စင်ကာပူ ၂၀၂၃ ကားအသစ် အရောင်းရဆုံးစာရင်း တိုယိုတာ ၇ စီး အသာဖြင့် သရဖူ ပြန်လည် ရရှိ


စင်ကာပူ ၂၀၂၃ ကားအသစ် အရောင်းရဆုံးစာရင်း တိုယိုတာ ၇ စီး အသာဖြင့် သရဖူ ပြန်လည် ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

စင်ကာပူ ၂၀၂၃ ခုနှစ် ကားအသစ် အရောင်းရဆုံးစာရင်း ပထမနေရာ တိုယိုတာ ပြန်လည်ရရှိစေခဲ့သည့် မော်ဒယ်‌ရောင်းအားများတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ စတင်ရောင်းချခဲ့သည့် Corolla Cross ရောင်းအားလည်း ပါဝင်သည်။ 

တိုယိုတာ၏ အရောင်းရဆုံး မော်ဒယ်များသည် Corolla Cross အပါအဝင် ဓာတ်ဆီ+လျှပ်စစ် ဟိုက်ဘရစ် မော်ဒယ်များ ဖြစ်ပါသည်။

 

စင်ကာပူတွင် ၂၀၂၃ ခုနှစ်အတွင်း ကနဦးမှတ်ပုံတင်သည့် ကားအသစ်များတွင် တိုယိုတာ၏ ကားများ အများဆုံးဖြစ်ခဲ့သည်။ 

တိုယိုတာသည် မားစီးဒီးဘင့်ဇ်ထက် ၇ စီးမျှသာ ပိုများခဲ့ပြီး ပထမနေရာကို ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။ 

 

၂၀၂၃ ခုနှစ်တွင် တိုယိုတာအတွက် တရားဝင်အေးဂျင့်ဖြစ်သော Borneo Motors သည် ကားစီးရေ ၃,၈၅၇ စီး မှတ်ပုံတင်ခဲ့သည်။ ၎င်းစာရင်းတွင် တိုယိုတာ၏ တန်းမြင့် စည်းစိမ်ကားအမှတ်တံဆိပ် Lexus လည်း ပါဝင်သည်။ 

 

Mercedes အတွက် တရားဝင်အေးဂျင့် ဖြစ်သည့် Cycle & Carriage သည် အစီးရေ ၃,၈၅၀  မှတ်ပုံတင်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် Mercedes-Benz သည် စင်ကာပူတွင် ရောင်းအားအကောင်းဆုံး ကားအမှတ်တံဆိပ်ဖြစ်ခဲ့သည်။ တိုယိုတာနှင့် BMW တို့ကို နှစ်အတန်ကြာခဲ့ပြီးနောက် ကျော်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

 

တတိယနေရာ ရသည့် BMW သည် ၃,၃၇၉ စီး မှတ်ပုံတင်ခဲ့သည်။

 

ဈေးကွက်ဝေစုကို ကြည့်လျှင် တိုယိုတာ၊ မားစီးဒီး၊ BMW တို့ ဈေးကွက်ဝေစု လျော့နည်းခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွက် အရောင်းရဆုံး ကားအမှတ်တံဆိပ်များ ထိပ်တန်း(၁၀) စာရင်းသည် ၂၀၂၂ ခုနှစ် စာရင်းနှင့် အတူတူနီးပါး ဖြစ်ပါသည်။ ခြွင်းချက်မှာ ၂၀၂၃ ခုနှစ် စာရင်းတွင် Audi ပါမလာတော့ခြင်း ဖြစ်ပါသည်။

 

စာရင်းတွင် တရုတ်ကားအမှတ်တံဆိပ် တခုသာ ပါဝင်သည့် BYD သည် စတုတ္ထနေရာကို အီးဗီဖြင့် ရယူနိုင်ခဲ့သည်။ အီးဗီ မော်ဒယ် ၃ ခု ရောင်းချခဲ့သည်။ 

BYD သည် ထိပ်တန်း(၁၀) စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။

 

၂၀၂၃ ခုနှစ်တွင် ကားအသစ် ၃၀,၂၂၅ စီး မှတ်ပုံတင်ခဲ့ပြီး လျှပ်စစ်ကား ၅,၄၆၇ စီး ပါဝင်သည်။ ရာခိုင်နှုန်းအားဖြင့် ၁၈.၁% ပါဝင်သည်။ ၂၀၂၂ ခုနှစ်တွင် ၁၁.၇% ပါဝင်ခဲ့သည်။

အီးဗီများတွင် BYD သည် ၁,၄၁၆ စီးဖြင့် အပြတ်အသတ် အသာရပြီး ဦးဆောင်သည်။

တက်စလာ ၉၄၁ စီး၊ BMW ၇၈၉ စီး၊ မားစီးဒီး ၅၃၇ စီး မှတ်ပုံတင်ခဲ့သည်။ 

တက်စလာသည် ထိပ်တန်း(၁၀) စာရင်းတွင် ဆက်လက်ပါဝင်သော်လည်း ၂၀၂၂ ခုနှစ်တွင် ဆဌမ နေရာ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နဝမ နေရာသို့ လျှောကျခဲ့ပါသည်။

Source straitstimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1162 times