Toyota Motor Thailand ရောင်းအားမြင့်တက်မည် ခန့်မှန်း


Toyota Motor Thailand ရောင်းအားမြင့်တက်မည် ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Toyota Motor Corp ၏ ထိုင်းဈေးကွက်အတွက် လုပ်ငန်းခွဲ Toyota Motor Thailand သည် ယခုနှစ်အတွင်း ထိုင်းဈေးကွက်မှာ ၎င်း၏ ကားရောင်းအား ၇.၃% မြင့်တက်မည်ဟု ခန့်မှန်းထားသည်။ စုစုပေါင်း စီးရေ ၃၁၀,၀၀၀ ရောင်းချရန် လျာထားပါသည်။

Toyota သည် ထိုင်းကားစျေးကွက်၏ သုံးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားသည်။ 

၂၀၂၂ ခုနှစ်တွင် ထိုင်းပြည်တွင်းရောင်းအား ၂၈၈,၈၀၉ စီး ရှိခဲ့ပြီး ၂၀၂၁ ထက် ၂၀.၅% ပိုများသည်ဟု Toyota Motor Thailand မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 
၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်သည့် ကားစီးရေ ၃၇၈,၄၅၄ ကို ပြည်ပသို့ တင်ပို့ခဲ့သည်။ ယခုနှစ် ၂၀၂၃ တွင် စီးရေ ၄၀၅,၀၀၀ ထုတ်လုပ်တင်ပို့ရန် လျာထားသည်။

၂၀၂၃ ခုနှစ် မော်တော်ကားစျေးကွက် မျှော်မှန်းချက်မှာ မော်တော်ကားစျေးကွက်သည် နိုင်ငံ၏ စီးပွားရေး အလုံးစုံ ပြန်လည်ဦးမော့လာမှုနှင့်အတူ မော်တော်ယာဥ်ဈေးကွက်သည်လည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာမည်ဟု Toyota Motor Thailand မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံကို ပြန်လည်ဖွင့်လှစ်ခြင်းသည် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေပြီး ထုတ်လုပ်မှုအပိုင်း ပစ္စည်းပြတ်လပ်မှုတဖြည်းဖြည်း လျော့ကျသွားမည်ဟု  ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံသည် တိုယိုတာ၊ ဟွန်ဒါနှင့် မစ်ဆူဘီရှီ အပါအဝင် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူများအတွက် ဒေသတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ရေး အခြေစိုက်စခန်းဖြစ်သည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 170 times