Toyota ရောင်းအားအများဆုံး စတုတ္ထမြောက်နှစ်အဖြစ် သရဖူဆောင်း 


Toyota ရောင်းအားအများဆုံး စတုတ္ထမြောက်နှစ်အဖြစ် သရဖူဆောင်း 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တိုယိုတာသည် ၂၀၂၃ ဇန်နဝါရီမှ ဇွန်လအထိ ပထမနှစ်ဝက်တွင် ရောင်းအားအများဆုံး ဖြစ်ခဲ့ပြီး လေးနှစ်ဆက်တိုက် သရဖူ ဆောင်းထားနိုင်ခဲ့သည်။

တိုယိုတာသည် ဇွန်လတွင် ကုန်ဆုံးခဲ့သော ခြောက်လတာကာလအတွင်း တစ်ကမ္ဘာလုံးတွင် ကားအစီးရေ ၅.၄၂ သန်း ရောင်းချခဲ့ရပြီး ယင်းအထဲတွင် တိုယိုတာ လက်အောက်ခံ အသေးစားယာဉ်ထုတ်လုပ်သူ Daihatsu နှင့် ထရပ်ကားထုတ်လုပ်သူ Hino တို့မှ  ရောင်းချသည့် ကားများလည်း ပါဝင်သည်။

Volkswagen သည် အလားတူကာလတွင် ကားအစီးရေ ၄.၃၇ သန်း ရောင်းချခဲ့သည်။

Toyota လုပ်ငန်းစုသည် ၎င်း ၆ လတာတွင် အစီးရေ ၅.၆၃ သန်း ထုတ်လုပ်ခဲ့သည်။ ဂျပန်နိုင်ငံပြင်ပတွင် အစီးရေ ၃.၅၃ သန်း ထုတ်လုပ်ခံ့သည်။

ဂျပန်ပြည်တွင်းမှာ အစီးရေ ၁.၂၁ သန်း ရောင်းချခဲ့သည်။ 
ပြည်ပတွင် အစီးရေ ၄.၂၁ သန်း ရောင်းချခဲ့သည်။ ဥရောပတွင် ရောင်းအားမြင့်တက်ခဲ့ပြီး တရုတ်တွင် ရောင်းအား ကျဆင်းခဲ့သည်။ 

Source japantimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 348 times