တိုယိုတာ နိုဝင်ဘာ ထုတ်လုပ်မှုနှင့် ရောင်းအား နှစ်မျိုးစလုံး မြင့်တက်


တိုယိုတာ နိုဝင်ဘာ ထုတ်လုပ်မှုနှင့် ရောင်းအား နှစ်မျိုးစလုံး မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Toyota Motor Corp.  သည် Volkswagen AG ကို လေးနှစ်ဆက်တိုက် သာလွန်ကာ ၂၀၂၃ ခုနှစ် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ် သရဖူ ဆက်ဆောင်းထားနိုင်လိမ့်မည်။ 

မြောက်အမေရိကနှင့် ဥရောပတခွင် ဝယ်လိုအား တည်ငြိမ်နေခြင်းကြောင့် နိုဝင်ဘာလတွင် ရောင်းအားနှင့် ထုတ်လုပ်မှုတို့သည် စံချိန်သစ်များသို့ ရောက်ရှိခဲ့ပါသည်။

လက်အောက်ခံလုပ်ငန်းများ ဖြစ်သည့် Lexus ,Hino Motors Ltd. , Daihatsu Motor Co တို့၏ ရောင်းအားများဖြစ်သော ကမ္ဘာ့ရောင်းအားသည် အစီးရေ ၁၀ သိန်းနီးပါး (၉၈၆,၂၆၂) သို့ မြင့်တက်ခဲ့သည်ဟု တိုယိုတာက  ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၇)တွင် အချက်အလက် ထုတ်ပြန်ပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ရောင်းချသည့် ကားများတွင် သုံးပုံတစ်ပုံသည် ဓာတ်ဆီ ဟိုက်ဘရစ်ကားများ ဖြစ်ပါသည်။

နိုဝင်ဘာလတွင်  ထုတ်လုပ်သည့် အစီးရေ စုစုပေါင်းမှာ ၁ သန်းကျော် (၁,၀၆၇,၄၄၆) စီး ဖြစ်ပါသည်။



၂၀၂၃ ခုနှစ် နိုဝင်ဘာလ အရောင်း၊ ထုတ်လုပ်မှု၊ တင်ပို့မှု အသေးစိတ်စာရင်း

Toyota-Motor-Sales-Production-and-Export-Results-for-November-2023



နိုဝင်ဘာလတွင် နီဆန်းသည် အစီးရေ စုစုပေါင်း ၃၁၇,၂၃၃ စီး ထုတ်လုပ်ခဲ့ပြီး ဟွန်ဒါသည် အစီးရေ  စုစုပေါင်း ၄၁၄,၄၂၉ ထုတ်လုပ်ခဲ့ပါသည်။
 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1240 times