Toyota Venza တွင် ဖြစ်ပေါ်လေ့ရှိသော ပြဿနာ ခုနစ်ချက်


Toyota Venza ၂၀၀၉ မိုဒယ်သည် စတီယာရင်ပြဿနာနှင့် ကွန်ပလိန်းအများဆုံးဖြစ်ကြောင်း carcomplaint.com မှ ပြောကြားခဲ့ပါသည်။

မိုင် ၆၅၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါတွင် စတီယာရင်ကို လှည့်သည့်အခါ အသံမြည်တက်ခြင်းမျိုး အဖြစ်များပါသည်။

ထိုသို့ဖြစ်ပေါ်လာပါက steering column ကို အသစ်လဲလှယ်ရပါမည်။

(၁) အသံနှင့်အချက်ပြသတိပေးစနစ်

၂၀၀၉ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိ မိုင် ၅၅၀၀၀ ကျော်မောင်းနှင်ပြီးသည့် Venza ကားများတွင် အသံနှင့်အချက်ပြသတိပေးသောစနစ် (alarm system) သည် မည်သည့်အကြောင်းပြချက်မှမရှိဘဲ

အသံမြည်နေတက်သကဲသို့ အမှန်တကယ် ချို့ယွင်းချက်ရှိနေသည့်အခါတွင်လည်း အသံနှင့်အချက်ပြသည့်စနစ်က အလုပ်မလုပ်တော့ခြင်းဖြစ်ပါသည်။

(၂) အင်ဂျင်ဝိုင်ယိုစိမ့်ခြင်း

၂၀၀၉ မိုဒယ်မှ ၂၀၁၅ မိုဒယ်အထိ အင်ဂျင်ဝိုင်ယိုစိမ့်သည့်ပြဿနာ အဖြစ်များပါသည်။

3.5L V6 အင်ဂျင်များတွင် အဖြစ်များပြီး VVT- i ဆီလမ်းကြောင်းများက ယိုစိမ့်ခြင်းဖြစ်ပါသည်။

ထိုကြောင့် အင်ဂျင်အောက်ခြေနှင့် အဖုံးများတွင် အင်ဂျင်ဝိုင်များနှင့် ညစ်ပေနေတက်ပြီး အင်ဂျင်ဝိုင်ဖိအားကျဆင်းလာခြင်းသည်ကို အချက်ပြသတိပေးတက်လာပါမည်။

ယိုစိမ့်သည့်လမ်းကြောင်းများကို ရှာဖွေပြီး အသစ်လဲလှယ်ရမည်ဖြစ်သကဲ့သို့ အင်ဂျင်အတွင်း ပြန်လည်သန့်ရှင်းရမည်ဖြစ်ပါသည်။

(၃) ဒက်ချ်ဘုတ်မှ အက်သံမြည်ခြင်း

၂၀၀၉ မိုဒယ်ကို မိုင် ၃၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ ဒက်ချ်ဘုတ်က အသံမြည်လာတက်ပါသည်။

ဒက်ချ်ဘုတ်သည် ပုံမှန်အနေအထားမဟုတ်တော့ဘဲ ကျုံ့ခြင်း၊ ကြွလာခြင်းများ ဖြစ်သည့်အတွက် အက်သံမြည်လာခြင်း ဖြစ်ပြီး အနေအထားမှန်အောင် ပြန်လည်တပ်ဆင်သင့်ပါသည်။

(၄) MP3 Player အလုပ်မလုပ်ခြင်း

၂၀၀၉ မိုဒယ်ကို မိုင် ၄၄၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ ဖျော်ဖြေရေးကိရိယာများ ချို့ယွင်းလာတက်ခြင်းဖြစ်ပါသည်။

MP3 Player အလုပ်မလုပ်တော့သကဲ့သို့ ipod နှင့်လည်း ချိတ်ဆက်အသုံးပြု၍ မရတော့ချေ။

(၅) ထိုင်ခုံပြဿနာ

၂၀၀၉ မိုဒယ်ကို မိုင် ၈၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ ထိုင်ခုံများက သက်တောင့်သက်သာ မရှိတော့ခြင်းဖြစ်ပါသည်။

