ToyotaNoah ကားများတွင်ဖြစ်တတ်သည့်ပြသနာကိုးချက်


ကားအမျိုးအစားမှာပြည်တွင်းတွင်အသုံးများသည့်ကားအမျိုးအစားဖြစ်ပါသည်။

ထိုကားအမျိုးအစားမှာယာဉ်နောက်ပိုင်းမကျယ်ဝန်းသည့်အတွက်မိသားစုနှင့်ခရီးသွားလို့အဆင်ပြေပါသည်။

ထို့ကြောင့်ပြည်တွင်းတွင်အသုံးများသည့်ကားအမျိုးအစားလည်းဖြစ်ပါသည်။

Toyota Noahကိုအသုံးပြုသူများအနေဖြင့်အသုံးပြုသည့် သက်တမ်းကြာလာ သည်နှင့်အမျှဖြစ်တတ်သည့် ပြသနာများကိုသိထားသင့်ပါသည်။

(၁)အောက်စီဂျင်ဆင်ဆာချို့ယွင်းခြင်း

1998 မော်ဒယ်တွင်အဖြစ်များလေ့ရှိပါသည်။

ကား၏အမြန်နှုန်းမြှင့်တင်လို့မရဘဲအဆွဲအရုန်းကျဆင်းခြင်းဖြစ်ပါသည်။

အမြန်နှုန်းကိုတစ်သမတ်တည်းထားလို့မရဘဲလျော့ကျနေပါသည်။

ဆီစားနှုန်းလည်းများလာပါသည်။

အင်ဂျင်ပလတ်ကိုစစ်ဆေးသည့်အခါကာဘွန်များနှင့်မည်းနေပါသည်။

ယင်းအခြေအနေများကြောင့်ကွန်ပျုတာထိုးစစ်ပြီး ပြစ်ချက်ရှာဖွေသည့်အခါအောက်ဆီဂျင်ဆင်ဆာနှင့်စပိဆင်ဆာအေချို့ယွင်းနေခြင်းဖြစ်ပါသည်။

ချို့ယွင်းသည့်ဆင်ဆာများကိုစစ်ဆေးပြီး အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။

(၂)အေဘီအက်စ်မီးလင်းခြင်း

၂၀၀၅ မော်ဒယ်တွင်အဖြစ်များပြီး အေဘီအက်စ်မီးလင်းနေခြင်းမှာ ABS System မှာပြသနာရှိနေပါသည်။

ABS(Anti-lock Braking System) တွင်ပါဝင်သည့်စပိဆင်ဆာ၊ဝါယာရင်းစနစ်နှင့် ကွန်ပျုတာအပါအဝင်အေဘီအက်စ်၏အစိတ်အပိုင်းတစ်ခုခုချို့ယွင်းခြင်းဖြစ်သည်။

အေဘီအက်စ်မီးလင်းသည့်အတွက်ကားမောင်းနှင်သည့်နေရာတွင်ထိခိုက်ခြင်းမျိုးမရှိပါ။

ဘရိတ်အသုံးပြုသည့်အခါထိန်းချုပ်ခြင်းမျိုးမရှိဘဲသဘာဝအတိုင်းမောင်းနှင်နိုင်ပါသည်။

အေဘီအက်စ်စနစ်တစ်ခုလုံးစစ်ဆေးပြုပြင်ပြီးပါကအေဘီအက်စ်မီးငြိမ်းသွားပါမည်။

(၃)ဖိုးဝှီးဒရိုက်အသုံးပြုလို့မရခြင်း

၂၀၀၂ မော်ဒယ် Noah တွင်အဖြစ်များများပြီးနှစ်ဘီးယက်စနစ်ဖြင့်သာမောင်းနှင်လို့ရပြီး လေးဘီးယက်စနစ်ဖြင့်မောင်းနှင်လို့မရခြင်းဖြစ်ပါသည်။

ကျွမ်းကျင်သည့်ဝပ်ရှော့ပ်တွင်စစ်ဆေးပြုပြင်ရမည်ဖြစ်ပါသည်။

(၄)လီဗာနှင့်ဂီယာပြသနာ

၂၀၀၆ မော်ဒယ်တွင်အဖြစ်များပြီးလီဗာနင်းသော်လည်းအရှိန်မြှင့်တင်လို့မရခြင်း၊တစ်ခါတစ်ရံတွင်ဘက်ဂီယာထိုးမဝင်ခြင်းဖြစ်ပါသည်။

အာရုံခံကိရိယာများနှင့်လီဗာတံမှတုံ့ပြန်မှုနှေးကွေးနေခြင်းဖြစ်ပြီး စစ်ဆေးပြုပြင်ရန်လိုအပ်ပါသည်။

