Toyota၊ Suzuki နှင့် Daihatsu တို့ ပူးပေါင်းပြီး 1.0-Liter တာဘို အိမ်စီးပြိုင်ကား ထုတ်လုပ်မည်


Toyota၊ Suzuki နှင့် Daihatsu တို့ ပူးပေါင်းပြီး 1.0-Liter တာဘို အိမ်စီးပြိုင်ကား ထုတ်လုပ်မည်

ယခင်က  GR86 နှင့် BRZ ကိုတည်ဆောက်ရန် Toyota က Subaru နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ BMW နှင့် အတူလက်တွဲပြီး Toyota က Supra နှင့် Z4 တို့ကို ထုတ်လုပ်ခဲ့ပါတယ်။

ပထမဆုံး လျှပ်စစ် SUV မော်ဒယ်များကို Subaru နှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိပါတယ်။

Toyota အနေဖြင့် GR Yaris နှင့်  GR Corolla တို့ကို မိမိဘာသာ ထုတ်လုပ်ခဲ့ပါတယ်။

ယခု အရွယ်ငယ်ငယ် အိမ်စီးပြိုင်ကားကို ကားအသေးစား ထုတ်လုပ်မှုမှာ အထူးကျွမ်းကျင်တဲ့ Suzuki နှင့် Daihatsu တို့နှင့်အတူ လက်တွဲဆောင်ရွက်ပါမယ်။

ကုန်ကျစရိတ် ထိရောက်မှု ရှိတဲ့ ချွေတာရေး အိမ်စီးပြိုင်ကား ဖြစ်စေဖို့အတွက် ယခုလို ပူးပေါင်းလုပ်ဆောင်ရတာ ဖြစ်ပါတယ်။

Toyota ရဲ့ GR Yaris မှာ သုံးတဲ့ GA-B ပလက်ဖောင်း‌ဖြင့် တံခါး ၂ ပေါက် အိမ်စီးပြိုင်ကားငယ်ကို ထုတ်လုပ်ပါမယ်။ 

ကားမှာ တပ်ဆင်မယ့် turbocharged, 3-cylinder 1.0-liter ဓာတ်ဆီအင်ဂျင်ကို Suzuki က ထုတ်လုပ်ပါမယ်။

 Suzuki က Swift Turbo ကို ပေးအပ်ပါမယ်။ ထို့ပြင် Suzuki ရဲ့ အော်တိုဂီယာ ၆ ချက်ကိုလည်း ပေးအပ်ပါမယ်။ 

အရောင်းပြခန်းများထံသို့ ၂၀၂၅ မှာ စတင်ရောက်ရှိဖို့ ရည်မှန်းထားပါတယ်။ 

 #MyanmarAutomobileGuide 

 

Telegram Channel  https://t.me/Guid4U

Source: forbes

Read 488 times