တိုယိုတာ ရိုဘိုတက္ကဆီ အ‌မြောက်အမြား ထုတ်လုပ်မည်


တိုယိုတာ ရိုဘိုတက္ကဆီ အ‌မြောက်အမြား ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Toyota Motor Corp. သည် တရုတ်နိုင်ငံမှ မိတ်ဖက်ကုမ္ပဏီနှစ်ခုဖြစ်သည့် Pony.ai Inc. နှင့် GAC Toyota Motor Co တို့သည် မောင်းသူမဲ့လျှပ်စစ်ကားများကို လူအများသုံးယာဉ်အဖြစ် လမ်းပေါ်သို့  ယူဆောင်လာရန် ရည်ရွယ်သည့် ဖက်စပ်လုပ်ငန်းတစ်ခုကို ထူထောင်ကြသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၊ ဖရီးမွန့်တွင်အခြေစိုက်သည့် Pony.ai ကို ၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့ပြီး အမေရိကန်နှင့် တရုတ် နိုင်ငံတို့တွင် မောင်းသူမဲ့ယာဉ်များကို ဖန်တီးလျက် ရှိသည်။
Toyota က လွန်ခဲ့သည့် ၃ နှစ်က ကန်ဒေါ်လာ သန်း ၄၀၀ ကို Pony.ai တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။

GAC Toyota Motor Co သည် တရုတ်နိုင်ငံမှ Guangzhou Automobile Group နှင့် Toyota Motor Corp.  တို့၏  ဖက်စပ်လုပ်ငန်း ဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော ပင်ကိုမောင်းနှင် နည်းပညာလုပ်ငန်း Pony.ai Inc. နှင့်အတူ Toyota Motor Corp သည် ယွမ် ၁ ဘီလီယံ(ကန်ဒေါ်လာ ၁၃၉ သန်း) ကျော် ရင်းနှီးမြှုပ်နှံကြပြီး မောင်းသူမဲ့ အီးဗီ ထုတ်လုပ်မည်။

လုပ်ငန်း ၃ ခု ဖက်စပ်လုပ်ငန်းသည် လုံးဝ မောင်းသူမဲ့ ရိုဘိုတက္ကဆီများကို လမ်းများပေါ်တွင် များပြားသော အစီးရေဖြင့် ပြေးဆွဲသည်အထိ လုပ်ကိုင်ကြမည်။ ထို့အတွက် ရိုဘိုတက္ကဆီ အ‌မြောက်အမြား ထုတ်လုပ်မည် ဖြစ်သည်ဟု Pony.ai မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

 Pony.ai ၏ CEO ဖြစ်သူ Peng Jun က ဖက်စပ်လုပ်ငန်း လုပ်ဆောင်ချက်သည် အင်တာနက်ချိတ်ဆက်ထားသော ကားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

Pony.ai သည် ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်းနှင့် ကွမ်ကျိုးတို့တွင် ရိုဘိုတက္ကဆီ ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

 Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 444 times