Toyota Probox/Succeedအကြောင်း


ကားလောကတွင်ခိုင်းမှာဆို Probox သာဝယ်ဟုအတော်များများပြောကြသောစကားများကိုကြားရပါသည်။

အများစုမှာ Probox နှင့် Succeed အတူတူပဲဟုထင်မြင်နေကြခြင်းဖြစ်သည်။

Probox

First generation ဟုခေါ်သည့် Probox ကို ၂၀၀၂ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပါသည်။

Commercial compact car အမျိုးအစားတံခါး ၅ ပေါက်နှင့်ရှေ့ယက် သို့မဟုတ် 4WD နှစ်မျိုးထုတ်လုပ်ထားပါသည်။

အင်ဂျင်မှာ 1.3L နှင့် 1.5L ဟူ၍နှစ်မျိုးထုတ်လုပ်ထားပါသည်။

1.3L 2NZ-FE 14နှင့် 1.5L 1NZ-FE 14များတပ်ဆင်ထုတ်လုပ်ထားပါသည်။

1.3L အင်ဂျင် Probox တွင် chassis အနေဖြင့် UA-NCP50 ဟုထွက်ပြီး 1.5L အင်ဂျင်တပ်ပါက UA-NCP58G/ NCP55/ NCP51 ဟုထွက်ပါသည်။

(4WD ဆိုပါက NCP59G)

ဂရိတ်မဖော်ပြထားသည့်ကတုံးဆိုလျှင် NCP50နှင့်ထွက်လေ့ရှိပြီးမှန်လက်လှည့်/မှန်ချိုးမပါ/ဘက်မှန် အသေးနှင့်လာလေ့ရှိပါသည်။

DX grade အမှန်အကန်ဆိုလျှင်ဒရိုင်ဘာမှန်တစ်ပေါက်ပါဝါဖြစ်သွားပြီးမှန်ချိန်ပါလာ၍ ဘက်မှန်အကြီးဖြစ်လာပါမည်။

Radio FMပါပါသည်။

GL grade မှာရှေ့တံခါးနှစ်ပေါက်ပါဝါဖြစ်သွားပြီးမှန်ချိုးမှန်ခေါက်ခလုတ်လေးပါလာမည်ဖြစ်ပြီးနောက် wiper ပါလာမည်ဖြစ်သည်။

ကျန်တာမှာ DX နှင့်အားလုံးတူပါသည်။

F grade တွင် 1.3 အနေဖြင့်မလာတော့ပဲ 1.5 သာလာသည်ကိုတွေ့ရပါသည်။

Manual ဂီယာ ၅ ချက်နှင့်လည်းထုတ်သကဲ့သို့ကတုံးလည်းထွက်ပြီးမှန်းရအခက်ဆုံးဂရိတ်ဟုပြောချင်ပါသည်။

F extra package မှာနေတာ့ GL နှင့်ဆင်တူပါသည်။

ထူးခြားချက်မှာနောက်ထိုင်ခုံခေါင်းမှီပါလာခြင်းဖြစ်ပြီး တံခါး ၄ ပေါက်နှင့်ပါဝါနှင့်လည်းလာပါသည်။

Succeed

Succeed မှာ Probox ကိုအဆင့်မြှင့်ထားသည့်လူစီး wagon အမျိုးအစားဖြစ်ပြီး နောက်ဖုံးတံခါး၊ရှေ့မီးခွက်၊ နောက်မီးခွက်နှင့်အတွင်းထိုင်ခုံများမတူပါ။

UL,ULX,TX,TXG ဟူ၍ဂရိတ် ၄ မျိုးလောက်တွေ့ရလေ့ရှိပြီး chassis မှာတော့ Probox နှင့်သွားတူနေပါသည်။

Succeed မှာတော့အင်ဂျင်ပါဝါ 1.5L 1NZ-FE 14သည် standard ဖြစ်သည်။

UL ဂရိတ်တွင်အကွဲ ၂ မျိုးလောက်တွေ့ရပါသည်။

ရှေ့ပါဝါ ၂ ပေါက်၊ မှန်ချိန်နှင့်လာသကဲ့သို့လက်လှည့်နှင့်လည်းလာပါသည်။

ULX မှာရှေ့ပါဝါ ၂ ပေါက်သို့မဟုတ် ၄ ပေါက်ပါပြီး ကျန်အားလုံးနီးပါပါဝင်ပါသည်။

TX grade မှာပါဝါ ၂ ပေါက်နှင့်ထူးခြားချက်အဖြစ်မှန်ချိုးမပါဝင်ပါ။

TXG မှာအစုံဆုံးဂရိတ်ဟုသာသတ်မှတ်ရမည်ဖြစ်သည်။

ပါဝါ ၂ ပေါက်/ ၄ ပေါက်၊ မှန်ချိုး၊ မှန်ချိန်၊ Alloy, Back mirror heater စသည်ဖြင့်တော်တော်စုံပါသည်။