ရှေ့ခန်းယာဉ်မောင်းသူထိုင်ခုံနှင့် ဘေးခုံသည် ပါဝါထိုင်များဖြစ်၍ အလိုအလျောက်စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်ပြီး ချို့ယွင်းသွားသည့်အခါ ထိုင်ခုံအနေအထားကို ချိန်ညှိ၍ မရတော့ခြင်းဖြစ်ပါသည်။

ထိုင်ခုံအတွင်းက ဝါယာရင်းစနစ်များ ပြတ်တောက်နေခြင်းဖြစ်သောကြောင့် ပြန်လည်စစ်ဆေးပြုပြင်ရပါမည်။

(၆) အင်ဂျင်ခေါက်သံမြည်လာခြင်း

၂၀၀၉ မိုဒယ်ကို မိုင် ၅၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ အင်ဂျင်က ခေါက်သံမြည်လာတက်ပါသည်။

အင်ဂျင်ကို စက်စတင်နှိုးသည်နှင့် တုန်ခါနေတက်သကဲ့သို့ မီးပွိုင့်တွင် ရပ်တန့်ထားပြီး အင်ဂျင်ကို စတင်အရှိန်မြှင့်တင်လည်ပတ်စေသောအခါ စက္ကန့် ၂၀ အတွင်း အင်ဂျင်သည် ကြမ်းကြမ်းတမ်းတမ်း လည်ပတ်ပြီး ခေါက်သံမြည်လာခြင်းဖြစ်ပါသည်။

မကြာမီအချိန်တွင် အသံငြိမ်သွားပြီး ပုံမှန်အလုပ်လုပ်သော်လည်း နောက်တစ်ခါ ရပ်တန့်ပြီး အင်ဂျင်ကို ပြန်လည်စတင်လည်ပတ်စေသည့်အခါခေါက်သံမြည်ပါသည်။

ခေါက်သံ (knock) သည် မီးတိုင်ပင်စောခြင်း (early timing) နှင့် မီးပေးစောခြင်း (preignition) များကြောင့် ဖြစ်တတ်ပါသည်။

မီးတိုင်ပင်စောခြင်းသည် မီးပွားစောခြင်း၊ အသုံးပြုသည့်လောင်စားညံ့ပြီး အောက်တိန်းနံပါတ်နိမ့်ခြင်း၊ ဖိအားအချိုးမြင့်လွန်ခြင်းများကြောင့် ဖြစ်တတ်ပါသည်။

နောက်တစ်ချက်မှာ အင်ဂျင်စက်ဖွင့်ပြီး ပြင်ဆင်ရာတွင် ဝပ်ရှော့ဆရာ၏ ညံ့ဖျင်းမှုကြောင့် အင်ဂျင်ခေါင်း၊ ဂက်စ်ကတ်နှင့် ပစ်စတင်များ အနေအထားလွဲမှားပြီး အင်ဂျင်ပေါက်ကွဲခန်း ဧရိယာကျဉ်းသွားပြီး

မီးတိုင်ပင်စောခြင်းကို ဖြစ်စေပါသည်။

(၇) Alternator အလုပ်မလုပ်ခြင်း

၂၀၀၉ မိုဒယ်ကို မိုင် ၁၂၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ Alternator က အလုပ်မလုပ်တော့ခြင်းဖြစ်ပါသည်။

Alternator သည် အင်ဂျင်လည်ပတ်သည့်အခါ ကားဘက်ထရီကို ပြန်လည်အားဖြည့်သွင်းပေးရန် လုပ်ဆောင်ပါသည်။

ဘက်ထရီအားဖြည့်မပေးသည့်အတွက် အင်ဂျင်စတင်လည်ပတ်ရန်နှင့် အခြားလျှပ်စစ်ပိုင်းဆိုင်ရာများတွင် ပြဿနာဖြစ်ပါသည်။

Alternator ချို့ယွင်းရခြင်းမှာ ရေဝင်၍ ပျက်စီးတက်သကဲ့သို့ ဝါယာရှော့ခ်ကြောင့်လည်း ပျက်စီးတက်သဖြင့် Alternator အသစ်လဲလှယ်ရပါမည်။

 

Read 938 times