Toyota Vanguard ကို ၂၀၁၇ မိုဒယ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး Toyota RAV4 ကိုဒီဇိုင်းပုံစံပြောင်းထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ထိုကားနှစ်စီး၏ အပြင်အပိုင်းမှာ တော်တော်လေးဆင်တူသော်လည်း ရှလ်၊ ဘမ်ပါ၊ ဘောနတ် နှင့် ရှေ့မီးများ ပြောင်းလဲသွားပါသည်။
အတွင်းခန်းဖွဲ့စည်းပုံအပိုင်းမှာ Vanguard တွင် Luxury ဆန်သည်ကိုတွေ့ရမည်ဖြစ်သည်။
Vanguard မှာ Middle SUV ဖြစ်ပြီး RAV4 ၏ တတိယမျိုးဆက်ဟုလည်းဆိုနိုင်ပါသည်။
Toyota Vanguard ကိုအင်ဂျင်ပါဝါ ၂၄၀၀ စီစီ၊ ၃၄၀၀ စီစီနှစ်မျိုးထုတ်ထားပြီး ၂၀၀၇ မိုဒယ်မှာ 4WD တစ်မျိုးတည်းကိုသာထုတ်လုပ်ထားပါသည်။
၂၀၀၈ မိုဒယ်ကစ၍ 2WD၊ 4WD နှစ်မျိုးထုတ်လုပ်ထားပြီး 2WD မှာ ၂၄၀၀ စီစီမှာသာရှိပါသည်။
Vanguard ကိုတင်သွင်းပါက ၂၄၀၀စီစီကိုရွေးချယ်သင့်ပြီး 2WD၊ 4WD ကိုချက်ဆီအနေဖြင့် ခွဲခြားမည်ဆိုပါက 2WD မှာACA38W၊ 4WD မှာ ACA33Wဖြစ်ပါသည်။
Toyota Vanguard ကိုဂရိတ်အနေဖြင့် ခွဲပါက၂၀၀၈ မိုဒယ်မှာ S နှင့် G Rackage နှစ်မျိုးသာရှိပါသည်။
G မှာ ဂရိတ်ပိုမြင့်သွားသည့်အတွက် ရှေ့ထိုင်ခုံတွင် မိုတာပါသွားပြီး ထိုင်ခုံအသားမှာလည်း leather အကွပ်နဲ့ဖြစ်သွားပါသည်။
Original TV ဖြစ်ပါက Steering Control ပါဝင်မည်ဖြစ်ပြီး နောက်ကင်မရာအပြင် ဘေးကင်မရာလည်း ပါဝင်လာမည်ဖြစ်သည်။
Vanguard မှာအင်ဂျင်ပါဝါနှစ်မျိုးရှိသကဲ့သို့ ငါးယောက်စီးနှင့် ခုနှစ်ယောက်စီးဟူ၍ ထိုင်ခုံ နှစ်တန်းနှင့် သုံးတန်းခွဲထားပါသည်။
ခုံသုံးတန်းပါမပါမှာ အင်ဂျင်ပါဝါနှင့် ဂရိတ်ပေါ်မမူတည်ပဲ တစ်စီးချင်းအပေါ်လိုက်ပြီး ကွဲပြားသွားသည်ကိုတွေ့ရသည်။
Vanguard သည် Luxury ကားဖြစ်သည့်အတွက် မည်သည့်ဂရိတ်မဆို Push-Start ၊ Digital Aircon ၊ Cruise Control ၊Xenon Headlights နှင့် Spoiler တို့ပါဝင်ပါသည်။
Toyota Vanguard 2008 မိုဒယ်ကိုတင်သွင်းပါက 2WD၊ 4WD နှင့် ထိုင်ခုံနှစ်တန်း၊ သုံးတန်းပေါ်မူတည်၍ ကျပ်သိန်း ၄၅၀ နှင့် ၅၂၀ ကြားရှိနိုင်ကြောင်းသိရသည်။