ကျပ်သိန်း ၁၃၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်တဲ့ ကား (Toyota Passo )


Toyota ကနေ Supermini ကားအဖြစ် ထုတ်လုပ်ထားတဲ့ Toyota Passo ဟာ အရွယ်အစားသေးငယ်ပြီး ပေါ့ပါးပေမဲ့ အင်ဂျင်စွမ်းအား ကောင်းမွန်တဲ့အတွက် ၁၃ဝဝစီစီနဲ့အောက် ကားထဲမှာ လူကြိုက်များပါတယ်။ Passo ပုံပြောင်းကလည်း အရောင်းအသွေးစုံပြီး ချစ်စဖွယ်အသွင်ပုံရှိတဲ့အတွက် အမျိုးသမီးကားချစ်သူတွေကြားမှာ ရေပန်းစားတဲ့ကား ဖြစ်ပါတယ်။ Tyota Passo ကို ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Dahiatsu Boon ၊ Daihatsu Sirion လို့လည်း လူသိများပါတယ်။ Dahiatsu Boon နဲ့ Tyota Passo ကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ထားတာဖြစ်ပြီး Sirion ကတော့ ဥရောပဈေးကွက်အတွက် ဖြစ်ပါတယ်။ Tyota Passo ကို ၂ဝဝ၄ မိုဒယ်အထိ ပထမမျိုးဆက် ၊ ၂၀၁၀ နောက်ပိုင်းကို ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

Image result for toyota passo

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

2010 Passo ပုံများမှာ ရှေ့/နောက် ဘမ်းပါ ၊ မီးခွက် ၊ ရှဲလ်နဲ့ နောက်တံခါး အဖွင့် / အပိတ်လက်ကိုင်အထိုင်တွေ ပြောင်းသွားပါတယ်။ ၂၀၁၀ မိုဒယ် နဲ့ နောက်ပိုင်းမှာ နှင်းခွဲမီးအထိုင် သီးသန့်မပါတော့သလို မီးခွက်ကလည်း Oval Shape ဖြစ်သွားပါတယ်။ ၂၀၁၀ မိုဒယ် ၁၀၀၀ စီစီမှာ XV Package ၊ X ၊ Plus HANA C Package ၊ Plus HANA တို့ရှိပြီး ၁၃၀၀ စီစီမှာတော့ G နဲ့ Plus HANA ဂရိတ် နှစ်မျိုးပဲရှိပါတယ်။ Plus HANA ဂရိတ်တွေမှာ ထိုင်ခုံအရောင်စပ်ဖြစ်ပြီး Digital Aircon ၊ Smark Key နဲ့ ဘက်မှန်မီးခြောက်ပါပါတယ်။ ၁၃၀၀ စီစီ G ဂရိတ်ကလည်း Digital Aircon ၊ Smark key ဖြစ်ပြီး ထိုင်ခုံလျှောက်လမ်း ပါရှိပါတယ်။ Toyota Passo ဟာ ၁၃၀၀ စီစီ နဲ့ ၁၀၀၀ စီစီ ကားတွေထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး အလေးချိန်၂,၀၇၂ ပေါင်ပဲ ရှိပါတယ်။

Image result for toyota passo engine

 

အင်ဂျင်အမျိုးအစား

Toyota Passo ပုံပြောင်းမှာလည်း အင်ဂျင်ပါဝါ ၁၀၀၀ စီစီနဲ့ ၁၃၀၀ စီစီ နှစ်မျိုးရှိပြီး ၁၀၀၀ စီစီမှာ 2WD ၊ 4WD နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ၂၀၀၈ မိုဒယ်ကစလို့ Chassis ပြောင်းသွားပြီး ၁၃ဝဝ စီစီက NGC131 ၊ ၁၀၀၀ စီစီမှာ 4WD u KGC35 နဲ့ 2WD က KGC30 ဖြစ်ပါတယ်။

ဈေးနှုန်း

၂ဝ၁ဝ မိုဒယ်နဲ့နောက်ပိုင်း Toyota Passo ပုံပြောင်းကားတွေက ၁ဝဝဝ စိစိဆိုရင် အက္ခရာနဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ် ၁၂၅ သိန်းကနေ ၁၃၅ သိန်းကြားမှာ ရှိပါတယ်။ ၁၃၀၀ စီစီဆိုရင်တော့ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင် ၊ အက္ခရာအနိမ့် /အမြင့်နဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၁၃၀ ကနေ ၁၅ဝ ကြားမှာ ရှိပါတယ်။

 

Read 1435 times