စက်တင်ဘာလတွင် အစီးရေ ၉ သိန်းကျော် ထုတ်လုပ်ခဲ့ဟု တိုယိုတာ ပြောကြား


စက်တင်ဘာလတွင် အစီးရေ ၉ သိန်းကျော် ထုတ်လုပ်ခဲ့ဟု တိုယိုတာ ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Toyota Motor ကမ္ဘာတစ်ဝှမ်းထုတ်လုပ်မှုသည် ယခုနှစ်  စက်တင်ဘာလတွင် ယခင်နှစ် စက်တင်ဘာလထက် ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကားအစီးရေ ၉၀၀,၉၁၉ စီး ထုတ်လုပ်ခဲ့ကြောင်း တနင်္လာနေ့ (အောက်တိုဘာ ၃၀) တွင် ပြောကြားသည်။
ဂျပန်၊ အမေရိကန်နှင့်၊ ဥရောပ အဓိက ဈေးကွက် ၃ ခုတွင် ရောင်းအား ကောင်းခဲ့သည်။

တိုယိုတာ၏ ဂျပန်ပြည်တွင်း ထုတ်လုပ်မှုသည် ကမ္ဘာတစ်လွှား ထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံတပုံ ဝန်းကျင်ရှိပြီး စက်တင်ဘာလတွင် ယခင်နှစ်ထက် ၁၂.၈% ပိုများခဲ့သည်။ ပင်လယ်ရပ်ခြား ထုတ်လုပ်မှုသည် ၃.၆% လျော့ကျခဲ့သည်။

ကမ္ဘာတစ်လွှား ရောင်းအားသည် ယခင်နစ်ထက် ၁၁.၅% ခုန်တက်ခဲ့ပြီး ၉၂၁,၃၀၈ စီး ရောင်းချခဲ့သည်။ 
ယခုနှစ်တွင် စက်တင်ဘာလအထိ ၉ လတာအတွင်း Toyota နှင့် Lexus စုစုပေါင်း အစီးရေ ၇သန်းခွဲကျော် ရောင်းချခဲ့သည်။ 

စက်တင်ဘာလတွင် ယခင်နှစ်ထက် ပြည်တွင်း ရောင်းအား ၂၀.၅%၊ အမေရိကန် ရောင်းအား ၁၄%၊ ဥရောပ ရောင်းအား ၁၈.၁% မြင့်တက်ခဲ့သည်။ 

 ထိုင်း၊အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် ထုတ်လုပ်မှု လျော့ကျခဲ့သည်။

ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 3702 times