ရှန်ဟိုင်းကိုဗစ်‌လော့ဒေါင်းကြောင့် ဂျပန်မှ Toyota စက်ရုံ ၁၂ ရုံကို ရပ်ဆိုင်း


ရှန်ဟိုင်းကိုဗစ်‌လော့ဒေါင်းကြောင့် ဂျပန်မှ Toyota စက်ရုံ ၁၂ ရုံကို ရပ်ဆိုင်း

 


Toyota Motor Corp. က ဂျပန်မှာ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံတွေကို ယာယီရပ်ဆိုင်းထားဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို လော့ဒေါင်းဆက်တိုက်ချထားတာ ၆ ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဂျပန်မှ Toyota စက်ရုံတွေကို ပေးသွင်းရမယ့် အစိတ်အပိုင်းများ ထုတ်လုပ်ပေးပို့ နိုင်ခြင်း မရှိတာကြောင့် ဂျပန်မှ Toyota စက်ရုံ ၁၂ ရုံကို ရပ်ဆိုင်းဖို့   စီစဉ်နေရတာ ဖြစ်ပါတယ်။
မေလ ၁၀ ရက်မှာ Toyota က မေလအတွက် ကမ္ဘာတစ်လွှား ထုတ်လုပ်မှုစီးရေ စုစုပေါင်းကို စီးရေ ၃၀,၀၀၀ လျှော့ချပြီး စီးရေ ၇၀၀,၀၀၀ ဝန်းကျင် ထုတ်လုပ်ဖို့ ပြင်ဆင်လျာထား‌ေကြာင်း ထုတ်ပြန်ပါတယ်။
တကယ်လို့ တရုတ်ပြည်မှာ လော့ဒေါင်းဆက်ကြာနေတာနှင့်အမျှ ထုတ်လုပ်ရေး ထိခိုက်မှု ပိုမိုဆိုးဝါး‌ေကြာင်း ပြောကြားပါတယ်။ 
ဂျပန်မှာ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံ ၁၄ ခုမှာ ထုတ်လုပ်ရေးလိုင်း စုစုပေါင်း ၂၈ ခု ရှိရာမှာ စက်ရုံ ၉ ခုမှ ထုတ်လုပ်ရေးလိုင်း ၁၀ ခုကို  ထုတ်လုပ်ရေး ၆ ရက် ယာယီရပ်ဆိုင်းမယ်လို့ ဧပြီလက ပြောကြားခဲ့ပါတယ်။ အဓိကအားဖြင့် ချစ်ပ်တွေ မရရှိလို့ ဖြစ်ပါတယ်။
ယခုအခါ ပြန်လည်သုံးသပ်ပြီး စက်ရုံ ၁၂ ခုမှ ထုတ်လုပ်ရေးလိုင်း ၂၀ ခုကို ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၁၆ ရက်မှ ၂၂ ရက်အထိ ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ မေလ ၂၂ ရက် နောက်ပိုင်း ဆက်လက်ရပ်နားထားမထား ဆိုတာကို ယာဉ်အစိတ်အပိုင်းများ ရမရအပေါ် မူတည်ပြီး ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ 
တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ COVID-19 လုံးဝလက်မခံတဲ့ zero-tolerance COVID-19 မူဝါဒကြောင့် ကုမ္ပဏီများ ထိခိုက်ကြပါတယ်။ တီယန်ကျင်းမှာ တည်ရှိတဲ့ တိုယိုတာ စက်ရုံကို ဇန်နဝါရီလမှာ ယာယီရပ်ဆိုင်းထားခဲ့ရပါတယ်။ ချန်ချွမ်မှာ တည်ရှိတဲ့ စက်ရုံကို မပိတ်မနေရ ပိန်ထားခိုင်းလို့  တစ်လခွဲနီးပါး ပိတ်ထားခဲ့ရပါတယ်။
Suzuki Motor Corp. အနေဖြင့်လည်း ပစ္စည်းမရတဲ့ ပြဿနာ ရင်ဆိုင်နေရပြီး ရှီဇူကာ စီရင်စုမှာ တည်ရှိတဲ့ Iwata စက်ရုံကို မေလ ၉ နှင့် ၁၀ ရက်များမှာ ရပ်ဆိုင်းထားခဲ့ရပါတယ်။
Mazda Motor Corp. ကလည်း အလားတူ ရုန်းကန်နေရပြီး ဟီရိုရှီးမား စီရင်စုရှိ ရုံးချုပ်စက်ရုံနှင့် ယာမာဂူချီ စီရင်စုရှိ Hofu စက်ရုံကို မေလ ၉ ရက်မှ ၁၁ အထိ ၃ ရက်ပိတ်ပါတယ်။Mazda ရဲ့ မက္ကဆီကိုနိုင်ငံရှိ ကားစက်ရုံကိုလည်း မေလထဲမှာ ၆ ရက်ပိတ်ဖို့ အစီအစဉ် ရှိပါတယ်။


ASAHI SHIMBUN

Read 630 times