Toyota ကားပိုင်ရှင်များက ဆေးကွာခြင်းကို ကုမ္ပဏီက တာဝန်ယူ ပြုပြင်ပေးဖို့ တောင်းဆို


Toyota ကားပိုင်ရှင်များက ဆေးကွာခြင်းကို ကုမ္ပဏီက တာဝန်ယူ ပြုပြင်ပေးဖို့ တောင်းဆို

 

ကားထုတ်လုပ်သူမှ ချွတ်ယွင်းချက်ကို အသိအမှတ်ပြုသော်လည်း ပြုပြင်ရန်အတွက် ကုန်ကျစရိတ်ကို ဆေးအဖြူရောင် တိုယိုတာ မော်ဒယ်လ် ကားပိုင်ရှင်များကသာ ဆေးသားများ အဖတ်လိုက်ကွာကျနေတာကို ဆေးပြန်မှုတ်ရတဲ့ စရိတ်ကို ကျခံနေရလို့ ကုမ္ပဏီက တာဝန်ယူ ပြုပြင်ပေးဖို့ တောင်းဆိုမှုများ ဩစတေးလျမှာ ဖြစ်ပွားနေပါတယ်။ 

Toyota ကားပိုင်ရှင်များ အုပ်စုဖွဲ့ပြီး ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်း Toyota  ကို ဆေးအဖတ်လိုက် အရေခွံကွာသလို ကွာကျနေတာကို ပြုပြင်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

မကျေမနပ်ဖြစ်နေသော ကားသမားများက ၎င်းတို့ရဲ့  ကားကိုယ်ထည်မှာ ဖြစ်ပျက်နေတာကို မျှဝေကြဖို့ Facebook မှာ 'Toyota Australia Peeling Paint'  အမည်ဖြင့် Public group  တစ်ခု ထူထောင်ထားပါတယ်။  ယခု စာရေးချိန်မှာ အဖွဲ့ဝင် ၁,၇၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

အဝေးပြေးလမ်းမှာ မောင်းနှင်နေစဉ် ဆေးသားက စာအိတ်အရွယ်အစား အဖတ်လိုက် ကွာကျကုန်တယ်လို့ ဆိုပါတယ်။ ကားရေဆေးစဉ် ဆေးသားအဖတ်လိုက် ကွာကျသူလည်း ရှိပါတယ်။ အဖြစ်အပျက် အတွေ့အကြုံကို ပုံများနှင့်တကွ တင်ပြထားကြပါတယ်။ 

Toyota Australia က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဆေးအရေခွံကွာတဲ့ သတင်းပေးပို့ချက်များကို လက်ခံရရှိကြောင်း ဖော်ပြထားပါတယ်။ 

အဖြူရောင် မှုတ်ဆေး (colour code 040) ကု စက်ရုံတစ်ခုမှာ မှုတ်ခဲ့စဉ်မှာ ချို့ယွင်းချက် ဖြစ်ပွားခဲ့ကြောင်း၊ နေထိုးလျှင် ဖြစ်စေ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့လျှင် ဖြစ်စေ အချိန်ကြာလာတဲ့အခါ ဆေးသားမှာ ပါတဲ့ တွယ်ကပ်ဂုဏ်သတ္တိ ပျက်ပြယ်သွားပြီး အဖတ်လိုက် ကွာကုန်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။

အောက်ခံအလွှာ  primer coat layer နှင့်  ၎င်းအပေါ်မှ အလွှာ  base metal electrodeposition layer တို့အကြားမှာ နေရာယူတဲ့ တွယ်ကပ်ဂုဏ်သတ္တိ အရည်အသွေး ကျဆင်းပြီး ဆေးသားကွာကုန်ခြင်း ဖြစ်ကြောင်း၊ အရေခွံနွှာသည့်အတိုင်း ကိုယ်ထည်မှာ ကွာကျကုန်ကြောင်း ရှင်းပြထားပါတယ်။ 

Toyota Australia က အသိအမှတ်ပြုသည်မှာ ၂၀၀၇ နှင့် ၂၀၁၅ ခုနှစ်အကြား ထုတ်လုပ်ခဲ့တဲ့ Corolla နှင့် Rukus  ကားတွေမှာ အဖြစ်များကြောင်း၊ အဆိုပါ မော်ဒယ်များအတွက် ‘Warranty Extension Program’ ပေးအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာမခံချက် သက်တမ်းတိုးခြင်း အစီအစဉ် Warranty Extension Program အရ ဆေးပြန်မှုတ်ပေးတဲ့ ဝန်ဆောင်မှုကို ကားပိုင်ရှင်က အခမဲ့ ရယူနိုင်ပါတယ်။ သက်တမ်းက ကားကနဦး မှတ်ပုံတင်သည့်နေ့ရက်မှ ၁၀~၁၂ နှစ်အထိ အကျုံးဝင်ပါတယ်။

