Toyota အီးဗီမော်ဒယ်သစ် ၁၀ မျိုး ၂၀၂၆  ခုနှစ်တွင် ၁.၅ သန်း ရောင်းချရန် စီစဉ်ထား


Toyota အီးဗီမော်ဒယ်သစ် ၁၀ မျိုး ၂၀၂၆  ခုနှစ်တွင် ၁.၅ သန်း ရောင်းချရန် စီစဉ်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toyota က လျှပ်စစ်ကား ထုတ်လုပ်မယ့် အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး  လုပ်ငန်းသုံး အီးဗီမော်ဒယ်တစ်မျိုး အပါအဝင်  အီးဗီ မော်ဒယ်အသစ် ၁၀ မျိုးကို ၂၀၂၆ မှာ စတင်ရောင်းချပါမယ်။  ယခုလို အီးဗီတွေ ထုတ်လုပ်ပေမဲ့ ဟိုက်ဘရစ်မော်ဒယ်များကို ဆက်လက် အားပြုထားမှာ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှဈေးကွက်အတွက် လုပ်ငန်းသုံးအီးဗီမော်ဒယ်တစ်ခု အပါအဝင် အီးဗီမော်ဒယ် ၁၀ မျိုးကို လာမယ့် ၃ နှစ်အတွင်း ထုတ်လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၆ မှာ အီးဗီ တစ်နှစ်လျှင် စီးရေ ၁ ဒသမ ၅ သန်း ရောင်းချဖို့ ရည်မှန်းထားပါတယ်။ 

လျှပ်စစ်ကားဆီသို့ ကူးပြောင်းဖို့ ကမ္ဘာ့ကားစီးရေအများဆုံး ထုတ်လုပ်တဲ့ Toyota က ဖင့်နွှဲ့နေတယ်လို့ ဝေဖန်သံများကို ချွေးသိပ်လိုက်ပါတယ်။

လျှပ်စစ်ကား စီးဖို့ လျှပ်စစ် မရတဲ့သူတွေအတွက် ဟိုက်ဘရစ်၊ ပလပ်ထိုး ဟိုက်ဘရစ်နှင့် ဟိုက်ဒရိုဂျင် ကားများကိုလည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

 

 

၂၀၂၆ မှာ ရောင်းချမယ့် မော်ဒယ် ၁၀ မျိုးမှာ အရှေ့တောင်အာရှ ဈေးကွက်အတွက် လုပ်ငန်းသုံးကားကိုတော့ ယခုနှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ရောင်းချဖို့ ရည်မှန်းထားပါတယ်။  ၎င်းနှင့်အတူ Yaris အရွယ်အစား ကားအငယ်စား မော်ဒယ်ကိုလည်း ထုတ်လုပ်ပါမယ်။

၂၀၂၅ မှာ ခုနှစ်ယောက်စီး SUV ကို အမေရိကန်မှာ ထုတ်လုပ်ပါမယ်။ 

လက်ရှိထုတ်လုပ်ရောင်းချနေတဲ့  'BZ' (Beyond Zero) အီးဗီမော်ဒယ်များကိုလည်း တိုးချဲ့ ထုတ်လုပ်သွားပါမယ်။ 

စီအီးအိုအသစ် Koji Sato ရဲ့ ပဲ့ကိုင်မှုအောက်မှာ ဂျပန်ကားလုပ်ငန်းကြီး Toyota က ၂၀၃၀ မှာ အီးဗီ ၃.၅ သန်း ရောင်းချဖို့ ယခင်က ရည်မှန်းထားတာကို ဆက်လက်ကိုင်စွဲထားပါတယ်။ ယခင်က ၂၀၃၀ မှာ အီးဗီမော်ဒယ် အမျိုး ၃၀ ထုတ်လုပ်မည်ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်းမပြောင်း မသိရပါ။

၂၀၂၆ခုနှစ်မှစ၍ Toyota က "ဘက်ထရီ-လျှပ်စစ်ကားများ (BEV) မျိုးဆက်သစ်" လို့ ခေါ်တွင်တဲ့ ကားမော်ဒယ်များဟာ သွားနိုင်တဲ့ ခရီးတာက လက်ရှိထက် ၂ ဆ ဖြစ်မယ်။ စတိုင် အလန်းစားတွေ ဖြစ်မယ်။ မောင်းရတာ ပျော်ဖို့ကောင်းမယ်လို့ ဆိုပါတယ်။

အိမ်စီးပြိုင်ကား စတိုင်ဖြင့် မော်ဒယ်အသစ် Lexus လျှပ်စစ်ဆီဒင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ပြသခဲ့ပါတယ်။


 

