တိုယိုတာ ကားထုတ်လုပ်မှုများ ငလျင်ကြောင့် ရပ်ထားရာမှ ပြန်လည်စတင်


တိုယိုတာ ကားထုတ်လုပ်မှုများ ငလျင်ကြောင့် ရပ်ထားရာမှ ပြန်လည်စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


နှစ်ဆန်း ၁ ရက်နေ့တွင် ပြင်းအား ၇.၆ ရှိသည့် ငလျင်ကြီး ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် လှုပ်သဖြင့် တိုယိုတာထံ ပစ္စည်းပေးသွင်းသူ အချို့၏ စက်ရုံများ ထိခိုက်ပျက်စီးခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ်အတွက် ကားထုတ်လုပ်မှုကို စတင်နိုင်မည်မဟုတ်ဟု တိုယိုတာက ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ (ဇန်နဝါရီ ၇) ရက်တွင် တိုယိုတာက တနင်္လာနေ့တွင် ကားထုတ်လုပ်မှုများ ပြန်လည်စတင်တော့မည်ဟု ပြောကြားပါသည်။

ဂျပန်ပြည်တွင်း ထုတ်လုပ်မှုများ ပြန်လည်စတင်လိုက်သော်လည်း အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပစ္စည်းပေးသွင်းသူအချို့ ပုံမှန်ထုတ်လုပ်သည့် အခြေအနေ ပြန်မရောက်ကြသေးပါ။ 

ငလျင်လှုပ်ခတ်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့် ပေးသွင်းသူများနှင့် လုပ်ငန်းခွဲများ အများအပြား ရှိနေခြင်းကြောင့် လက်ထဲ သိုလှောင်ထားသည့် အစိတ်အပိုင်းများကို အသုံးပြုမည်ဖြစ်ကြောင်း တိုယိုတာမှ ပြောကြားသည်။

 
ဇန်န၀ါရီလ ၁၅ ရက် နောက်ပိုင်းကာလ ထုတ်လုပ်မှုအတွက် ၎င်းထံ ပစ္စည်းပေးသွင်းသူများ၏ အခြေအနေကို အကဲဖြတ်ပြီးမှ ထုတ်လုပ်ရေး ဆက်လက် လုပ်ကိုင်ရန် သင့်မသင့် ဆုံးဖြတ်မည်ဟု ကုမ္ပဏီက ပြောကြားသည်။

Source Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 199 times