၂၁ နှစ်အတွင်း ပထမဆုံး ပွဲထုတ်လိုက်တဲ့ Toyota ရဲ့ Supra အသစ်


 

Blogs တွေနဲ့ လူမှုကွန်ယက်တွေမှာ သတင်းပေါက်ကြားမှုတွေ အများကြီးဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့Toyota ဟာ သူတို့ရဲ့ ချစ်လှစွာသော ကားချစ်သူတွေအတွက် Supra 2020 ကို Detroit မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖွင့်ထုတ်ပြသခဲ့ပါတယ်။

ဒါဟာ ၂၁ နှစ်အတွင်း Toyota Motor Corp. ကနေပြီး အမေရိကမှာ ပထမဆုံး ထုတ်လုပ်ရောင်းချတဲ့ Supra အသစ်လည်းဖြစ်ပါတယ်။


BMW ရဲ့ DNA တွေပါဝင်နေတဲ့ sports ကားကို ပထမဆုံး ပြန်လည်ထုတ်လုပ်ခဲ့ခြင်းလို့လည်း ဆိုနိုင်ပါသေးတယ်။ အခုနောက်ဆုံးထုတ် Supra ရဲ့ အင်ဂျင်နီယာပိုင်းနဲ့ မက္ကင်းနစ်ပိုင်းဆိုင်ရာတွေ (chassis, engine) အများစုဟာ BMW ရဲ့ Z4 ဆီကနေ ဆင့်ပွားလာတာပါ။ ဒီလိုမျိုး သေးငယ်တဲ့ တံခါးနှစ်ပေါက်ပါကား ထွက်ရှိလာခြင်းဟာ အမေရိကန် ကားဈေးကွက်အတွင်း SUVs တွေနဲ့ Sports ကားတွေရဲ့ ရောင်းအားပိုမိုကျယ်ပြန့်လာတယ်ဆိုပြီး ပြောနေသလိုပါပဲ။ Sedan တွေရဲ့ အသံကတော့ တိုးလျော့လို့ သွားပါပြီ။ Ford ရဲ့ Shelby GT500 နဲ့အတူတူ Supra ဟာ Detroit ကားပြပွဲရဲ့ ထင်ရှားတဲ့ sports ကားတစ်စီး ဖြစ်လာပါတယ်။

See the source image

“အတိအကျပြောရရင် ပျော်ပျော်ရွှင်ရွှင်မောင်းနှင်ဖို့အတွက် ဦးစားပေးသတ်မှတ်ထားတဲ့ ကားတွေအများကြီး ကျန်နေပါသေးတယ်။ ဒါကတော့ ပျောက်ကွယ်သွားမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် ဖေါက်သည်တွေကတော့ ပြောင်းလဲလို့နေတာပါ။ သူတို့ဟာ sport utility ကားမျိုးတွေကို ပိုပြီး နှစ်သက် လာနေပါပြီ။ ဒါကို ရောင်းချနေကြတာပါ။ Detroit ရဲ့ Auto Show မှာက ဖေါက်သည်တွေရဲ့ အကြိုက်ဟာ ရောင်ပြန်ဟပ်လို့နေပါတယ်။” ဟု IHS Markit မှ ဦးဆောင် မော်တော်ယာဉ် လေ့လာသုတေသနပြုလုပ်သူ Stephanie Brinley က ဆိုပါတယ်။

Toyota Supra 2020 မှာက ခေတ်မီကားအသုံးအဆောင်တွေဖြစ်ကြတဲ့ LED မီးကြီးတွေ၊ auto dimming mirrors လို့ခေါ်တဲ့ ညအချိန် နောက်မှ စူးရှတဲ့ကားမီးထိုးမှုတွေကို အလိုအလျောက်လျှော့ချပေးနိုင်တဲ့ နောက်ကြည့်မှန်တွေ၊ နောက်ကြည့် ကင်မရာတွေနဲ့ မိုးရွာမှုကို သိရှိအလုပ်လုပ်ပေးနိုင်တဲ့ wipers တွေ ပါဝင်ပြီးသားပါ။ ၁၉ လက်မ ဘီးတွေကိုတော့ စံ အရွယ်အစားအဖြစ် သတ်မှတ်ပေးထားပါတယ်။

