Toyota မှ All New Corolla Cross ကား မြန်မာနိုင်ငံတွင် စတင်ရောင်းချမည်


ကမ္ဘာပေါ်တွင် ရောင်းအကောင်းဆုံး All New Corolla Cross ကားသည် ၀ယ်ယူသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နှစ်ပေါင်းများစွာကတည်းက ထီထွင်ခဲ့သောကားတစ်စီးဖြစ်ပြီး ဈေးကွက်များတွင် တဖြည်းဖြည်းရေပန်းစားလာပါတယ်။

All New Corolla Cross ကားဟာ Corolla Sedan ကို အခြေခံထားသောကြောင့် ၎င်းရဲ့ အရည်အသွေး၊ တာရှည်အကြမ်းခံနိုင်မှု နှင့် ယုံကြည်စိတ်ချမှုတို့ကို သေချာစွာအာမခံနိုင်ပါတယ်။ အဲ့ဒီအပြင် ဈေးနှုန်းအတင့်တင့်ရှိမှု၊ မာကြောမှုတို့နှင့်အတူ ပြန်ရောင်းလျှင် ဈေးကောင်းရနိုင်ပါလိမ့်မယ်။

 

ကြော့မော့ပြီး လျင်မြန်သွက်လက်ကာ ကြံ့ခိုင်သောအပြင်ပန်း နှင့် အတူ ကျယ်၀န်ခြင်း၊ အထူးသက်တောင့်တက်သာရှိခြင်း၊ မှတ်ချက်ပေးရလောက်အောင်တိတ်ဆိတ်ငြိမ်သက်သော အတွင်းခန်း စတဲ့ ကောင်းချက် ခံစားမှုမျိုးကို ပေးစွမ်းနိုင်ရန် အတွက် ဖန်တီးထားပါတယ်။

 

၀ယ်ယူသူတိုင် စိတ်ကျေနပ်မှု၊ မိမိလိုချင်သော LifeStyle နှင့်ကိုက်ညီမှု ၊ ကျင်း၀န်းသောတံခါးများပြုလုပ်ထားသောကြောင့် အ၀င်အထွက်လွယ်ကူ စေရုံမက အနောက်ဖုံးတခါးအတွက် အာရုံခံစနစ်( power back door with activated kick sensor) စတာတွေကိုလည်း ဖန်တီးပေးထားတယ်။ နာမည်တွင်ကျယ်သော Toyota ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗိသုကာပညာအသစ် ( Toyota new global architecture) ဖြင့် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

 

စိတ်ချမ်းသာမှု ရနိုင်ရန်ခရီးစဉ်တိုင်းအတွက် ကမ္ဘာ့အဆင့်မီ Toyota safety sense ဖြင့် ယာဉ်မတိုက်အောင်ကြိုတင်ထိန်းပေးသော "Pre Collision System "၊ ရှေ့မီးကို အလိုအလျောက်ချိန်ညှိပေးသောစနစ်( Automatic High Beam)၊ ယာဉ်လမ်းကြောသွေဖယ်သွားလျှင် အချက်ပေးသည့် " Lane Departure Alert " နှင့်ရေဒါစနစ်ဖြင့် ထိန်းပေးသော ကားရှိန်နှုန်းထိန်းကရိယာ " Dynamic Radar Cruise Control ") တို့ကို တပ်ဆင်ထားပါတယ်။

 

All new Corolla Cross ကို ၁.၈ လီတာ ဓတ်ဆီအင်ဂျင် ဖြင့်ရရှိနိုင်ပြီး အလွန်ဆီစားသက်သာ၍ အရှိန်မြှင့်တင်ရာတွင်လည်း အလွန်မြန်ဆန်ပါတယ်။ 

 

အင်ဂျင်ပါဝါ 103Kw ရှိပြီး လှည့်အား(Torque) 172Nm ရှိပါတယ်။ ဂီယာစနစ်က Continuous Variable Transmission (CVT ဂီယာ) ဖြစ်ပါတယ်။

 

"New Journey for new leaders" (ခေါင်းဆောင်သစ်များအတွက်ခရီးသစ်) ဆောင်ပုဒ် အောက်မှာ All new Corolla Cross ဟာ ယာဉ်ပိုင်ရှင်များကို ကမ္ဘာ့အဆင့်မီသော ခံစားမှုမျိုးဖြစ်ပေါ်လာစေရန် နည်းပညာနှင့် လုပ်ဆောင်ချက်များစွာကို ပြည့်စုံစွာ ဖြည့်ထားပြီး လိုရာခရီးကို သွားရောက်နိုင်ရန်အတွက် ရည်ရွယ်ထားပါတယ်။

 

All new Corolla Cross ကို အမေရိကန် ဒေါ်လာ ၃၄,၃၀၀ ဖြင့် ဈေဖွင့်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

 

ရွေးချယ်စရာ အရောင် ၇ မျိုးနှင့် အတွင်းထိုင်ခုံ ၂မျိူး စီစဉ်ပေးထားပါတယ်။ 

 

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၀ ပြည့်နှစ်မှစ၍ ကြိုတင်မှာယူ နိုင်ပါတယ်။


ရန်ကုန်

Toyota Aye and Sons

ဖုန်: (၀၁) ၄၀၀ ၉၅၀၊ (၀၁) ၅၀၂ ၂၀၆

 

Toyota Mingalar

ဖုန်: (၀၁) ၅၁၄ ၉၄၀၊ (၀၁) ၅၁၄ ၉၄၁

 

Toyota Taw Win

Hotline: ၀၉ ၇၇၀ ၅၅ ၂၀၀၀

 

မန္တလေး

Toyota GW Lion

ဖုန်: ၀၉ ၉၆၉ ၇၀၀ ၀၀၁၊ ၀၉ ၇၆၃ ၇၀၀ ၀၀၁

 

လားရှိုး

Toyota GW Lion

ဖုန်: ၉၅-၉-၈ ၉၉၉ ၄၄၄ ၁၉၊ ၉၅-၉-၈ ၉၉၉ ၄၄၄ ၂၉

Read 22834 times