Toyota ရဲ့ ပထမဆုံး အပြည့်အဝလျှပ်စစ် SUV bZ4X ထိုင်းမှာ ရောင်းချမည်


Toyota ရဲ့ ပထမဆုံး အပြည့်အဝလျှပ်စစ် SUV bZ4X ထိုင်းမှာ ရောင်းချမည်

 

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံးကားပြပွဲ Bangkok International Motor Show (BIMS) မှာ Toyota ရဲ့ ပထမဆုံး လျှပ်စစ် SUV ဖြစ်တဲ့   bZ4X  ပြသထားပြီး ယခုနှစ် စတုတ္ထ၃လပတ်မှာ ထိုင်းပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။


Toyota ရဲ့ ပထမဆုံး လျှပ်စစ် SUV က ဘက်ထရီပါဝါသုံး လျှပ်စစ် မော်တော်ယာဉ် battery electric vehicle (BEV) အမျိုးအစား ဖြစ်ပြီး မော်ဒယ်က  bZ4X  ဖြစ်ပါတယ်။ ယခုနှစ်အတွင်း လမ်းတွေပေါ်ကို ရောက်လာတော့မယ်။ ယူကေမှာ ပေါင် ၄၁,၉၅၀ (USD 55,300 ကျော်) ဖြင့် ဈေးဖွင့်ထားတယ်။ 

 

 

ကမ္ဘာ့ဈေးကွက်ထဲမှာ ရှေ့ဘီးယက်နှင့် ၄ဘီးယက် နှစ်မျိုး ရောင်းချမယ်။
ရှေ့ဘီးယက်ဆိုရင် မော်တာတစ်လုံးပဲ သုံးထားတယ်။ ပါဝါ 204 HP အထိ ထုတ်ပေးနိုင်တယ်။ သုညကနေ  100km/h ရောက်ဖို့ ၈.၄ စက္ကန့်ကြာပါတယ်။ 
၄ ဘီးယက်မှာ ရှေ့ပိုင်းမှာ တစ်လုံး နောက်ပိုင်းမှာ တစ်လုံး စုစုပေါင်း မော်တာ ၂ လုံးပါတယ်။ တစ်လုံးစီမှာ ပါဝါ 109HP ထုတ်ပေးနိုင်စွမ်းရှိတယ်။  ၂ လုံးပေါင်း 218HP အထိ ပါဝါထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ သုညကနေ  100km/h ရောက်ဖို့ ၇.၇ စက္ကန့်ကြာပါတယ်။ 

 

Toyota bZ4X ရဲ့ ဒီဇိုင်းဖီလော်ဆော်ဖီက  "Hi-Tech and Emotion" အပေါ်မှာ အခြေခံထားပါတယ်။ bZ4X က ကိုယ်ထည်က ခေတ်ဆန်တယ်။ ခန့်ထည်တယ်။ နည်းပညာ မြင့်မားတယ်။

မော်ဒယ်အမည် bZ က beyond Zero’ series ကို ဆိုလိုပါတယ်။ မီးခိုးထုတ်လွှတ်မှု သုည zero emissions ရဲ့ ဟိုမှာဘက်လို့ ဆိုလိုပါတယ်။ 

Subaru ကားလုပ်ငန်းနဲ့အတူ လုပ်ကိုင်တဲ့ e-TNGA ပလက်ဖောင်းဖြင့် ထုတ်လုပ်ပါတယ်။ 

 

71.4 kWh ဘက်ထရီ အသုံးပြုထားပါတယ်။ AC အားသွင်း၊  DC အားသွင်း ၂ မျိုးစလုံး ရပါတယ်။
bZ4X က အားအပြည့်သွင်းပြီးရင် ခရီးတာ 460 km အထိ သွားနိုင်ပါတယ်။ 
 

 

