Toyota ကားထုတ်လုပ်မှု ဒီဇင်ဘာတွင် ပုံမှန်ပြန်ဖြစ်မည်


Toyota စက်ရုံတွေ ထုတ်လုပ်မှု လျော့ကျနေခဲ့တာ ၇ လ ကြာပြီးချိန်မှာ ပုံမှန်ပြန်ဖြစ်ပါတော့မယ်။

ဂျပန်မှာ တည်ရှိတဲ့ Toyota ကားစက်ရုံတွေ အားလုံးနဲ့ ထုတ်လုပ်ရေး လိုင်းတွေအားလုံး ဒီဇင်ဘာလမှာ ပုံမှန်ပြန်လည်ပတ်ဖို့ အစီအစဉ် ချထားပြီး ကမ္ဘာတစ်လွှား ထုတ်လုပ်မှု စီးရေစုစုပေါင်း ၈၀၀,၀၀၀ လျာထားပါတယ်။ ယခင်နှစ် ဒီဇင်ဘာလက စီးရေ ၇၆၀,၀၀၀ ထုတ်လုပ်ခဲ့ပါတယ်။ ကိုဗစ်ကာလ ထုတ်လုပ်မှုစီးရေ လျော့နည်းခဲ့တာကို ကာမိအောင် စီးရေတိုးထုတါဖို့ လျာထားတာ ဖြစ်ပါတယ်။

 Toyota က အတည်ပြု ပြောကြားတာမှာ ဂျပန်မှာ ရှိတဲ့ စက်ရုံ ၁၄ ရုံနဲ့ ထုတ်လုပ်ရေး လိုင်း ၂၈ ခု အကုန်လုံး မေလနောက်ပိုင်း ပထမဆုံးအဖြစ် ပုံမှန်လည်ပတ်မှုကို ဒီဇင်ဘာလမှာ စတင်ပါမယ်။

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Toyota က ၂၀၂၂ ခုနှစ် မတ်လကုန်မှာ ကုန်ဆုံးမယ့်  လက်ရှိဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ၉ သန်း ထုတ်လုပ်ဖို့ လျာထားခဲ့တာကို ဆက်လက်ကိုင်စွဲထားပါတယ်။ 

လာမယ့်လမှာ ပြည်တွင်း ထုတ်လုပ်မှု စီးရေ ၃၀၀,၀၀၀ နှင့် ပြည်ပ ထုတ်လုပ်မှု စီးရေ ၅၀၀,၀၀၀ ထုတ်လုပ်ဖိူ့ လျာထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ တို့မှာ စီးရေလျှော့ချ ထုတ်လုပ်ခဲ့တဲ့အပြင် စက်ရုံတွေ ရက်ပိုင်း ယာယီပိတ်ထားခဲ့တာတွေ ရှိခဲ့ပါတယ်။ အကြောင်းမှာ အဓိကကျတဲ့ ချစ်ပ် အလုံအလောက် မရရှိခဲ့လို့ ဖြစ်ပါတယ်။

 

Read 10496 times