See the source image

အတွင်းပိုင်းမှာတော့ ကားကို နေ့စဉ် အသုံးပြုမောင်းနှင်မယ့် စုံတွဲတွေအတွက် အကောင်းဆုံး လိုက်ဖက်အောင် ပြင်ဆင်ပေးထားတာပါ။ Version အပေါ်မူတည်ပြီး ၆ လက်မခွဲ ဒါမှမဟုတ် ၈ လက်မ ကွန်ပြူတာ မျက်နှာပြင်၊ automatic climate control စနစ်နဲ့ air-con၊ ရွေးခြယ်အသုံးပြုလို့ရတဲ့ adaptive cruise control (ACC) စနစ် စတာတွေ တပ်ဆင်ပေးထားပါတယ်။

ကားစက်ဖုံးအတွင်းမှာရှိတဲ့ မြင်းကောင်ရေ ၃၃၅ turbocharged straight-six-cylinder အင်ဂျင်ကို eight-speed transmission နဲ့အတူ paddle shifters တွေနဲ့ မောင်းနှင်ရမှာပါ။ ဒီအပိုင်းတွေအားလုံးကိုတော့ BMW ထွက်ရှိရာ Munich မှာ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်းကို ၄.၁ စက္ကန့်အတွင်း အရှိန်တင်မောင်းနှင်နိုင်ပြီး တစ်နာရီကို ၁၅၅ မိုင် အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။

ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ပုံမှန်လမ်းတွေပေါ်မှာ ပြီးပြည့်စုံစွာမောင်းနှင်နိုင်အောင် ပြုလုပ်ပေးထားတာပါပဲ။ အလေးချိန်က ၃,၃၉၇ ပေါင်သာရှိတဲ့အတွက် တော်တော်လေးပေါ့ပါးတဲ့ကားလို့ဆိုနိုင်ပြီး နောက်ဘီးတွေရဲ့ တွန်းကန်မောင်းနှင်မှုနဲ့ပေါင်းစပ်ကာ လျင်မြန်လှတဲ့ အမြင့်စား မောင်းနှင်အားကို ရရှိစေနိုင်ပါတယ်။ Normal နဲ့ Sport ဆိုပြီး မောင်းနှင်မှု mode နှစ်ခုပါဝင်တာကတော့ စံ သတ်မှတ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

Related image

“Online ကသူတွေကတော့ Supra ကို 911 နောက်ထပ် version တစ်မျိုးလို့ ထင်နေကြတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒါဟာ ခင်ဗျားတို့ ဝယ်ယူစီးနင်းနိုင်မယ့် ကားတစ်စီးလို့ ထင်ပါတယ်။ အရည်အသွေးကောင်း ကားတစ်စီးပေါ့။ ဒါပေမယ့် online ပေါ်ကသူတွေရဲ့ ထင်မြင်ချက်တွေကတော့ သာမန်ဝယ်သုံးဖို့ အဆင်မပြေတဲ့ ပုံစံဘက်ကို ဦးတည်စေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ အတိတ်ကို တသသ ဖြစ်တဲ့ သဘောပေါ့။” ဟု Autotrader ရဲ့ အမှုဆောင် အယ်ဒီတာဖြစ်သူ Brian Moody ကဆိုပါတယ်။ အချိန်က စကားပြောလာပါလိမ့်မယ်။ ဒီနှစ် နွေမှ စတင်ရောင်းချတော့မှာပါ။ ဈေးနှုန်းကတော့ ၄၉,၉၉၀ ဒေါ်လာနဲ့ စတင်ပါတယ်။


 


 

Read 594 times