တိုယိုတာ အမြတ် စံချိန်တင် ရရှိကြောင်း ထုတ်ပြန်


တိုယိုတာ အမြတ် စံချိန်တင် ရရှိကြောင်း ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဂျပန်နိုင်ငံမှလွဲ၍ အာရှတွင် Toyota Motor ၏ လုပ်ငန်းလည်ပတ်မှု ၀င်ငွေမှာ ယန်း ၁၈၆.၉ ဘီလီယံရှိပြီး ယခင်နှစ်ကထက် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဧပြီလမှ ဇွန်လအထိ ၃ လပတ်ကာလ လုပ်ငန်းလည်ပတ်အမြတ်ငွေ စုစုပေါင်းမှာ ယန်း ၁.၁ ထရီလီယံ (ကန်ဒေါ်လာ ၇.၇ ဘီလီယံ) ရှိကြောင်း Toyota Motor မှ အင်္ဂါနေ့(ဩဂုတ် ၁)တွင် တင်ပြသည့် ၃လပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Toyota Motor သည် အခရာကျသည့် ဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် ရောင်းအားလျော့ကျခဲ့ပြီး အမြတ်လည်း လျော့နည်းခဲ့သည်။ နောက်ထပ် အခရာကျသည့် ဈေးကွက်ဖြစ်သော အမေရိကန်တွင် အမြတ် ရရှိမှု မလျော့ကျသော်လည်း ကြီးထွားမှု မရရှိခဲ့ချေ။

Toyota Motor သည်  ၃ လတာအတွင်း ကားအစီးရေ ၂.၃ သန်း ရောင်းချခဲ့သည်။ 
ဂျပန်ပြည်တွင်းမှာ အစီးရေ ၅၃၂,၀၀၀ ရောင်းချခဲ့သည်။

ဂျပန်နိုင်ငံမှအပ ကျန်အာရှတွင် ရောင်းအား စုစုပေါင်းမှာ ကားအစီးရေ ၄၁၇,၀၀၀ ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် ရောင်းအားပမာဏမှာ အစီးရေ ၄၉၉,၀၀၀ ဖြစ်သည်။

Source Nikkei Asia 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1615 times