တိုယိုတာကားကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်တိုကျိုအိုလံပစ်ပွဲတော်အမီကားပျံတစ်မျိုး ထုတ်လုပ်ရေးကိစ္စကို ထောက်ခံနေစဉ်တွင် Blade Runner ရုပ်ရှင်ထဲမှအနာဂတ်ကားပျံတစ်မျိုးအတွက် လုပ်ငန်းစတင်နေပြီ ဖြစ်သည်။
ပျံသန်းရန်အတွက်မောင်းသူမဲ့လေယာဉ်နည်းပညာပေါ်မှီခိုထားသည့်သိပ္ပံဇာတ်လမ်းထဲမှ ဘီးသုံးဘီးပါ ယာဉ်ပျံအားတည်ဆောက်ရေး Cartivator စီမံကိန်းအတွက်တိုယိုတာသည် ယန်း ၄၂ ဒသမ ၅ သန်း(ဒေါ်လာ ၃၇၅၀၀၀) ထည့်ဝင်ထားသည်ဟုသိရသည်။
SkyDrive ဟုအမည်ပေးထားသောလူလိုက်ပါမောင်းနှင်နိုင်မည့် ထိုယာဉ်သည် ၂ ဒသမ ၉မီတာ(၉ ဒသမ ၅ ပေ)ရှည်ကာ ၁ ဒသမ ၃ မီတာကျယ်ပြီး ဒလက်လေးခုပါမည်ဟုသိရသည်။
ယင်းကားပျံသည်တစ်နာရီလျှင်အမြင့်ဆုံး ၁၀၀ ကီလိုမီတာ(၆၂မိုင်) ပျံသန်းနိုင်မည်ဟုခန့်မှန်းထားပြီး မြေပြင်မှ ၁၀ မီတာအကွာတွင်ပျံဝဲနိုင်မည်ဖြစ်သည်။
Sky Driveသည်မြေပြင်ပေါ်တွင်မူအမြင့်ဆုံးတစ်နာရီ ၁၅၀ ကီလိုမီတာဝန်းကျင်ဖြင့်မောင်းနှင်နိုင်မည်ဖြစ်သည်။
တိုယိုတာအပါအဝင်အခြားသောရင်းနှီးမြုပ်နှံသူများက ငွေကြေးထောက်ပံံ့ထားသည့် ယခု Cartivator စီမံကိန်းကိုကားလုပ်ငန်းနှင့် လေကြောင်းပျံသန်းရေးကဏ္ဍမှငယ်ရွယ်သော အင်ဂျင်နီယာတစ်စုက လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ထိုအုပ်စုသည်လာမည့်နှစ်ကုန်တွင်လူလိုက်ပါစီးနင်းနိုင်မည့် ရှေ့ပြေးကားပျံတစ်မျိုးကိုစတင်ထုတ်ပြနိုင်ရန် မျှော်လင့်ထားသည်။