ကား၏ အတွင်းပိုင်းကို သက်သောင့်သက်သာနှင့် ဇိမ်ကျမှုများပေါင်းစပ်ထားပါသည်။

အတွင်းခန်းအရောင်ကို ဆင်စွယ်ရောင်နှင့် အနက်ရောင်နှစ်မျိုး ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

G Grade တွင် Smart Key အနေဖြင့် ရရှိမည်ဖြစ်ပြီး J Grade တွင် Immobilized Key ဖြစ်သွားပါသည်။

Aircon မှာလည်း G Grade မှာ Auto  ဖြစ်သွားပြီး J Grade မှာ Manual Aircon အနေဖြင့် ရရှိမည်ဖြစ်ပါသည်။

G Grade မှာ Steering Volume Control ပါ၀င်လာပြီး J Grade မှာတော့ ပါ၀င်လာခြင်းမရှိပါ။

ဖျော်ဖြေရေးအတွက် Grade နှစ်ခုစလုံးမှာ AM, FM, CD Player, USB ပါ၀င်ပြီး G Grade မှာ စပီကာ ခြောက်လုံးနှင့် J Grade မှာ စပီကာ လေးလုံးတပ်ဆင်ထားပါသည်။

Vios တွင် 1.3L 1 NR-FE ဓာတ်ဆီအင်ဂျင်ကို CVT 7-Speed Automatic ဂီယာနှင့် တွဲဖက်အသုံးပြုထားပါသည်။

လုံခြုံရေးစနစ်များအနေဖြင့် ကား ရုတ်တရက် ဘရိတ်ဖမ်းသည့်အခါ စတီယာရင်လော့ခ်မဖြစ်စေပဲ အတည်ငြိမ်ဆုံး ထိန်းချုပ်နိုင်သည့် ABS စနစ် ဘီးတစ်ဘီးချင်းစီအလိုက် မတူညီသည့် ဘရိတ်ဖိအားများ ပို့လွှတ်ပေးသည့် EBD စနစ်၊ အရေးပေါ်အခြေအနေတွင် အကောင်းဆုံးဘရိတ်ဖမ်းပေးနိုင်သည့် BA Assist, SRS အသက်ကယ်လေအိတ် နှစ်လုံး၊ ယာဉ်ရှေ့ပိုင်းနှင့် နောက်ပိုင်းတွင် ပါကင်ထိုးသည့် အခါ အထောက်အကူ ပြုနိုင်သည့် အာရုံခံ ကိရိယာ စသည်တို့ တပ်ဆင်အသုံးပြုထားပါသည်။

၂၀၁၆ မိုဒယ် Toyota Vios ၏ စျေနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၉၀၀၀ ၀န်းကျင်ဖြစ်ပြီး ၀န်ဆောင်မှုများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပြီး အရစ်ကျငွေပေးချေမှု စနစ်ဖြင့်လည်း ၀ယ်ယူရရှိနိုင်ပါသည်။

 

Read 3731 times