တရုတ်ပြည်မှာ လျှပ်စစ်ဆလွန်းအသေးစားများ Toyota  ထုတ်လုပ်ရောင်းချမည်


တရုတ်ပြည်မှာ လျှပ်စစ်ဆလွန်းအသေးစားများ Toyota  ထုတ်လုပ်ရောင်းချမည်

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

Toyota သည် ယခုနှစ်ကုန်တွင် တရုတ်နိုင်ငံ၌ လျှပ်စစ်ဆလွန်းကား အသေးစားများ စတင်ရောင်းချမည်ဖြစ်သည်။ တရုတ်ကုမ္ပဏီ BYD Co Ltd မှ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၎င်းကားငယ်များတွင် BYD ၏ ဘက်ထရီများကို သုံးစွဲမည်။ BYD ၏ lithium-iron-phosphate (LFP) Blade ဘက်ထရီနည်းပညာသည် ဘက်ထရီ အထူ ‌လျော့နည်းသဖြင့် ကားအသေးစားအတွက် အထူးသင့်လျော်သည်။

 

လျှပ်စစ်ကား ဘက်ထရီများသည် အထူ ကြီးမားသဖြင့် ကားအတွင်းပိုင်း ကြမ်းပြင်နေရာကို နေရာအတော်ယူသောကြောင့် အတွင်းကြမ်းပြင် ခပ်မြင့်မြင့် ဖြစ်နေစေသည်။ သို့ဖြစ်ရာ ကားထဲ ထိုင်စီးသူ ခေါင်းနှင့် လွတ်လွတ်ကင်းကင်း ဖြစ်အောင် အမိုးကို မြှင့်ပေးထားကြရသည်။ အီးဗီ SUV များ အမြင့် ပိုများနေရသည်မှာ ဘက်ထရီအထူ များနေခြင်းကြောင့် ဖြစ်ပါသည်။

 

 Blade lithium-ion ဘက်ထရီထုပ်၏ အထူသည် ၁၀ စင်တီမီတာ (၃.၉လက်မ) ဖြစ်သဖြင့် အခြား lithium-ion ဘက်ထရီထုပ်များထက် ၅ မှ ၁၀ စင်တီမီတာအထိ လျော့နည်းပါသည်။  Toyota ၏ မီခိုး မထွက်သည့်ကား zero-emissions မီးခိုးထွက်ခြင်း သုည၏ ဟိုမှာဘက်ဟု ရည်ညွှန်းသော  "Beyond Zero" (bZ) စီးရီး မော်ဒယ်များတွင် တရုတ်ပြည်တွင်းဈေးကွက်အတွက်သာ ဖြစ်သော bZ3 ဆီဒင် လျှပ်စစ်ကားသည် ဒုတိယမြောက် မော်ဒယ်ဖြစ်ပြီး BYD ၏ လျှပ်စစ်ကား နည်းပညာဖြင့် ပူးပေါင်းလုပ်ကိုင်ပါသည်။ 

 

 အဦးဆုံး‌ bZ မော်ဒယ်ဖြစ်သော bZ4X သည် sport-utility vehicle SUV အမျိုးအစားဖြစ်ပြီး တရုတ်ပြည်တွင်းဈေးကွက်ထဲ စတင်ခဲ့ပြီးကာမှ ဘီးကျွတ်ထွက်နိုင်သည့် ပြဿနာ ရှိနေသဖြင့် Toyota က ထုတ်လုပ်မှု ရပ်ထားလိုက်သည်။ ကမ္ဘာတစ်လွှားရှိ bZ4X များကို ပြန်ခေါ်ယူခဲ့သည်။


  
Toyota သည် BYD ၏ ထုထည်နည်းသော Blade ဘက်ထရီများကို အသုံးပြုထားသည့် bZ3 ကို ၂၀၂၂ ဧပြီလတွင် ဘေဂျင်းကားပြပွဲ၌ ထုတ်ဖော်ပြသရန် စီစဉ်ထားသော်လည်း COVID-19 ကူးစက်ရောဂါကြောင့် ပွဲကို ဖျက်သိမ်းခဲ့သဖြင့် မပြသဖြစ်ချေ။ ကားသည် Toyota ၏ Corolla မော်ဒယ်နှင့် အကြမ်းဖျင်းအားဖြင့် အရွယ်အစား တူသော်လည်း ပိုကြီးသော နောက်ထိုင်ခုံ အပိုင်း ပါရှိသည်။

 

bZ3 ၏ စျေးနှုန်းကို မဆုံးဖြတ်ရသေးပါ။ ယွမ် ၂၀၀,၀၀၀ ဝန်းကျင် (ဒေါ်လာ ၂၈,၀၀၀ ဝန်းကျင်) ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုဈေးနှုန်းသည် တရုတ်ပြည်တွင်းဈေးကွက် အနိမ့်တန်း Tesla Inc Model 3 ထက် ၃၀% နီးပါး ဈေးသက်သာမည်ဖြစ်သည်။ bZ3 ကို Tianjin တွင် တစ်နှစ်လျှင် ကားအစီးရေ ၃၀,၀၀၀ ထုတ်လုပ်မည်။  bZ4X တပ်ဆင်ထုတ်လုပ်သည့် ထုတ်လုပ်ရေးလိုင်းကို အသုံးပြုမည်ဖြစ်သည်။


၎င်းစက်ရုံကို Toyota နှင့် တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း FAW Group တို့၏ ဖက်စပ်လုပ်ငန်းက လုပ်ကိုင်ပါသည်။ Toyota နှင့်  တရုတ်ကားထုတ်လုပ်လုပ်ငန်း GAC Motor တို့၏ ဖက်စပ်လုပ်ငန်းက bZ3 ထုတ်လုပ်ရန် အစီအစဉ် မရှိဟု သိရပါသည်။


Source Reuters

#MyanmarAutomobileGuide

TO GET INSTANT UPDATE 

Join Telegram Channel  

https://t.me/Guid4U

Read 6206 times