ကွမ်ကျိုးကားပြပွဲကြီးတွင် တိုယိုတာက အီးဗီမော်ဒယ်အသစ်များ ပြသ


ကွမ်ကျိုးကားပြပွဲကြီးတွင် တိုယိုတာက အီးဗီမော်ဒယ်အသစ်များ ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်ပြည်မှာ ကျင်းပသည့် 2023 Guangzhou Auto Show တံင် တိုယိုတာက အီးဗီ မော်ဒယ် အသစ် ၂ မျိုးကို ပြသခဲ့သည်။
ကိုယ်ထည်အမျိုးအစားတမျိုးမှာ ဆီဒင်ဖြစ်ပြီး ကျန်တမျိုးမှာ SUV ဖြစ်ပါသည်။

တရုတ်ကားဈေးကွက်သည် အီးဗီသို့ ကူးပြောင်းမှု မြန်ဆန်နေပြီး တိုယိုတာက နောက်ကျကျန်ရစ်သည်။ တရုတ်ဈေးကွက်အတွက် မော်ဒယ်အသစ် နှစ်မျိုးသုံးမျိုးမျှသာ ထုတ်လုပ်သည်။ တက်တက်ကြွကြွ မရှိလှချေ။

ယခု ကွမ်ကျိုးကားပြပွဲကြီးတွင် ပြသသည့် မော်ဒယ် ၂ မျိုးကို လာမည့် ၂ နှစ်အတွင်း ထုတ်လုက်မည်။ တရုတ်နိုင်ငံတွင် GAC-Toyota ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်မည် ဖြစ်သည်။

တရုတ်ဈေးကွက်အတွက် သီးသန့် ရည်ရွယ်ထားသဖြင့် မော်ဒယ်အမည်ကို တရုတ်ဘာသာစကားဖြင့်သာ လောလောဆယ်တွင် အမည်ပေးထားသည်။
ဘာသာပြန်အမည်မှာ ဆီဒင်အီးဗီအတွက် သက်တောင့်သက်သာ နေရာ Comfortable Space နှင့် SUV အတွက် ပျော်ရွှင်ဖွယ် နေရာEnjoyable Space တို့ ဖြစ်ပါသည်။

SUV ကို လာမည့်နှစ်တွင် စတင်ထုတ်လုပ်မည်။

ထို့နောက် ၂၀၂၅ တွင် ဆီဒင်ကို ထုတ်လုပ်မည်။

 

ဆီဒင် အလျား ၅ မီတာခန့်ရှိပြီး ခါးအလျား ၃ မီတာခန့် ရှိသည်။ ၂၁"ဘီးခွေ သုံးထားသည်။

 

SUV အလျား ၄.၈ မီတာ၊ ခါးအလျား ၂.၉ မီတာ ရှိသည်။ 
မော်တာတလုံး ဗားရှင်းနှင့် မော်တာ ၂ လုံး ဗားရှင်း ဗားရှင်း ၂ မျိုး ထုတ်လုပ်မည်။
ရောင်းဈေးနှုန်း ယွမ် ၂၅၀,၀၀၀ ဝန်းကျင် ဖြစ်ပါသည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1647 times