Toyota ဧပြီလ ရောင်းအား မြင့်တက်


Toyota ဧပြီလ ရောင်းအား မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


Toyota Motor Corp ၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားသည် ဧပြီလတွင် ယမန်နှစ်ကထက်  ၅% နီးပါး မြင့်တက်ခဲ့ပြီး ဟိုက်ဘရစ် နှင့် ဓာတ်ဆီအင်ဂျင်ကားများ ဂျပန်နှင့် တရုတ်တို့တွင် ဝယ်ယူမှု များပြားခဲ့သည်။

 ဘက်ထရီသုံး အီးဗီများ၏ ပြည်ပရောင်းအားလည်း အခြေအနေ ပိုကောင်းလာသည်ဟု Toyota က ပြောကြားသည်။
 
Toyota သည် ဧပြီလတွင် စည်းစိမ်းကား  အမှတ်တံဆိပ် Lexus အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ကားအစီးရေ ၈၀၀,၈၆၃ ရောင်းချခဲ့သည်။ 
ဂျပန်ပြည်တွင်းတွင် ၁၂၅,၃၂၆ စီး ရောင်းချခဲ့ပြီး ထက်ဝက်ကျော်မှာ ဟိုက်ဘရစ်ကားများ ဖြစ်သည်။
တရုတ်ပြည်တွင် ၁၆၂,၅၅၄ စီး ရောင်းချခဲ့သည်။ 
ကမ္ဘာတစ်လွှားတွင် Lexus အမှတ်တံဆိပ် အပါအဝင် ဘက်ထရီသုံး အီးဗီ ၈,၅၈၄ စီး ရောင်းချခဲ့သည်။ Toyota ကမ္ဘာ့ရောင်းအား၏ ၁% ကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိသည်။

၂၀၂၃ ဇန်နဝါရီလမှ ဧပြီလအထိ ဘက်ထရီသုံး အီးဗီ ၂၆,၀၅၇ စီး ရောင်းချခဲ့သည်။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 290 times