Toyota Suzuki Daihatsu အတူပူးပေါင်းပြီး လျှပ်စစ် မီနီဗင်များ ထုတ်လုပ်မည်


Toyota Suzuki Daihatsu အတူပူးပေါင်းပြီး လျှပ်စစ် မီနီဗင်များ ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toyota သည် Suzuki နှင့်အတူပူးပေါင်းပြီး လျှပ်စစ် မီနီဗင် မော်ဒယ်အသစ်များ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည်။
၎င်းကုမ္ပဏီနှစ်ခုသည် Daihatsu Motor နှင့်အတူ ပူးပေါင်းပြီး ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ်စနစ်ကို ဖန်တီးနေကြသည်။
battery electric vehicle (BEV) ဘက်ထရီသုံး လျှပ်စစ် မော်တော်ယာဉ် အမျိုးအစား လျှပ်စစ်မီနီဗင် မျိုးဆက်သစ် ထုတ်လုပ်ရန် ပလက်ဖောင်းကို ဖွံ့ဖြိုးထုတ်လုပ်ထားပြီးပြီ ဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် ယင်းပလက်ဖောင်းဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်မည် ဖြစ်သည်။
.
Toyota, Suzuki, နှင့် Daihatsu Motor တို့သည် တစ်ခုတည်းသော BEV ပလက်ဖောင်းကို အသုံးပြုပြီး မီနီဗင်မော်ဒယ်များ ထုတ်လုပ်ကြမည်။
 မီနီဗင်မော်ဒယ် ရှေ့ပြေးပုံစံများကို ဂျပန် မော်တော်ယဉ် လုပ်ငန်းရှင်များ အသင်း Japan Automobile Manufacturers Association က ပြပွဲ စီစဉ်ပေးပြီး ပြသသည်။

 

 

 Suzuki နှင့် Daihatsu တို့သည် ကားအသေးစားများ ထုတ်လုပ်မှုကို ကျွမ်းကျင်နိုင်နင်းကြသည်။ Toyota က လျှပ်စစ်ပိုင်းဆိုင်ရာ နည်းပညာကို ပံ့ပိုးသည်။
ပထမဆုံး လျှပ်စစ်မီနီဗင် မော်ဒယ်ကို Daihatsu က အရင်ဆုံး ထုတ်လုပ်မည်။ Toyota နှင့် Suzuki တို့က နောက်မှ ထုတ်လုပ်မည်။ ယခုဘဏ္ဍာနှစ် ကုန်ဆုံးမည့် ၂၀၂၄ မတ်လကုန် မတိုင်ခင် ထုတ်လုပ်မည်။
အနည်းဆုံး ခရီးတာ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) သွားနိုင်မည်။ 
ဂျပန်နိုင်ငံတွင် "kei" အမျိုးအစား ကားငယ် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ၄ ဘီးမော်တော်ယာဉ် စီးရေ ၇၈.၈ သန်း သုံးစွဲလျက်ရှိရာ ၄၀% သည် "kei" အမျိုးအစား ကားငယ်များ ဖြစ်သည်။
 .
Toyota သည်  ရင်းနှီးမြုပ်နှံမှုများစွာဖြင့် အီးဗီ စျေးကွက်သို့ တဖြည်းဖြည်းဝင်ရောက်လာနေပြီဖြစ်သည်။ မော်ဒယ်အသစ်များလည်း ထုတ်လုပ်သွားမည် ဖြစ်သည်။ 
၂၀၂၆ တွင် အီးဗီ မော်ဒယ် ၁၀ မျိုး ထုတ်လုပ်မည်။  တစ်နှစ်လျှင် အစီးရေ ၁.၅ သန်းခန့် ရောင်းချရန် ရည်မှန်းထားသည်။
.
 Toyota ၏ ပထမဆုံး အီးဗီ bZ4X သည် မှန်းထားသလောက် ဈေးကွက်အောင်မြင်မှု မရခဲ့ပါ။ ဧပြီလတွင် ဒုတိယ အီးဗီမော်ဒယ် bZ3 ကို တရုတ်ဈေးကွက်တွင် စတင်ရောင်းချခဲ့သည်။
 နောက်ထပ် အီးဗီ မော်ဒယ်များ ထပ်ထွက်လာဦးမည် ဖြစ်သည်။
Source gizmochina
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 272 times