တိုယိုတာ အပေါ့စား လုပ်ငန်းသုံးယာဉ် မော်ဒယ် အသစ်များ ဥရောပအတွက် ထုတ်လုပ်မည်


တိုယိုတာ အပေါ့စား လုပ်ငန်းသုံးယာဉ် မော်ဒယ် အသစ်များ ဥရောပအတွက် ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တိုယိုတာက ဥရောပအတွက် အပေါ့စား လုပ်ငန်းသုံးယာဉ် Light commercial vehicle (LCV) မော်ဒယ်အသစ်များ ထုတ်လုပ်မည် ဖြစ်ပြီး ဟိုက်ဘရစ် ဒီဇယ် ဟိုင်းလပ် ပစ်ကပ် ဗားရှင်း အသစ်၊ လျှပ်စစ်ဗင် ၃ မျိုးတို့ ပါဝင်သည်။ 

 

 

 

၎င်းမော်ဒယ်များကို Stellantis နှင့် တိုယိုတာတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ပြီး တိုယိုတာက မော်ဒယ်အမည်ပေးခြင်းနှင့် တိုယိုတာ အမှတ်တံဆိပ် အသုံးပြုခြင်း သက်သက်မျှသာ ဖြစ်သည်။

 

 

 

Toyota ProAce Max မော်ဒယ်သည် ဗင်အကြီးစား ကုန်တင်ယာဉ် ဖြစ်သည်။ 
ProAce နှင့် ProAce City တို့သည် ရှိပြီးသား မော်ဒယ်ကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။ 
ဗင် ၃ မျိုးစလုံး လျှပ်စစ်ကားများ ဖြစ်ကြသည်။

ဒီဇယ်အင်ဂျင် ဟိုင်းလပ် ပစ်ကပ်ထရပ်ကို ၄၈ ဗို့ ဘက်ထရီထုပ် ထည့်ပေးပြီး ဟိုက်ဘရစ်အဖြစ် ပြန်လည် ထုတ်လုပ်သည်။

 
 Toyota ProAce Max ကို Stellantis က ထုတ်လုပ်ပေးမည် ဖြစ်သဖြင့် Stellantis မှ ထုတ်လုပ်သည့်  Fiat Ducato, Citroen Jumper, Peugeot Boxer, Opel Movano, Ram ProMaster တို့နှင့် အတူတူပင် ဖြစ်ပြီး ကွာခြားချက်မှာ Toyota တံဆိပ်တပ်ထားခြင်းနှင့် ယာဉ်ရှေ့ပိုင်း သွင်ပြင်ကို ဒီဇိုင်းပြန်ထုတ်ပေးထားခြင်း ဖြစ်ပါသည်။

 ကျန်သည့် ကိုယ်ထည်တခုလုံးသည် Stellantis ၏ ဗင်အကြီးစားများနှင့် အတူတူပင် ဖြစ်သည်။
ယာဉ်အတွင်းပိုင်းမှာလည်း အတူတူပင် ဖြစ်သည်။

ProAce Max ကို ဗားရှင်း ၆ မျိုးဖြင့် ထုတ်လုပ်သည်။ ကုန်တင်ရန်နေရာ အရွယ်အစားမှာ 17 m³ (600 cubic feet) ဖြစ်ပါသည်။

အဆိုပါ ဗင်များ၏ ရောင်းဈေးအသီးသီးကို ဈေးကွက် တင်ခါနီးတွင် ကြေညာပေးမည် ဖြစ်ပါသည်။
Carscoops
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1823 times