EV နည်းပညာသုံး အိမ်သုံးဘက်ထရီစနစ်ကို Toyota ထုတ်ဖော်ပြသ


EV နည်းပညာသုံး အိမ်သုံးဘက်ထရီစနစ်ကို Toyota ထုတ်ဖော်ပြသ

လူကြိုက်များတဲ့ Tesla Powerwall ကို ယှဉ်ပြိုင်နိုင်မယ့် အိမ်သုံးဘက်ထရီအားသိုလှောင်စနစ်ကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် Toyota Motor Corporation က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

 

O-Uchi Kyuden System လို့အမည်ပေးထားတဲ့  Toyota အိမ်သုံးဘက်ထရီစနစ်မှာ Toyota ရဲ့ဟိုင်ဘရစ် ၊ ပလပ်ထိုး ဟိုင်ဘရစ်၊ ဟိုက်ဒြိုဂျင် လောင်စာဆဲလ်၊ ဘက်ထရီပါဝါသုံး လျှပ်စစ်ကားတွေမှာ သုံးစွဲတဲ့ ဘက်ထရီနည်းပညာကို သုံးစွဲထားပါတယ်။

ယခုအခါ ကြိုတင်အမှာစာများကို စတင်လကမခံနေပြီ ဖြစ်ပါတယ်။ ၂၀၂၀ ဩဂုတ်လမှာ အရောင်းဖွင့့်ဖို့ လျာထားပါတယ်။ လောလောဆယ် ဂျပန်ဈေးကွက်အတွက်သာ ရည်ရွယ်ပါတယ်။
O-Uchi Kyuden System မှာ 8.7kWh ဘက်ထရီကို သုံးစွဲထားပါတယ်။ ထွက်နှုန်း output က 5.5kWh ထုတ်ပေးပါတယ်။
“ဒီဟာက ပုံမှန်အခြေအနေတွေမှာသာမက သဘာဝဘေးဒဏ်ကြောင့် လျှပ်စစ်မီးပြတ်တောက်နေချိန်မှာတောင် အိမ်တစ်အိမ်လုံးကို ဘေးကင်းစေပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်စေမှာပါ” လို့ Toyota မှ ပြောကြားခဲ့ပါတယ်။ 
နှိုင်းယှဉ်ကြည့်ရင် Toyota ရဲ့ ဘက်ထရီပစ္စည်း‌ေတဎက ဈေးကွက်ထဲမှာ ရှိနေတဲ့ 13.5kWh Tesla Powerwall ထက် အရွယ်အစား ပိုငယ်ပေမဲ့ စွမ်းဆောင်ရည်က ထွက်နှုန်းအတူတူလောက် ဖြစ်နေပါတယ်။

အိမ်မှာ ဆိုလာပြားတွေ တပ်ဆင်ထားရင် ဘက်ထရီစနစ်ကို ချိတ်ဆက်သုံးစွဲနိုင်ပါတယ်။ 
လျှပ်စစ်မော်တော်ယာဉ်မှ လျှပ်စစ်ပါဝါကို အိမ်မှာ ယူသုံးလို့ရအောင်လည်း Toyota အိမ်သုံးဘက်ထရီစနစ် O-Uchi Kyuden System က ကြားခံဆောင်ရွက်ပေးပါတယ်။ ဗို့အားက 100V AC ဖြစ်ပါတယ်။

O-Uchi Kyuden System ဘာလုပ်နေသလဲ၊ အားသွင်းနေသလား၊ အားထုတ်ပေးနေသလား၊  အခြေအနေ ဘယ်လိုလဲ စတာတွေကို စမတ်ဖုန်းမှ အက်ပ်ကို သုံးစွဲပြီး ကြည့်ရှုနိုင်ပါတယ်။ တက်ဘလက်မှာ အက်ပ်တင်ထားပြီး ကြည့်ရှုနိုင်ပါတယ်။ လောလောဆယ်မှာ ဂျပန်ဘာသာစကားဖြင့်သာ ဖော်ပြပေးပါတယ်။

O-Uchi Kyuden System ကို အိမ်ပြင်ပမှာ မလွဲမသွေ ထားရှိရမှာဖြစ်ပြီး အပူချိန် -20°C မှ 45°C အထိ ဒဏ်ခံနိုင်ပါတယ်။

Tesla နှင့် Toyota တို့အပြင် Mercedes-Benz ကလည်း အိမ်သုံးဘက်ထရီစနစ် ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့၂၀၁၈ မှာ ဈေးကွက်ထဲမှ ထွက်ခွာခဲ့လို့ Tesla က ဈေူကွက်ကို ကြီးစိုးထားပါတယ်။

MyanmarAutomobileGuide

 

MAG

Read 1167 times