"ကျွန်တော်တို့မှာ မျိုးဆက်သစ် BEV များကို ယနေ့ခေတ်နှင့် လုံးလုံးလျားလျား ကွဲပြားစွာ ဖြင့် ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်သွားရန် အစီအစဉ်များ ရှိပါတယ်"လို့ Toyota နည်းပညာပိုင်းဆိုင်ရာ အရာရှိချုပ် Hiroki Nakajima က ပြောကြားပါတယ်။ 

၁၉၉၇ ခုနှစ်မှ စတင်ရောင်းချခဲ့သော ဟိုက်ဘရစ်၊ ပလပ်ထိုး ဟိုက်ဘရစ်၊ ဟိုက်ဒရိုဂျင်နှင့် လျှပ်စစ်ကား ၂၂ ဒသမ ၅ သန်းရှိခဲ့တာဟာ လျှပ်စစ်ကား ၇ ဒသမ ၅ သန်းနှင့် ညီမျှသောပမာဏဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ခဲ့တယ်လို့် Toyota က ခန့်မှန်းပါတယ်။

ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးတော့တဲ့ဆီကို ရောက်ဖို့ လမ်းကြောင်း အသွယ်သွယ်ဖြင့် သွားကြရမယ်လို့် Toyota က ယုံကြည်ပါတယ်။ 


 


အနာဂတ်မှာ ထုတ်လုပ်မယ့် ဟိုက်ဘရစ်မော်ဒယ်တွေက ခရီးတာ ကီးလိုမီတာ ၂၀၀ ကျော် သွားနိုင်မှာ ဖြစ်ပြီး ဘက်ထရီနည်းပညာသစ် သုံးထားပါတယ်။ လက်တွေ့ကျတဲ့ BEV များ "practical BEVs" လို့ Toyota က ဆိုပါတယ်။ 

 


နောက်မျိုးဆက် ထရပ်ကား အကြီးစားတွေကိုတော့ ဟိုက်ဒြိုဂျင် လောင်စာဆဲလ် ပါဝါဖြင့်  မောင်းနှင်မှာ ဖြစ်ပါတယ်။ 

 

Toyota က ဒေသအလိုက် ကားအကြိုက်ချင်း မတူတာကို အသိအမှတ်ပြုထားပါတယ်။ လျှပ်စစ်ကား ပြောင်းစီးကြတဲ့ နှုန်း အနှေးအမြန်လည်း ကွာခြားတယ်လို့ ဆိုပါတယ်။
ဥရောပ၊ တရုတ်၊ ဂျပန်၊ မြောက်အမေရိကနှင့် "Global South" ဆိုပြီး ဒေသတွေ ပိုင်းခြား သတ်မှတ်ထားပါတယ်။ "Global South" မှာ အာဖရိက၊ အရှေ့တောင် အာရှ၊ တောင်အမေရိကနှင့် သြစတြေးလျတို့ ပါဝင်ပါတယ်။ 

 

 

ဥရောပကဲ့သို့သော ဖွံ့ဖြိုးပြီး စျေးကွက်များအတွက် ပို၍စျေးကြီးသော BZ လျှပ်စစ်ကားအမျိုးအစားကို အာရုံစိုက်ရန် သတ်မှတ်ထားပါတယ်။ 

တရုတ်မှာတော့ တရုတ်ပြည်မှာ ဒီဇိုင်းထုတ်ပြီး တရုတ်ပြည်မှာ ထုတ်လုပ်မယ့် Toyota အီးဗီမော်ဒယ် ၂ မျိုးကို နောက်နှစ်မှာ ထုတ်လုပ်ပါမယ်။ 

မြောက်အမေရိကမှာ ၇ ယောက်စီး SUV ကို ၂၀၂၅ မှာ ထုတ်လုပ်ပါမယ်။ အမေရိကန်မှာ ထုတ်လုပ်တဲ့ ဘက်ထရီကို သုံးစွဲမှာဖြစ်ပြီး အမေရိကန်အစိုးရရဲ့ အီးဗီထောက်ပံ့ကြေး မက်လုံး အစီအစဉ်မှာ အကျုံးဝင်စေဖို့ ရည်ရွယ်ထားပါတယ်။ 

အာရှအတွက် လုပ်ငန်းသုံး လျှပ်စစ်ကား ပစ်ကပ်ထရပ်ကို ယခုနှစ်အတွင်း ထုတ်လုပ်ပါမယ်။ ယမန်နှစ်က ပွဲထုတ်ခဲ့တဲ့ HiLux  ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

 

 

 

"ထွန်းသစ်စဈေးကွက်တွေမှာ လုပ်ငန်းကြီးထွားဖို့အတွက် အမြတ်အစွန်းရနိုင်တဲ့ hybrid တွေကို ကျွန်တော်တို့ အာရုံစူးစိုက်မှာပါ" လို့ Toyota ရဲ့ ဘဏ္ဍာရေးမှူးချုပ်က ပြောကြားပါတယ်။ 

Source drive

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 198 times