မောင်းနှင်ထားတဲ့ ခရီးတာမိုင်စုစုပေါင်းနှင့် မသက်ဆိုင်ဘဲ ကားသက်တမ်းအရသာ စဉ်းစားဆုံးဖြတ်မှာ ဖြစ်ကြောင်း Toyota Australia က ပြောကြားပါတယ်။ 

အဆိုပါ အာမခံချက် သက်တမ်းတိုးခြင်း အစီအစဉ်မှာ အကျုံးမဝင်တဲ့ မော်ဒယ်များ ဖြစ်ကြတဲ့ RAV4 နှင့် LandCruiser Prado SUV တို့မှာလည်း အလားတူ ပြဿနာမျိုး ကြုံနေရသူတွေ ရှိနေပါတယ်။ 

Toyota Australia က အဖြူရောင်ကိုပဲ အသိအမှတ် ပြုပေမဲ့ အဖြူရောင် မဟုတ်တဲ့ အနီ၊ အပြာ၊ အဝါ အရောင်တို့မှာလည်း ဆေးသားကွာကျတဲ့ ပြဿနာ ဖြစ်ပေါ်နေတာတွေ ရှိနေပါတယ်။

ဒါပေမဲ့ အောက်ခံဆေးလွှာမှ အပေါ်ဆေးသားအလွှာ ကွာကျတာ မဟုတ်ဘဲ အပေါ်ဆေးသွားအလွှာ ခံနိုင်ရည်တိုးအောင် အုပ်ကာပေးထားတဲ့ အကြည်သားဆေးလွှာပါး ကွာကျတာ ဖြစ်ပါတယ်။ 

ဩစတေးလျ စားသုံးသူ ဥပဒေအရ ဝယ်ယူလိုက်တဲ့ ကား ဘယ်လောက်ကြာကြာ ခံမှာလဲ ဆိုတာနှင် ပတ်သက်၍  ၂၀၁၁ မှ စ၍ နောက်ပိုင်း ဝယ်ယူသမျှ မော်တော်ယာဉ်တိုင်းသည် အမြင့်အားဖြင့် အပါအဝင် လက်ခံနိုင်ဖွယ်ရှိသော အရည်အသွေး ရှိကို ရှိရမှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကားရောင်းချတဲ့ လုပ်ငန်းမှ ရောင်းချတဲ့ကားများသာ အကျုံးဝင်ပြီး တစ်ဦးတစ်ယောက်က ပြန်ရောင်းတဲ့ ကားတွေ အကျုံးမဝင်ပါဘူး။ လုပ်ငန်းတစ်ခုအနေဖြင့် မိမိလုပ်ငန်းမှ ရောင်းချတဲ့ ကားကို အသစ်ကျပ်ချွတ်ဖြစ်စေ၊ တစ်ပတ်ရစ်ဖြစ်စေ တာဝန်ယူခိုင်းထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ 

ကားပိုင်ရှင်တစ်ဦးက ကားပြန်ရောင်းချတဲ့အခါ ၎င်းဥပဒေအရ တာဝန်ယူဖို့ မလိုအပ်တဲ့အတွက် ကားဝယ်ယူတဲ့သူ ကားပိုင်ရှင်အသစ်အနေဖြင့် အကျုံးမဝင်ပါ။ 

ကနေဒါနိုင်ငံမှာလည်း Toyota  ကားပိုင်ရှင်အချို့ အလားတူ ဆေးသားအဖတ်လိုက် ကွာတဲ့ ပြဿနာ ကြုံရပါတယ်။ “warranty enhancement program” မှာ လွန်ခဲ့တဲ့  ၂၀၀၈ ခုနှစ်အထိ အကျုံးဝင်တယ်လို့ Toyota  က သတ်မှတ်ပေးထားပါတယ်။ 

အမေရိကန်မှာတော့ ၂၀၁၉ ခုနှစ်တုန်းက ‘Warranty Extension Program’ ဖြင့် Toyota  က Blizzard Pearl နှင့်  Super White ဆေးအရောင်မှုတ်ထားတဲ့ ကားမော်ဒယ် ၆ မျိုးကို အခမဲ့ ဈေးပြန်မှုတ်ပ‌ေးခဲ့ပါတယ်။ အဲဒီစာရင်းမှာ ကားစီးရေ ၁. ၇ သန်း အကျုံးဝင်ခဲ့ပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel  https://t.me/Guid4U

Source: drive.com.au

Read 8493 times