(၅)မောင်းနှင်နေစဉ်အင်ဂျင်စွမ်းအင်ကျဆင်းခြင်း

၂၀၀၈ မော်ဒယ်Noah ကိုကီလိုမီတာ ၂၀၀ အထက်ခရီးဝေးမောင်းနှင်သည့်အခါတွင်ဖြစ်တတ်ပါသည်။

တစ်နာရီ ၆၀ ကီလိုမီတာမှ ၈၀ ကီလိုမီတာအတွင်းမောင်းနှင်သည့်အခါအင်ဂျင်ကရုတ်တရက်စွမ်းအင်ကျဆင်းသွားပါသည်။

ထိုအချိန်တွင်ဒက်ချ်ဘုတ်ပေါ်မှအချက်ပြမီးများကပုံမှန်အနေအထားဖြစ်ပါသည်။

(၆)စက်နှိုးလို့မရသည့်ပြသနာ

၂၀၀၂ မော်ဒယ် Noah တွင်ဖြစ်သည့်စက်နှိုးလို့မရသည့်ပြသနာမှာချို့ယွင်းမှုမရှိသည့်အတွက်အီလက်ထနစ်ပါဝါပေးစွမ်းသည့်ဘက်တွင် ချို့ယွင်းခြင်းဖြစ်ပါသည်။

ထို့ကြောင့်ဘက်ထရီအပါအဝင်ဘက်ထရီနှင့်ချိတ်ဆက်သည့်ဝါယာရင်းစနစ်များကိုစစ်ဆေးပြုပြင်ရမည်ဖြစ်ပါသည်။

(၇)Navigation System ၏ပြဿနာ

၂၀၀၅ မော်ဒယ် Noah တွင်ပါရှိသည့် Navigation Systemလမ်းကြောင်းပြစနစ်မှာဂျပန်ဘာသာစကားနှင့်သာပါရှိသည့်အတွက် နားမလည်နိုင်သည့်ပြသနာရှိပါသည်။

ထို့ပြင်GPS မြေပုံအညွှန်းမှာလည်းဂျပန်ဘာသာစကားနှင့်ဖော်ပြပါသည်။

Toyota 260,000 voice navigation system ကိုအင်္ဂလိပ်ဘာသာစကားနှင့်ပြောင်းလဲလိုပါသည်။

ဂျပန်နိုင်ငံအတွက်သီးသန့်ထုတ်လုပ်ထားသောကြောင့်ပြောင်းလဲလို့မရနိုင်ပါဘူး။

အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့်ယာဉ်လမ်းကြောင်းပြစနစ်သစ်တစ်ခုနှင့်လဲလှယ်ရမည်ဖြစ်ပါသည်။

(၈)ကားတံခါးနှင့်အချက်ပြမီးများအလုပ်မလုပ်ခြင်း

၂၀၀၃ မော်ဒယ် Noah တွင်ကားတံခါးနှင့်အချက်ပြမီးများအလုပ်မလုပ်တော့ပါ။

ဂီယာပြောင်းသည့်အခါဘရိတ်နင်းသည့်အခါကွေ့သည့်အခါ၊နောက်ဆုတ်သည့်အခါအန္တရာယ်ရှိကြောင်း မီးနှင့်အချက်ပြသည့်စနစ်များအလုပ်မလုပ်ခြင်းဖြစ်ပါသည်။

အီလက်ထရစ်စနစ်နှင့်ဖွင့်ပိတ်နိုင်သည့်တံခါးများကလည်းခလုတ်နှိပ်ပြီး အလုပ်မလုပ်ခြင်းဖြစ်ပါသည်။

ယင်းအချက်မှာလျှပ်စစ်စွမ်းအင်ပေးသည့်စနစ်များချို့ယွင်းခြင်းဖြစ်သည့်အတွက်ဝါယာရင်းကျွမ်းကျင်သူနှင့်ပြုပြင်ရမည်ဖြစ်ပါသည်။

(၉)အင်ဂျင်ချက်မီးလင်းခြင်း

၂၀၀၂ မော်ဒယ် Noah မှာအင်ဂျင်အပူရှိန်လွန်ကဲခြင်းဖြစ်ပြီး အင်ဂျင်ချက်မီးလင်းလာပါသည်။

ယင်းနောက်စက်ရပ်သွားပါသည်။

ပြသာနာမှာ radiator အင်ဂျင်အအေးပေးစနစ်(ရေတိုင်ကီ)ချို့ယွင်းသည့်အတွက်အင်ဂျင်အပူရှိန်လွန်ကဲခြင်းဖြစ်ပါသည်။

အင်ဂျင်အပူရှိန်လွန်ကဲလာပါကအင်ဂျင်အအေးပေးစနစ်များဖြစ်သည့်လေပန်ကာ၊ ရေဒီယေတာ၊ သာမိုစတက်၊ ကူးလင့်အရည်နှင့် အင်ဂျင်ဝိုင်များကို စစ်ဆေးရမည်ဖြစ်ပါသည်။

Read 3735 times