Toyota  ဖေဖော်ဝါရီလ ရောင်းအား စံချိန်တင် မြင့်တက်


Toyota  ဖေဖော်ဝါရီလ ရောင်းအား စံချိန်တင် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Toyota Motor Corp ၏ ပြောကြားချက်အရ ဖေဖော်ဝါရီတွင် ၎င်း၏ကမ္ဘာလုံးဆိုင်ရာရောင်းအားသည် လွန်ခဲ့သည့်နှစ်ကထက် ၁၀.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၇၇၃,၂၇၁ စီး ရောင်းချခဲ့သည်။ တစ်လတာ ရောင်းအား စံချိန်တင်ခဲ့သည်။ ချစ်ပ် ပြတ်လပ်မှု လျော့နည်းခဲ့သည်။ ဂျပန်ပြည်တွင်းရောင်းအား ပြန်လည် မြင့်တက်ခဲ့သည်။
မီနီမော်တော်ကားများ အပါအဝင် ဂျပန်နိုင်ငံတွင် ရောင်းချမှုမှာ ကားစီးရေ ၁၅၅,၈၄၀ အထိ ခုန်တက်သွားသည်။
တိုယိုတာ၏ ပြည်တွင်းထုတ်လုပ်မှုမှာလည်း အစီးရေ ၂၈၁,၅၂၁  အထိ မြင့်တက်ခဲ့သည်။
ဂျပန်ပြည်တွင်း ထုတ်လုပ်မှုအပါအဝင် ကမ္ဘာတစ်လွှားထုတ်လုပ်မှုသည် အစီ‌းရေ ၇၅၅,၈၃၉ ရှိခဲ့ပြီး ၂ လ ဆက်တိုက် တစ်လထက်တစ်လ ပိုမို ထုတ်လုပ်နိုင်ခဲ့သည်။
ဂျပန်ပြည်တွင်း ထုတ်လုပ်မှု မပါဝင်ဘဲ ပြည်ပထုတ်လုပ်မှုသည် စီးရေ ၄၇၄,၃၁၈ ရှိသည်။ 

ပြည်ပရောင်းအားသည် တစ်လတာရောင်းအား စံချိန်တင်ခဲ့ပြီး ၆၁၇,၄၃၁ စီး ရောင်းချခဲ့သည်။ တရုတ်ကားဈေးကွက်တွင် မော်ဒယ်အသစ်များ စတင်ရောင်းချခဲ့ပြီး ရောင်းအား အနည်းငယ် မြင့်တက်ခဲ့သည်။

စံချိန်တင်ရောင်းချခဲ့သော်လည်း Toyota သည် ဆီမီးကွန်ဒတ်တာပြတ်တောက်မှုကြောင့် ကြိုတင်အမှာစာများထံ ကားများပေးပို့ရန် အချိန်ကြာမြင့်နေဆဲ ဖြစ်သည်။ အထူးသဖြင့် ဂျပန်ပြည်တွင်းမှာ ပိုကြာမြင့်သည်။ 
ချစ်ပ် အများအပြားကို အားကိုးသည့် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သော မော်ဒယ်အမြင့်များသည် ချစ်ပ်များ စုံစုံလင်လင် မရသဖြင့် ကြန့်ကြာနေသည်။

  Toyota Motor  သည်  မတ်လတွင်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွက် တစ်နှစ်တာ ထုတ်လုပ်မှု လျာထားချက်ကို ချပ်စ်ပြတ်တောက်မှု၏ အကျိုးသက်ရောက်မှုကြောင့် လျှော့ချ သတ်မှတ်ခဲ့သည်။ ယခင်က တစ်နှစ်တာ စီးရေ ၉.၂ သန်း ထုတ်လုပ်ရန် လျာထားခဲ့သည်ကို  ဖေဖော်ဝါရီလတွင် စီးရေ ၉.၁ သန်းဟု စီးရေ တစ်သိန်း လျှော့ချ သတ်မှတ်ခဲ့သည်။ 
Source japantoday
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 211 times