Toyota Prius 2012


ယင်းကားအမျိုးအစားကို ၁၉၉၇ မိုဒယ်မှ ၂၀၀၃ မိုဒယ်အထိကိုပထမမျိုးဆက်

၊ ၂၀၀၃ မိုဒယ်မှ၂၀၀၉ မိုဒယ်အထိကိုဒုတိယမျိုးဆက်၊ ၂၀၀၉ မိုဒယ်မှ ၂၀၁၅ မိုဒယ်အထိကို တတိယမျိုးဆက်နှင့် ၂၀၁၅ မိုဒယ်အထက်ကိုစတုတ္ထမျိုးဆက်အဖြစ်သတ်မှတ်ပြီး ၂၀၀၉ မိုဒယ်အထိကို Car of the Year Japan ဆုကိုနှစ်ကြိမ်ဆုရရှိခဲ့ပါသည်။

Toyota Prius ကိုဘယ်မောင်းအနေဖြင့်ထုတ်လုပ်ထားပြီး ၂၀၁၅ မိုဒယ်ကိုတင်သွင်းမည့်သူများအတွက် ဖရီးပါမစ်နှင့် တင်သွင်းလို့ရနိုင်ပါသည်။

အင်ဂျင်အမျိုးအစားမှာHybird အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ ၁၈၀၀ စီစီရှိပါသည်။

ယင်းကားကိုဟိုင်းဝေးခရီးမောင်းနှင်မည်ဆိုပါက ၄၀ ဒသမ ၅ မိုင်ခရီးကို ၅ ဒသမ ၇၉ လီတာဆီစားနှုန်းသာရှိပါသည်။

ဘက်ထရီချွတ်ယွင်းမှုကြောင့်လဲလှယ်မည်ဆိုပါကအမေရိကန်ဒေါ်လာ ၂၂၀၀ မှ ၂၆၀၀ ကြားကျသင့်မည် ဖြစ်ပါသည်။

၂၀၁၄ မိုဒယ်အထိကို 2WD အင်ဂျင်နှင့်သာထုတ်လုပ်ထားသော်လည်း ၂၀၁၅ မိုဒယ်မှာ 2WD၊ 4WDနှစ်မျိုးထုတ်လုပ်ပါသည်။

ကားဘော်ဒီဒီဇိုင်းကို လေခွင်းအားကောင်းအားတည်ဆောက်ထားပါသည်။

၂၀၁၂ မိုဒယ်မှာG, S, L, G Touring Selection Leather Package, S Touring Selection My Coorde, G Touring Selection, S My Coorde, S Touring Selection စသောဂရိတ်ခွဲများရှိပါသည်။

Touring Selection ဂရိတ်များတွင် အလွိုင်းဆိုက် ၁၇ လက်မဖြစ်သွားပြီး ကျန်ဂရိတ်များမှာ ပုံမှန် ၁၅ လက်မရှိပါသည်။

ဂရိတ်အားလုံးတွင် Digital Aircon, Push-start ဖြစ်ပြီး လေလံအပေါ်မူတည်ပြီး တချို့ကားများတွင် Sunroof ပါပါသည်။

ရှေ့နှင်းခွဲမီးပါရှိပြီး ရှေ့မီးကြီးများလည်း Xenon မီးဖြူဖြစ်သွားပါသည်။

G Touring ဂရိတ်မှာအမြင့်ဆုံးဖြစ်ပြီး ထိုင်ခုံမိုတာ၊ လယ်သာစတီယာရင်နှင့် Cruise Control စသည်တို့ပါဝင်ပါသည်။

ယင်းကားဈေးနှုန်းမှာ ကျပ်သိန်းလေးရာဝန်းကျင်ရှိပြီး G Touring ဂရိတ်မှာကျပ်သိန်း ၄၁၀ နှင့်အထက်တွင် ရှိကြောင်းသိရသည်။

 

Read 1944 times