Toyota နှင့် Mitsubishi ပူးပေါင်းပြီး Lunar Cruiser ထုတ်လုပ်မည်


Toyota နှင့် Mitsubishi ပူးပေါင်းပြီး Lunar Cruiser ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor နှင့် Mitsubishi Heavy Industries တို့သည် နေရောင်ခြည်စွမ်းအင်သုံး လ‌ယာဉ်များ တည်ဆောက်မည့် အသေးစိတ် အစီအစဉ်ကို သောကြာနေ့(ဇူလိုင် ၂၁)တွင် ကြေညာခဲ့သည်။
Lunar Cruiser ယာဉ်ကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်တွင် လပေါ်သို့ လူများ စေလွှတ်မည့် Artemis Project တွင် အသုံးပြုမည်။
Gateway အမည်ရှိ အာကာသစခန်းကို ထားရှိမည်။ လေ့လာရေးခရီးများကို Lunar Cruiser ဖြင့် သွားလာမည်ဖြစ်သည်။

Lunar Cruiser များကို ၂၀၂၉ တွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။


Toyota Motor နှင့် Mitsubishi Heavy Industries တို့သည် Japan Aerospace Exploration Agency (JAXA)နှင့်အတူ တိုကျိုတွင် ဇူလိုင် ၂၁ ရက်မှာ ရှင်းလင်းတင်ပြခဲ့သည်။ တိုက်ဆိုင်သည်မှာ လွန်ခဲ့သည့် ၅၄ နှစ်က ဇူလိုင် ၂၁ ရက်မှာ Apollo 11 အာကာယာဉ် ခရီးစဉ်၏ လဆင်းယာဉ်သည် လပေါ်သို့ ဆင်းသက်ခဲ့သည်။
 
Toyota သည် Lunar Cruiser ဟု အမည်ပေးထားသော လမျက်နှာပြင်ပေါ် သွားလာနိုင်မည့် ၄ဘီးယက်ယာဉ် ရှေ့ပြေးပုံစံကို ဖန်တီးရန်အတွက် ၂၀၁၉ ခုနှစ်တွင် JAXA နှင့် ပူးပေါင်းပြီး  စတင်လုပ်ဆောင်ခဲ့သည်။ 
သဲကန္တာရများနှင့် တောင်တန်းဒေသများရှိ  ကြမ်းတမ်းသော လမ်းများ ကဲ့သို့သော ကြမ်းတမ်းခက်ထန်သည့် ပတ်ဝန်းကျင်မျိုးတွင် မောင်းနှင်ရန် ဒီဇိုင်းထုတ်ထားသည်။

လျှပ်စစ်မော်တာများဖြင့် မောင်းနှင်သည့် Lunar Cruiser သည် လပေါ်တွင် လေ့လာစူးစမ်းရေးအတွက်  စုစုပေါင်း ကီလိုမီတာ ၁၀,၀၀၀ ကျော် ခရီးနှင်မည် ဖြစ်သည်။

Lunar Cruiser တွင် အရေးပါသည့် အချက် ၄ ချက်မှာ 
• ထပ်မံထုတ်လုပ်ပေးသော လောင်စာဆဲ regenerative fuel cells (RCF) အသုံးပြုမည်။ 
• လမ်းမရှိသည့် နေရာများတွင် မောင်းနှင်နိုင်သည်။ 
• အလိုအလျောက် မောင်းနှင်နိုင်သည်။ 
• သုံးစွဲသူ အဆင်ပြေပြီး စိတ်ကျေနပ်မှု ရရှိစေသည်။

RCF သည် မော်တော်ယာဉ်သုံး ဘက်ထရီဖြစ်ပြီး နေရောင်ခြည်စွမ်းအင်ဖြင့် ရေတွင် ပါဝင်သည့် ဟိုက်ဒရိုဂျင်ကို  ထုတ်ယူပြီး သုံးစွဲသည်။ 
ဘက်ထရီအတွက် ရေကို ကမ္ဘာမှ လပေါ်သို့ ပို့ပေးရမည် ဖြစ်သည်။ 

RCF ဘက်ထရီကို Mitsubishi Heavy Industries ၊ JAXA ၊ Marine-Earth Science and Technology တို့ ပူးပေါင်းပြီး ဖန်တီးထုတ်လုပ်သည်။

လပေါ်တွင် နေ့အချိန်သည် ၂ ပတ်ကြာသည်။ ညအချိန်သည်လည်း ၂ ပတ်ကြာသည်။ 
ဘက်ထရီသည် နေ့အချိန်တွင် တောက်လျှောက် အားဖြည့်နေမည် ဖြစ်သည်။ 
လောင်စာဆဲလ် နည်းပညာကို Toyota ၏ ကားမော်ဒယ်အချို့တွင် သုံးစွဲလျက်ရှိသည်။
RCF ဘက်ထရီ အလေးချိန်သည် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီထက် ပေါ့ပါးသည်။ 
RCF နည်းပညာကို Toyota က ကမ္ဘာပေါ်တွင်လည်း အသုံးပြုသည်။ 

Lunar Cruiser တွင် အာကာသယာဉ်မှူး တစ်လကြာအောင် နေကြရမည်ဖြစ်ရာ Lunar Cruiser ယာဉ်ပေါ်တွင် အာကာသဝတ်စုံ ဝတ်ဆင်ထားစရာ မလိုဘဲ အလုပ်လုပ်ရန်နှင့် နားနေရန် အကြမ်းဖျင်းအားဖြင့် ၇ စတုရန်းမီတာ ကျယ်ဝန်းသည့် လူနေရန်နေရာ ပါဝင်သည်။

Lunar Cruiser အလေးချိန်သည် ၁၀ တန် ဝန်းကျင် ရှိသည်။
ဘီးများတွင် သတ္တုသားတာယာ တပ်ဆင်မည်ဖြစ်ပြီး Bridgestone တာယာလုပ်ငန်းက ထုတ်လုပ်ပေးမည်။ 

Lunar Cruiser တွင်  အာကာသယာဉ်မှူးနှစ်ဦး  လိုက်ပါမည်။ တစ်နှစ်လျှင်  ၄၂ ရက်ကြာ သုံးစွဲမည်။ ၁၀ နှစ် သုံးစွဲမည်။ 

Source Asia nikkei, Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 805 times