တိုယိုတာ ၂၀၂၃ တနှစ်တာရောင်းအား စံချိန်သစ်တင် 


တိုယိုတာ ၂၀၂၃ တနှစ်တာရောင်းအား စံချိန်သစ်တင် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

• တိုယိုတာသည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၁၁.၂ သန်း ရောင်းချခဲ့ပြီး  ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူ ပထမနေရာကို ထပ်မံရရှိခဲ့သည်။

• ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူ နံပါတ်(၁) နေရာကို တိုယိုတာ ရရှိသည်မှာ ၄ နှစ်ဆက်တိုက်ရှိပြီ ဖြစ်ပါသည်။

 

တိုယိုတာသည် ၂၀၂၃ ခုနှစ်တွင် ကားအစီးရေ ၁၁.၂ သန်း စံချိန်တင်ရောင်းချခဲ့ကြောင်း အင်္ဂါနေ့ (ဇန် ၃၀)တွင် ပြောကြားခဲ့သည်။ ချစ်ပ်ပြတ်လပ်မှု ပြဿနာ မရှိတော့ခြင်း၊ ဒေသကြီးများ အားလုံးတွင် ဝယ်ယူမှု မြင့်တက်ခြင်းတို့ကြောင့် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု တိုယိုတာက ပြောကြားသည်။

 

ဂျာမနီမှ Volkswagen Group သည် အစီးရေ ၉.၂ သန်း ရောင်းချခဲ့ပြီး ဒုတိယနေရာ ဆက်လက်ရရှိသည်။ 

တောင်ကိုရီးယားမှ Hyundai-Kia သည်လည်း ၂၀၂၂ ခုနှစ်ကအတိုင်း တတိယနေရာကို ဆက်လက် ရရှိခဲ့ပါသည်။ အစီးရေ ၇.၃ သန်း ရောင်းချခဲ့ပါသည်။

 

တိုယိုတာ ရောင်းအားပမာဏတွင် Toyota, Lexus, Daihatsu, Hino တို့ ပါဝင်ပါသည်။

 

Toyota နှင့် Lexus နှစ်မျိုးတည်း ရောင်းအားမှာ အစီးရေ ၁၀.၃ သန်း ဖြစ်ပါသည်။

Daihatsu နှင့် Hino တို့ ရောင်းအားအသီးသီးသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် လျော့နည်းခဲ့ပါသည်။ 

 

တိုယိုတာ၏ ယခင်စံချိန်ဟောင်းမှာ ၂၀၁၉ ခုနှစ်တွင် အစီးရေ ၁၀.၇ သန်း ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ 

၂၀၁၉ ခုနှစ်တွင် ပထမနေရာ အစဉ်အဆက် ရယူခဲ့သည့် Volkswagen ၏ ရောင်းချအစီးရေထက် တိုယိုတာ၏ ရောင်းချအစီးရေ ပိုများခဲ့ပြီး ပထမနေရာကို တိုယိုတာ ရရှိခဲ့ပြီး‌ေနာက် ပထမနေရာကို တိုယိုတာ ဆက်လက်ထိန်းသိမ်းထားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်သည် စတုတ္ထမြောက် ပထမနေရာရသည့် နှစ် ဖြစ်ပါသည်။ Volkswagen သည်လည်း ၄ နှစ်ဆက်တိုက် ဒုတိယနေရာတွင် ရှိနေခဲ့ပါသည်။ 

 

တိုယိုတာသည် အဝယ်လိုက်သည့် ဟိုက်ဘရစ်ကို ဦးစားပေးခဲ့ပါသည်။ အီးဗီရောင်းအားမှာ အစီးရေ တစ်သိန်းစွန်းစွန်းသာ ရှိခဲ့ပါသည်။ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ၂၀၂၃ ခုနှစ် အီးဗီရောင်းအားများကို ကြည့်လျှင် 

• တိုယိုတာသည် ၁၀၄,၀၁၈ စီး

• တက်စလာသည် အစီးရေ ၁.၈၁ သန်း

• BYD သည် အစီးရေ ၁.၅၇ သန်း

ရောင်းချခဲ့ပါသည်။ 

တိုယိုတာ၏ ဟိုက်ဘရစ် ရောင်းအားမှာ အစီးရေ ၃.၄ သန်း ဖြစ်ပါသည်။

 

တိုယိုတာသည် ၂၀၂၅ ခုနှစ်တွင် အီးဗီကို အရှိန်တင်မည် ဖြစ်သည်။ Toyota နှင့် Lexus တို့၏ ကမ္ဘာတစ်ဝှမ်း ရောင်းချသည့် မော်ဒယ်တိုင်းအတွက် လျှပ်စစ်စွမ်းအင်သုံး ဗားရှင်း ရှိမည်ဟု တိုယိုတာက ပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်တွင် တနှစ်တာ အီးဗီရောင်းအား ၁ သန်းခွဲ ရှိရန် ရည်မှန်းထားပြီး ၂၀၃၀ ပြည့်နှစ်တွင် အစီးရေ ၃ သန်းခွဲ ရောင်းချရန် ရည်မှန်းထားပါသည်။ 

 

Source AFP


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 1969 times