ယင်းကားအမျိုးအစားသည် ပြည်တွင်းတွင် အသုံးများသည့် ကားအမျိုးအစား ဖြစ်ပါသည်။
ထိုကားသုံးစွဲသူများ၏ လေ့လာတွေ့ရှိချက်အရ ၂၀၁၂ မော်ဒယ် တွင် ပြဿနာအများဆုံး ဖြစ်ပြီး ၂၀၀၇ မော်ဒယ်မှာ ဒုတိယပြဿနာ အများဆုံးဖြစ်ပါသည်။
Evaporative စနစ်ချို့ယွင်းခြင်း
၁၉၉၆ မှ ၂၀၀၀ မော်ဒယ်အထိအဖြစ်များပါသည်။
EVAP Vapor Canister အငွေ့ပျံဘူးနှင့် vent valve ဗားများ ချို့ယွင်းချက်ရှိသောကြောင့် အင်ဂျင်မီး (check engine light) လင်းခြင်း အဖြစ်များပါသည်။
အိတ်ဇော ချို့ယွင်းခြင်း
၁၉၉၆ မှ ၂၀၀၃ မော်ဒယ်အထိ RAV4 ကားအမျိုးအစားများတွင် အိတ်ဇောထဲတွင်ရှိသည့် ကျောက်ဆန်ခါ(catalytic converter) ပိတ်ဆို့သည့် ပြဿနာ အဖြစ်များပါသည်။
အင်ဂျင်အပူရှိန် မြင့်တက်လာတတ်ပြီး အင်ဂျင်ချက်မီးလင်းပါသည်။
ဆေးကြောခြင်း သို့မဟုတ် အသစ်လဲလှယ်ခြင်းများ ပြုလုပ်ရပါမည်။
အော်တိုဂီယာပြဿနာ
၁၉၉၆ မှ ၂၀၀၁ မော်ဒယ်အတွင်း အဖြစ်များပါသည်။
ကီလိုမီတာ တစ်သိန်းမှ တစ်သိန်းခွဲဝန်းကျင်လောက်အထိ မောင်းနှင်ပြီးသည့်အခါ ဖြစ်တတ်ပါသည်။
အာရုံခံကိရိယာဖြစ်သည့်(throttle position sensor) သို့မဟုတ် ဆိုလီနွိုက်(shift solenoid) လဲလှယ်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။
အော်ဆီဂျင်ဆင်ဆာ
၁၉၉၈၊ ၂၀၀၁၊ ၂၀၀၆ နှင့် ၂၀၀၇ မော််ဒယ်တွင် အဖြစ်များပါသည်။
အာရုံခံကိရိယာ ဖြစ်သည့် အောက်ဆီဂျင်ဆင်ဆာ(oxygen sensors) တစ်ခု သို့မဟုတ် တစ်ခုထက်မက ချို့ယွင်းမှုမရှိသည့်အတွက် အင်ဂျင်ချက်မီး(check engine light) လင်းပါသည်။
တံခါးဆီးလ်(seal) ချို့ယွင်း
၂၀၀၁၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၆ မော်ဒယ် ကီလိုမီတာ တစ်သိန်းကျော် မောင်းနှင်ပြီးသည့် ကားများတွင် အဖြစ်များပါသည်။
ယာဉ်မောင်းသူဘက်က တံခါးတွင် အဖြစ်များပါသည်။
တံခါး၏ ဖရိန်ပတ်လည်တွင် တပ်ဆင်သည့် ဆီးလ်(seal) များ ပြတ်တောက် ပျက်စီး ကုန်ခြင်း ဖြစ်သော ကြောင့် အသစ်လဲလှယ်ရပါသည်။
ဆီစားများလာခြင်း
၂၀၀၄ မှ ၂၀၀၇ မော်ဒယ်အတွင်း ကီလိုမီတာ ၉၆၀၀၀ ကျော်မောင်းနှင်ပြီးသည့် ဆလင်ဒါလေးလုံးထိုး 2.4L အင်ဂျင်တွင် အဖြစ်များပါသည်။
RAV4 ယာဉ်မောင်းသူတိုင်း သတိပြုရမည် ဖြစ်ပါသည်။
အဓိက အင်ဂျင်ဝိုင်လဲလှယ်ရန် လိုအပ်နေပြီးဆိုသည်မှာ မပြတ်စစ်ဆေးရမည် ဖြစ်သကဲ့သို့ လဲလှယ်ရန်လိုုအပ်သည့် အင်ဂျင် အစိတ်အပိုင်းများကို စစ်ဆေးလဲလှယ် သင့်ပါသည်။
မိုင် ၃၀၀၀ မောင်းနှင်ပြီးတိုင်း အင်ဂျင်ဝိုင် နှင့် ဆီစစ်(filter) များလဲလှယ်ရပါမည်။
RAV4 အတွက် သတ်မှတ်ထားသည့် ဂရိတ်မြင့် အင်ဂျင်ဝိုင်ကိုသာ အသုံးပြုသင့်ပါသည်။
အင်ဂျင်ကြမ်းတမ်းလာခြင်း
၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ မော်ဒယ် ဆလင်ဒါလေးလုံးထိုး 2.4L အင်ဂျင်များတွင် အဖြစ်များပါသည်။
အင်ဂျင်လည်တာ ကြမ်းတမ်းလာပြီး အိတ်ဇော(exhaust) မှ မီးခိုးအထွက်များလာပါသည်။
ထို့သို့ဖြစ်ရခြင်းမှာ head gasket ချို့ယွင်းခြင်းဖြစ်ပြီး ဂတ်စ်ကတ်ချို့ယွင်းပါက အင်ဂျင်အပူရှိန်လွန်ကဲခြင်း၊ အဖြူရောင်မီးခိုးများ အိတ်ဇောက ထွက်လာခြင်း၊ အင်ဂျင်လည်ပတ်မှု ကြမ်းခြင်း၊ ဆီတိုင်းတံ(dipstick) ပေါ်တွင် အဖြူရောင် သို့မဟုတ် ခရင်မ်(cream colored) ဖြစ်နေသည့် ဆီကို တွေ့ရခြင်း၊ အင်ဂျင်ချက်မီးလင်းခြငး်၊ OBDနှင့် တိုင်းတာစစ်ဆေးသည့်အခါ OBD Trouble Codes P 2181,P0300 ကိုပြသာနာ တို့ဖြစ်ပါသည်။
ယင်းပြဿနာကအမြဲတမ်းကြိုတင်ကာကွယ်လို့မရနိုင်ပါ။
သို့သော်ယာဉ်မောင်းသူပြုလုပ်နိုင်ခြင်းမှာ အင်ဂျင်လည်ပတ်နေသည့် အချိန် အမြဲတမ်း အင်ဂျင်၏ အပူချိန်က သာမာန်အပူချိန်သာ ဖြစ်နေရဲ့လားဆိုသည်ကို ဂရုစိုက်စစ်ဆေးနေရမည် ဖြစ်ပါသည်။