Toyota ကြွေးမြီ ဒေါ်လာ ၁၈၆ ဘီလီယံဖြင့် VW ကို ကျော်တက်ပြီး ကြွေးမြီအများဆုံး ကားကုမ္ပဏီဖြစ်လာ


Toyota ကြွေးမြီ ဒေါ်လာ ၁၈၆ ဘီလီယံဖြင့် VW ကို ကျော်တက်ပြီး ကြွေးမြီအများဆုံး ကားကုမ္ပဏီဖြစ်လာ

 

Toyota Motor သည် ကြွေးမြီ ကန်ဒေါ်လာ ၁၈၆ ဘီလီယံအထိ ရှိလာမည်ဖြစ်ပြီး ကမ္ညာပေါ်တွင် ကြွေးမြီ အများဆုံး ကော်ပိုရေးရှင်းဖြစ်လာမည်ဟု StockApps.com မှ  နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရပါတယ်။

မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍတွင် ကြွေးမြီအများဆုံးလုပ်ငန်းအဖြစ် Toyota က Volkswagen ကို ကျော်တက်ရုံမျှမက ကမ္ဘာပေါ်တွင် ကြွေးမြီအများဆုံးလုပ်ငန်း အဖြစ်သို့ပါ ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။

ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် Toyota ကြွေးမြီ ကန်ဒေါ်လာ ၁၈၆ ဘီလီယံသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ 

ကော်ပိုရေးရှင်းကြီးများတွင် အထူးသဖြင့် မော်တော်ယာဥ်ကဏ္ဍမှာ  ကြီးမားသော အကြွးများ တင်ရှိနေကြသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါတယ်။ 

အထူးသဖြင့် မော်တော်ယာဥ်ကဏ္ဍမှာ ကော်ပိုရေးရှင်းကြီးတွေ အရင်းအနှီးဖြည့်ထည့်ဖို့ ငွေချေးစာချုပ်များ ထုတ်ရောင်းကြပါတယ်။  ကြီးမားတဲ့ ကြွေးမြီဖြင့် လုပ်ငန်းလည်ပတ်ပါတယ်။

 မော်တော်ယာဥ်ကဏ္ဍမှာ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ၊ ယာဉ်အစိတ်အပိုင်းများနှင့် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများသည် လျှပ်စစ်မော်တော်ယာဉ် ခေတ်သို့ ကူးပြောင်းရခြင်းအတွက် အရင်းအနှီးများ ထည့်ကြရသဖြင့် ချေးငွေများ ရယူထားခြင်း ဖြစ်ပါတယ်။

 ထိုသို့ ယူထားသော ချေးငွေစုစုပေါင်းသည်လုပ်ငန်း၏ ပိုင်ဆိုင်မှု စုစုပေါင်းထက် ပိုများသွားလျှင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။

 ချွတ်ချော်မှု ဖြစ်ပွားခဲ့လျှင် ဒေဝါလီ ခံရမည့်အရေး ရှိနေသည်။ ငွေလှည့်သုံးရန် ငွေမလည်ခြင်း၊ အမြတ်မပေါ် အရှုံးကြီးမားနေခြင်းတို့ ဖြစ်ပေါ်ပါကလည်း လုပ်ငန်း ပြိုလဲသွားနိုင်ပါတယ်၊ 

Toyota ကတော့ အခြေအနေ ကောင်းမွန်ပါတယ်။ ယခုအခါ ငွေဖောင်းပွမှု တိုက်ဖျက်ဖို့ ဗဟိုဘဏ်များက အတိုးနှုန်း မြှင်တင်ခဲ့ကြလို့ Toyota အနေဖြင့် ယခင်ကထက် အတိုးပိုပေးရတော့မယ် အရေး ရှိနေပါတယ်။

ဒါပေမဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး အစီရင်ခံစာမှာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၂၂၄ ဘီလီယံ ရှိကြောင်း ဖော်ပြထားနဲ့အတွက် ပိုင်ဆိုင်မှုတန်ဖိုးက ကြွေးမြီ ကန်ဒေါ်လာ ၁၈၆ ဘီလီယံထက် အများကြီး ပိုများပါတယ်။ Toyota က အသားတင်အမြတ်လည်း ရရှိနေပါတယ်။ 

ကြုံရတဲ့ ပြဿနာတွေကို ကြည့်ရင် bZ4X နှင့် Subaru Solterra တို့ ဘီးကျွတ်နိုင်လို့ အရောင်းရပ်ရတယ်။ RAV4 hybrids နှင့်  Prime တို့မှာ သုံးထားတဲ့ ကေဘယ်က အကာအကွယ် မပါလို့ ပျက်စီးလွယ်နေတဲ့ ပြဿနာအတွက် တရားစွဲခံရတယ်။

ကားတပ်ဆင်ထုတ်လုပ်ဖို့ ပစ္စည်းပြတ်လပ်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး စက်ရုံကို ရက်ပိုင်း ရပ်နားရတာတွေ ဖြစ်ပေါ်နေတယ်။

ကြွေးမြီအများဆုံး ဒုတိယနေရာမှာ Volkswagen Group ရှိနေပါတယ်။

ကမ္ဘာ့ကြွေးမြီအများဆုံး ကုမ္ပဏီ ၈ ခုစာရင်းမှာ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်း ၃ ခု ပါဝင်ပါတယ်။

၎င်းတို့မှာ Toyota (ပထမ), Volkswagen (ဒုတိယ),  Mercedes-Benz (ဆဌမ) တို့ ဖြစ်ပါတယ်။

 Mercedes-Benz ရဲ့ ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်နေပါတယ်။

Volkswagen မှာတော့ ပြဿနာအချို့ Toyota နည်းတူ ရှိနေပါတယ်။

Volkswagen ကြွေးမြီစုစုပေါင်း ကန်ဒေါ်လာ ၁၈၅ ဘီလီယံ ရှိပါတယ်။

အမေရိကန်မှာ ဒီဇယ်အင်ဂျင်ကြောင့် လေထုညစ်ညမ်းတာကို လိမ်ညာဖုံးကွယ်ထားတဲ့အမှုအတွက် ဒဏ်ကြေး ကန်ဒေါ်လာ ၃၄.၆၉ ဘီလီယံ ထိတာကြောင့် ကြွေးတင်ပါတယ်။ လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ ချေးငွေရယူတာကြောင့်လည်း ကြွေးတင်ပါတယ်။

#MyanmarAutomobileGuide 

 

Telegram Channel  https://t.me/Guid4U

Source:StockApps.com

Read 10898 times