 

bZ4X မျက်နှာပေါက်က ဦးခေါင်းငါးမန် hammerhead shark အကြီးစားနဲ့ ဆင်ဆင်တူနေတယ်။ လေခွင်းအားကောင်းတဲ့ ဒီဇိုင်း ဖြစ်ပြီး ထောင့်ချိုးမပါတဲ့ ဘန်ပါအခုံးအကွေးပုံသဏ္ဍာန်က တစ်မူထူးတယ်။ မြင်လိုက်တာနဲ့ သူမှသူပဲ bZ4X သိပ်သေချာတယ် လို့ ချက်ချင်း ပြောနိုင်စေလိမ့်မယ်။
 ရှေ့မီးသီးတွေက မျက်လုံးအိမ်ထဲမှ လှမ်းကြည့်နေတဲ့ ငါးမန်းမျက်လုံးတွေလို ဖြစ်နေတယ်။ ရှေ့မီးတွေအတွက် မီးခွက်မရှိသလို ဖြစ်နေစေတယ်။ 

 

 

နောက်ဘက်ကနေကြည့်ရင် လေးထောင့်စပ်စပ် ကြွရွနေတယ်။ အသားထူထူ ကျယ်ကျယ် မျဉ်းပြိုင်တွေ ရေပြင်ညီ ပြေးထားတယ်။ LED နောက်မီးလုံးများ နေရာယူထားပုံက စတိုင်ကျတယ်။ ရှေ့မျက်နှာပေါက်နည်းတူ မီးခွက်တွေ မတွေ့ရဘူး။

နောက်ဘက် ပစ္စည်းတင်တဲ့နေရာက ၄၅၂ လီတာ ရှိတယ်။ 

 

 

 

ဘေးဘီကိုကြည့်ရင် ခုံးထနေတဲ့ အဖောင်းတွေ၊ လက်မ ၂၀ အလွိုင်ဘီး အဝိုင်းအပေါ်မှာ မျက်ခုံးထူထူ ထည့်ပေးထားတယ်။ 

အမိုးကိုကြည့်ရင် ဆိုလာပြား တွေ့လိမ့်မယ်။Toyota bZ4X အမိုးဆိုလာပြားက တစ်နှစ် ရယူပေးတဲ့ စွမ်းအင်က  ကီလိုမီတာ ၁,၈၀၀ မောင်းလို့ရတယ်။ 

 

 

ကားထဲဝင်ထိုင်လိုက်ရင် ပရီမီယံ အရသာ ခံစားမိမယ်။ အသေးစိတ် အနုစိတ် ဂရုတစိုက် ဖန်တီးပေးထားတယ်။

 

ထိုင်ခုံရှေ့ ခြေထောက်ချတဲ့နေရာတွေ ကျယ်တယ်။ 

ခပ်ကြီးကြီး စခရင်က အသိပေးစရာတွေ အချိန်နှင့်တပြေးညီ အသိပေးဖို့အပြင် ဖျော်ဖြေရေးအတွက်လည်း တာဝန်ယူတယ်။ ပြီးတော့ စတီယာရင်ပေါ်မှာ လက်များ၊ လမ်းပေါ်မှာ မျက်လုံးများ ဆိုတဲ့ အာဘော်အရ ခိုင်းစရာရှိရင် ပါးစပ်နဲ့ လှမ်းခိုင်းလို့ရတယ်။voice-recognition function ပါတယ်။ Toyota Safety Sense က အခါအားလျော်စွာ ဖြန့်ဖြူးတဲ့ software updates လည်း လှမ်းယူပေးတယ်။ ယာဉ်ကြောကျပ်တာ မကျပ်တာလည်း အသိပေးတယ်။ driving support display, driving range display, charging station display တွေလည်း ပြသပေးတယ်။

 Toyota bZ4X သော့က Digital Key သုံးထားတယ်။ စမတ်ဖုန်းနှင့် တွဲသုံးရမှာ ဖြစ်ပြီး စမတ်ဖုန်း တစ်လုံးထက်ပိုပြီး တွဲထားလို့ရတယ်။

 

 

Read 12654 times