Toyota  က အခြားကားလုပ်ငန်းများနှင့်အတူ လုပ်ငန်းသုံး လျှပ်စစ်ဗင်ငယ်များနှင့်  လျှပ်စစ်ထရပ်များ ထုတ်လု


Toyota  က အခြားကားလုပ်ငန်းများနှင့်အတူ လုပ်ငန်းသုံး လျှပ်စစ်ဗင်ငယ်များနှင့်  လျှပ်စစ်ထရပ်များ ထုတ်လုပ်မည်

 

Toyota Motor Corp က လုပ်ငန်းသုံး လျှပ်စစ်ဗင်ကားငယ်များနှင့် လောင်စာဆဲလ် လျှပ်စစ်ထရပ်ကားအပေါ့စား များ ထုတ်လုပ်ရန်အတွက် မဟာမိတ်မော်တော်ကားထုတ်လုပ်သူများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့(ဇူလိုင် ၂၁)တွင် ပြောကြားခဲ့ပါတယ်။ 

အဆိုပါ မော်ဒယ်များကို လျှပ်စစ်ဓာတ်အားသုံး မော်တော်ယဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို မြှင့်တင်ရန်အတွက် ရည်ရွယ်ထုတ်လုပ်မှာဖြစ်ပြီး နောက်ပိုင်းမှာ ရောင်းအား အခြေအနေကောင်းလာတဲ့အခါ အမြောက်အမြား ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

 စီမံကိန်းကို ၂၀၂၃ ဇန်နဝါရီလမှာ စတင်ဖို့ လျာထားပါတယ်။ အဆိုပါ လုပ်ငန်းသုံး လျှပ်စစ်ဗင်ကားငယ်များနှင့် လောင်စာဆဲလ် လျှပ်စစ်ထရပ်ကားအပေါ့စားများကို တိုကျိုနှင့် ဖူကူရှီမားတို့အကြား ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ 

 

မီနီမော်တော်ယာဉ် ထုတ်လုပ်မှုမှာ အထူးကျွမ်းကျင်ပြီး အတွေ့အကြုံများလည်း ရှိထားတဲ့ Daihatsu နှင့် Suzuki Motor Corp တို့နှင့်အတူ လက်တွဲပြီး Toyota  လုပ်ကိုင်မှာ ဖြစ်ပြီး အရွယ်အစားငယ်တဲ့ လုပ်ငန်းသုံး လျှပ်စစ်ဗင်ကားငယ်များကို ၂၀၂၃ မှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အမြောက်အမြားထုတ်လုပ်ဖို့ကိုတော့ အချိန်အခါသင့်တော့မှ စီစဉ်ဆောင်ရွက်မယ်လို့ ပြောကြားပါတယ်။ 

ဂျပန်နိုင်ငံမှာ မီနီမော်တော်ယာဉ် Minivehicle လို့ ဆိုရာမှာ အင်ဂျင်ပါတဲ့ကားတွေအဖို့ 600cc တပ်ဆင်ပေးထားတဲ့ ကားငယ်များကို ဆိုလိုပါတယ်။ မီနီ လုပ်ငန်းသုံးယာဉ််အမျိုးမျိုးတို့က ဂျပန်နိုင်ငံ လုပ်ငန်းသုံးယာဉ်စီးရေ စုစုပေါင်းရဲ့ ၆၀% ကို ဝေစု ရထားပါတယ်။ တောရောမြို့ပါမကျန် နေရာအနှံ့မှာ သုံးစွဲကြပါတယ်။ အရွယ်ငယ်တဲ့အတွက် လမ်းကျဉ်းတွေ အသုံးပြုနိုင်လို့ အသုံးတွင်ကျယ်ပါတယ်။ 

လောင်စာဆဲလ် လျှပ်စစ်ထရပ်ကားအပေါ့စား များ ထုတ်လုပ်ဖို့ကိုတော့ Toyota က ထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြတဲ့ Isuzu Motors Ltd နှင့် Hino Motors Ltd တို့နှင့်အတူ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

စီမံကိန်းကာလာကို ၂၀၃၀ မတ်လအထိ သတ်မှတ်ထားပါတယ်။ 

ပထမအဆင့်မှာ စီးရေ စုစုပေါင်း ၅၈၀ ဝန်းကျင် ထုတ်လုပ်ဖို့ လျာထားပါတယ်။ 

#MyanmarAutomobileGuide


Telegram Channel

https://t.me/Guid4U

 

 

MAG

Read 1470 times