Mini MPV အမျိုးအစားဖြစ်သည့် Toyota Ractis ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလတွင် Toyota ၏ Kanto Auto Works တို့မှပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
Toyota Ractis မှာငါးယောက်စီးကားအမျိုးအစားဖြစ်ပြီး Toyota Vitz ကိုအခြေခံပြီးထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
Toyota Ractis တွင် ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီအင်ဂျင်နှစ်မျိုးဖြင့်ထုတ်လုပ်ထားပါသည်။
၁၅၀၀ စီစီတွင် 2WD, 4WD နှစ်မျိုးရှိသော်လည်း ၁၃၀၀ စီစီတွင် 2WD တစ်မျိုးတည်းနှင့်သာထုတ်လုပ်ထားပါသည်။
Paddle Shift Mode မှာ ၁၅၀၀ စီစီအင်ဂျင်ကားများသာရှိတတ်ပါသည်။
ရုပ်ပြောင်းသွားသည့် ၂၀၁၀ မိုဒယ်နောက်ပိုင်းကားများမှာရှေ့ရှဲလ်၊ ရှေ့မီးခွက်နှင့်နောက်မီးခွက်များပြောင်းသွားသကဲ့သို့ ဘော်ဒီအချိုးမှာလည်းအရင်ပုံဟောင်းနှင့်မတူတော့ပါ။
ရှေ့ဝိုက်ပါမှာလည်း Vitz ပုံပြောင်းကဲ့သို့တစ်ချောင်းတည်းဖြစ်သွားပါသည်။
အတွင်းခန်းအပြင်အဆင်၊ Dashboard၊ ဒိုင်ခွက်အထိုင်များပြောင်းသွားပြီး ဂီယာအထိုင်မှာလည်းပုံဟောင်းကဲ့သို့ Dashboard ဂီယာမဟုတ်တော့ဘဲ ဘောဂီယာဖြစ်ပါသည်။
Toyota Ractis တွင် G,X,S, XV Package များအပြင် Lepice ဂရိတ်လည်းရှိပါသည်။
ယင်းဂရိတ်မှာ ၁၅၀၀ စီစီအင်ဂျင်တွင်သာရှိပြီးရှေ့ရှဲလ်နှင့်မီးခွက်များပြောင်းသွားပါသည်။
ထို့ပြင်ထိုင်ခုံအရောင်မှာလည်း Dashboard အရောင်ကဲ့သို့နှစ်ရောင်စပ်ဖြစ်သွားပါသည်။
G Grade မှာအမြင့်ဆုံးဖြစ်ပြီး Digital Aircon,Push-Start,Leather Steering ဖြစ်သွားပါသည်။
၂၀၁၃ မိုဒယ်မှစပြီဂရိတ်အားလုံးမှာ Steering Volume Control နှင့်နောက်ခုံတန်းတွင်ခေါင်းမှီသုံးလုံး ပါသွားပါသည်။
Toyota Ractis ၂၀၁၂ မိုဒယ်၊ ၁၃၀၀ စီစီကိုရန်ကုန်လိုင်စင်နှင့်စလစ်ကပ်ပြီး တင်သွင်းမည်ဆိုပါက ကျပ် ၂၂၅ သိန်းဝန်းကျင်ကျသင့်မည်ဖြစ်ပြီး နယ်လိုင်စင်နှင့်တင်သွင်းထားသည့်စတိနံပါတ်ကားကိုဝယ်ယူမည်ဆိုပါက ကျပ်သိန်း ၁၈၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပါသည်။
Source:Automobile Journal