Toyota ၂၀၂၂ ပထမနှစ်ဝက်အမြတ် ဆက်လက်ကျဆင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota Motor Corp က ဧပြီလမှ စက်တင်ဘာလအထိ ပထမဘဏ္ဍာရေးနှစ်ဝက် ၆ လတာတွင် အမြတ် ယန်း ၁.၁၇ ထရီလီယံ (ကန်ဒေါ်လာ ၇.၉ ဘီလီယံ) ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၃.၂% လျော့နည်းကြောင်း အင်္ဂါနေ့ (နိုဝင်ဘာလ ၁) မှာ ပြောကြားပါတယ်။
ပထမသုံးလပတ်ပြီးနောက် ၎င်း၏ဝင်ငွေအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်တက်ကြောင်း ကုမ္ပဏီက ပြောကြားသည်။
.
ယန်း-ကန်ဒေါ်လာ ငွေလဲနှုန်း ကျဆင်းနေသဖြင့် ပြည်ပရောင်းအားမှရသော ကန်ဒေါ်လာကို ယန်းဖြင့်တွက်ချက်သည့်အခါ ယန်းပမာဏ ပိုမို ရရှိသော်လည်း အမြတ်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
Toyota က လာမည့် မတ်လတွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာရေးနှစ်အတွက် တစ်နှစ်တာ ထုတ်လုပ်မှု လျာထားချက်ကို မေလတွင် စီးရေ ၉.၇ သန်းဟု သတ်မှတ်ခဲ့ပြီး ယခုအခါ စီးရေ ၉.၂ သန်းဟု ပြင်ဆင် သတ်မှတ်ထားသည်။
ကမ္ဘာ့ချစ်ပ် ပြတ်လပ်မှုကြောင့် ထုတ်လုပ်ရေး ထိခိုက်နေဆဲ ဖြစ်ကြောင်း ဘဏ္ဍာရေးအရာရှိချုပ် Kenta Kon က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
.
EV မဟာဗျူဟာနှင့်ပတ်သက်၍ မေးမြန်းရာတွင် ကုမ္ပဏီ မူလအစီအစဉ်သည် ၂၀၃၀ တွင် အီးဗီ စီးရေ ၃.၅ သန်းရောင်းချရန် အစီအစဉ် မပြောင်းလဲကြောင်း ဆက်သွယ်ရေးအရာရှိချုပ် Jun Nagata မှ ပြောကြားခဲ့ပါသည်။
Source kyodonews