Succeed တိုင်း၏ထူးခြားချက်အနေဖြင့်နောက်တုတ်ဂရိတ်တိုင်းတွင်ပါသကဲ့သို့/ပါဝါတစ်ပေါက်မရှိပါဘူး။

Succeed တွင်ဒီဇယ်အင်ဂျင်တပ်အမျိုးအစားလည်းထုတ်လုပ်ပါသည်။

1.4L 1ND-TV 14 D4-D ဒီဇယ်အင်ဂျင်ကို manual ဂီယာ ၅ ချက်နှင့်တွဲလာပါသည်။

Probox ၏ဆီစားနှုန်းမှာလည်းသက်သာလှပါသည်။

ယနေ့ရန်ကုန်မြို့ကဲ့သို့ယာဉ်ကြောကျပ်တည်းသည့်နေရာတွင် Probox ၏ဆီစားနှုန်းမှာတခြားသောကားအမျိုးအစားများထက်သာလွန်သက်သာနေပါသည်။

အောက်တွင်ပျမ်းမျှဆီစားနှုန်းများကိုယှဉ်ပြထားပါသည်။

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

2014 July တွင်ပုံပြောင်းProbox နှင့် Succeed ကိုစတင်ရောင်းချခဲ့ပါသည်။

လက်ရှိဂျပန်တွင်ရောင်းချနေသည့်မော်ဒယ်ဖြစ်ပါသည်။
F, GL, DX comfort , DX ဆိုပြီးရောင်းချလျှက်ရှိပါသည်။
chassis အနေဖြင့်NCP50 / 51/55/58/59 စသဖြင့်သုံးစွဲနေပါသေးသည်။

F grade မှာပါဝါ ၄ ပေါက်၊နောက်ထိုင်ခုံခေါင်းမှီ၊စီယာရင် logo နီကယ်၊ဘီးဖုံး၊တံခါးလက်ကိုင်ကားအရောင်တူ၊ ဘက်မှန်ကားအရောင်တူ၊မှန်မည်း၊remote key နှင့် audio-less cover များပါဝင်မည်ဖြစ်ပါသည်။

GL မှာဘီးဖုံးမပါတော့ပါဘူး၊ပါဝါရှေ့တံခါး ၂ ပေါက်ပဲပါမည်၊ FM radio ပါလာမည်၊နောက်ခေါင်းမှီမပါတော့ဘူး၊ စီယာရင် logo မှာနီကယ်မပါတော့ပါဘူး။

ကျန်တာအားလုံးကတော့ F grade အတိုင်းဖြစ်ပါသည်။

DX comfort တွင်သံဂွေဘီးဖုံးမပါ,လက်ကိုင်နှင့်နောက်တံခါးလက်ကိုင်, စီယာရင်လိုဂိုအားလုံးအမည်းရောင် , ဘက်မှန်အမည်းရောင်(အသေး) ဖြစ်သွားပြီး GL နှင့်ကျန်တာအားလုံးတူပါသည်။

DX မှာအနိမ့်ဆုံးဂရိတ်ပါဝါတစ်ပေါက် , ရိုးရိုးကီးနှင့်မှန်ချိုး မပါတော့ပါဘူး။

Dashboard တွင် slide table, ABS , driver cup holder စသည်တို့မှာကားအားလုံးတွင်ပါဝင်ပါသည်။
1.3Lနှင့်1.5L အင်ဂျင် ၂ မျိုးကို super CVT-i transmission တပ်ဆင်ထုတ်လုပ်ပါသည်။
1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါသည်။

ဆီစားနှုန်းကတော့F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L အသီးသီးရှိကြောင်းတိုယိုတာဂျပန်တွင်ပြောထားပါသည်။

Succeed အနေနှင့်ထူးခြားသွားခြင်းမှာပုံပြောင်းချိန်တွင်လုံးဝပုံစံတူသွားခြင်းဖြစ်ပါသည်။
ဂရိတ်လည်း ၄ မျိုး အတူတူထွက်ပါသည်။
TX, UL-X, UL နှင့် U ဖြစ်ပါသည်။
U = DX , UL= DX comfort, UL-X=GL, TX= F ဟုသတ်မှတ်လို့ရပါသည်။
တစ်ခုပါပဲ Succeed မှာ 1.5 L အင်ဂျင်နှင့်သာထုတ်ပါသည်။
အရောင်အနေနှင့် ၆ ရောင်ထိရရှိနိုင်ပြီးအဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ဖြစ်ပါသည်။

Read 21358 times