ဂျပန်အခြေစိုက် Toyota ကုမ္ပဏီဟာ လကမ္ဘာမျက်နှာပြင်ပေါ်မှာ အသုံးပြုနိုင်ဖို့ အလိုအလျောက်မောင်းနှင်မှုစနစ်သုံး microbus ကို ဖန်တီးပြသခဲ့ပါတယ်။
အဆိုပါကားကို ဂျပန်အာကာသအေဂျင်စီ အတွက်ထုတ်လုပ်မှာဖြစ်ပါတယ်။ နက္ခတဗေဒပညာရှင်နှစ်ဦးကို လကမ္ဘာမျက်နှာပြင်ပေါ်မှာ အာကာသဝတ်စုံ ဝတ်ဆင်စရာမလိုပဲ ခေါ်ဆောင်သွားနိုင်မှာပါ။
Toyota နဲ့ Japan Aerospace Exploration Agency(JAXA) တို့ဟာ နက္ခတဗေဒပညာရှင်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အာကာသစက်ရုပ်တွေကို ဖန်တီးနေခြင်းဖြစ်ပါတယ်။
ယခု microbus ဟာ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုလည်ပတ်လုပ်ဆောင်မှာဖြစ်ပြီး လကမ္ဘာမျက်နှာပြင်ပေါ်မှာ ကီလိုမီတာ ၁၀၀၀၀ (၆၂၀၀ မိုင်) အထိသွားရောက်နိုင်မှာပဲဖြစ်ပါတယ်။
အရှည် ၆ မီတာ၊ အကျယ် ၅.၂ မီတာနဲ့ ၃.၈ မီတာ အမြင့်အရွယ်အစားဖြစ်ပြီးတော့ microbus နှစ်စီးစာလောက် ရှိပါတယ်။ အထဲမှာတော့ လူနှစ်ယောက်စာအတွက် ၁၃ ကုဗမီတာကျယ်ဝန်ပြီးတော့ အရေးပေါ်အခြေမျိုးမှာဆိုရင်တော့ ၄ ယောက် အထိ တင်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
JAXA နဲ့ Toyota ဟာ ယင်းကားကို ၂၀၂၉ မှာမိတ်ဆက်ဖို့ရည်ရွယ်ထားပြီး ၂၀၃၀ လူအများရဲ့ရှေ့မှောက်ကို ရောက်ရှိလာဖို့ရှိနေပါတယ်။
Author;A.P.T
Ref;DailyMail