Toyota က SUV  မော်ဒယ်အသစ်ဖြင့်  အိန္ဒိယကားဈေးကွက်ထဲ မောင်းဝင်မည်


Toyota က SUV  မော်ဒယ်အသစ်ဖြင့်  အိန္ဒိယကားဈေးကွက်ထဲ မောင်းဝင်မည်

 

Toyota Motor Corp က ကမ္ဘာ့ကြီထွားနှုန်း အမြန်ဆုံး ကားစျေးကွက်များထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ အိန္ဒိယ ကားဈေးကွက်အတွက် ရည်ရွယ်ပြီး အမြောက်အမြား ပထမဆုံးအကြိမ်အဖြစ် ထုတ်လုပ်ထားတဲ့ ဟိုက်ဘရစ် SUV ကို ဇွန်လကုန်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

Toyota Motor Corp က Suzuki Motor Corp နှင့် ကမ္ဘာ့ဈေးကွက် မဟာမိတ်ပြုထားတာရဲ့ လုပ်ဆောင်ချက်တစ်ရပ်အဖြစ် Urban Cruiser Hyryder SUV ကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

Toyota Motor Corp က အိန္ဒိယကားဈေးကွက်ထဲမှာ တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းနှစ်ခု ဖြစ်တဲ့  Hyundai Motor Co နှင့်  Kia Motor Corp တို့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Toyota က ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကားဈေးကွက်များအတွက် ဟိုက်ဘရစ်လမ်းကြောင်းဖြင့် မောင်းနှင်ဖို့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားတဲ့ လမ်းစဉ်နှင့်အညီ အိန္ဒိယကားဈေးကွက်အတွက် ဟိုင်းဘရစ် SUV ကို ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။

အဲဒီဈေးကွက်တွေကို လက်တွေ့ကျကျ ဆန်းစစ်ရင် ဘက်ထရီလျှပ်စစ်မော်တော်ယာဉ် battery electric vehicle (BEV) တွေအတွက် အားသွင်းဖို့ အခြေခံအဆောက်အအုံ မဖွံ့ဖြိုးသေးဘူးလို့ Toyota က ရှုမြင်ပါတယ်။ လျှပ်စစ်ဓာတ်ရဖို့ ‌ေလထုညစ်ညမ်းတဲ့ ကျောက်မီးသွေး သို့မဟုတ် ဒီဇယ်ကို သုံးစွဲတဲ့ ဓာတ်အားစက်ရုံများဖြင့် ဓာတ်အား ထုတ်လုပ်နေကြရပါတယ်။ ဘက်ထရီလျှပ်စစ်မော်တော်ယာဉ်တွေ လေထုမညစ်ညမ်းပေမဲ့ အားသွင်းနေသရွေ့ဓာတ်အားပေးနိုင်ဖို့ ဓာတ်အားစက်ရုံတွေက လေထုညစ်ညမ်းနေစေမှာ အမှန်ပင် ဖြစ်ပါတယ်။ 

ပတ်ဝန်းကျင် ထိနိးသိမ်းကာကွယ်ရေးသမားတွေက Toyota ကို လျှပ်စစ်ကားသို့ ကူးပြောင်းတာ နှေးတယ်လို့ ပြစ်တင်ဝေဖန်နေပေမဲ့ Toyota က လက်‌ေတွ့ကျတဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်ကျင့်သုံးပါတယ်။ ဒေသခံတို့ရဲ့ လက်တွေ့အ‌ခြေအနေအရ အဆင်ပြေရာကို ရွေးချယ်လို့ ရနေဖို့ လိုအပ်တယ်လို့ Toyota က အခိုင်အမာ ပြောကြားပါတယ်။ 

 

 

အိန္ဒိယအစိုးရက မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများကို အပြည့်အဝလျှပ်စစ်ကားစစ်စစ်တွေ ထုတ်ဖို့ ဆော်ဩနေပေမဲ့ အိန္ဒိယပြည်တွင်းမှာ လျှပ်စစ်ကားစစ်စစ်ကို ထုတ်လုပ်တာဆိုလို့ Tata Motors တစ်ခုတည်းသာ ရှိပါတယ်။

အန္ဒိယကားဈေးကွက်မှာ အကြီးမားဆုံး အော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Maruti Suzuki က အပြည့်အဝ လျှပ်စစ်ကားများကို ၂၀၂၅ ခုနှစ် မတိုင်ခင်မှာ ထုတ်လုပ်ဖို့ အစီအစဉ် မရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

အန္ဒိယကားဈေးကွက်မှာ Toyota က ဟိုက်ဘရစ် ပရီမီယံ မော်ဒယ် အပိုင်းအကန့်  စတင်ဝင်ရောက်ပါတယ်။ ယခင်က ဓာတ်ဆီကားနှင့် ဒီဇယ်ကား မော်ဒယ်များကိုသာ ရောင်းချခဲ့ပါတယ်။ 

SUV အသစ်မှာ ၉၀% က အိန္ဒိယမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ယခုလို ပြည်တွင်းဖြစ်ကို သုံးစွဲတဲ့အတွက် ထုတ်လုပ်မှု စရိတ် သက်သာစေတာကြောင့် ရောင်းဈေးကို လျော့ကျစေမှာ ဖြစ်ပါတယ်။

အိန္ဒိယကားဈေးကွက်မှာ ကားရောင်းဈေးနှုန်းက အခရာကျပါတယ်။ Toyota အတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ပါတယ်။ 

အိန္ဒိယ အစိုးရက အပြည့်အဝလျှပ်စစ်ကားအပေါ် အခွန် ၅% စည်းကြပ်ပြီး ဟိုက်ဘရစ်ကားအပေါ် ၂၈~၄၃% စည်းကြပ်ပါတယ်။

 SUV ကို အန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်ရှိ Toyota စက်ရုံမှာ ထုတ်လုပ်မှာ ဖြစ်ပြှး အန္ဒိယပြည်တွင်းဈေးကွက်မှာ ရောင်းချတာအပြင် အာဖရိက အပါအဝင် ပြည်ပဈေးကွက်များသို့လည်း တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

Suzuki ကလည်း Toyota ထံမှ SUV ရယူပြီး ကိုယ်ပိုင်အမှတ်တံဆိပ်တပ်ပြီး ရောင်းချမှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide


 Telegram Channel

https://t.me/Guid4U

Read 4703 times