Toyota Matrix တွင် ဖြစ်ပေါ်လေ့ရှိသော ပြဿနာ ၇ ချက်


Toyota Matrix ကားအမျိုးအစားမှာ carcomplaints.com ၏ အဆိုအရ ၂၀၀၉ မိုဒယ်က ကွန်ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပြဿနာနှင့် ဆီစားများသော ပြဿနာ အဖြစ်များပါသည်။

၁။ အောက်ဆီဂျင်ဆင်ဆာ ချို့ယွင်းခြင်း

Toyota Matrix ၂၀၀၃ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိ မိုင် တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

အောက်ဆီဂျင် ဆင်ဆာ (Oxygen sensor) ချို့ယွင်းလျှင် အင်ဂျင်ချက်မီး (check engine light) လင်းပြီး အချက်ပြသတိပေးသဖြင့် အသစ်လဲလှယ်ရပါမည်။

၂။ EVAP စနစ် ချို့ယွင်းခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိ Toyota Matrix ကို မိုင်တစ်သိန်းခွဲကျော် မောင်းနှင်ပြီးသည့်အခါ evaporative emission (EVAP) system ချို့ယွင်းခြင်းအဖြစ်များပါသည်။

EVAP ချို့ယွင်းလျှင် အင်ဂျင်ချက်မီးလင်းပြီး အချက်ပြသတိပေးပါသည်။

ထိုအရာသည် coal canister ချို့ယွင်းခြင်းဖြစ်နိုင်သကဲ့သို့ gas cap တပ်ဆင်ခြင်း လွဲချော်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

၃။ ရှေ့တံခါးမှန် ပုံမှန်အလုပ်မလုပ်ခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၀၇ မိုဒယ်အထိ Toyota Matrix ကို မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ ရှေ့တံခါးမှန်များက အတင်အချ ပုံမှန်အလုပ်မလုပ်ခြင်းဖြစ်ပါသည်။

Window regulator က loose ဖြစ်နေခြင်းမျိုးဖြစ်ပြီး ထိုအရာသည် တံခါးမှန်များကွဲသည်အထိ ဖြစ်နိုင်၍ အမြန်ပြုပြင်သင့်ပါသည်။

၄။ ECM ချို့ယွင်းခြင်း

၂၀၀၅ မိုဒယ်မှ ၂၀၀၈ မိုဒယ်အထိ Toyota Matrix တွင် ဆလင်ဒါလေးလုံးထိုး ၁၈၀၀ စီစီ မက်ထရစ်ကားများတွင် အဖြစ်များပါသည်။

Electronic Control Module (ECM) စနစ်အတွင်းတွင်ရှိသော ဆားကစ် (circuit board) အက်ကွဲခြင်းဖြစ်ပါသည်။

ထိုပြဿနာမှာ ကြိုတင်အချက်ပြခြင်းမျိုးမရှိဘဲ အင်ဂျင်ချက်မီးလင်းခြင်း ဖြစ်နိုင်သကဲ့သို့ မောင်းနှင်တံများ ရွှေ့ပြောင်းရသည်မှာ မာကျောလာခြင်း၊ နောက်ဆုံးမောင်းနှင်နေစဉ် အင်ဂျင်ရပ်တန့်သွားခြင်းမျိုး ဖြစ်နိုင်သဖြင့် ထိုသို့ဖြစ်လာပါက ECD အသစ်လဲလှယ်ရပါမည်။

၅။ လောင်စာဆီစားများခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ Toyota Matrix ကို မိုင်တစ်သိန်းနီးပါး မောင်းနှင်ပြီးသည့်အခါ ဆလင်ဒါလေးလုံးထိုး 1.8L နှင့် 2.4L အင်ဂျင်များ အဖြစ်များပါသည်။

ပြဿနာများမှာ အင်ဂျင်ဝိုင်လဲလှယ်ရန် လိုအပ်နေပြီး ဖြစ်နိုင်သည်များက အင်ဂျင်ထဲက အစိတ်အပိုင်းတစ်ချို့ ချို့ယွင်းနေခြင်း အင်ဂျင်တွင် ဆီဂျိုးများ အညစ်အကြေးများ ပိတ်ဆို့နေခြင်းလည်း ဖြစ်နိုင်ပါသည်။

အင်ဂျင်ကို သန့်စင်ပေးခြင်း၊ အင်ဂျင်ဝိုင်နှင့် ဆီစစ် filter လဲလှယ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသ်ည။

၆။ Backfiring Engine

၂၀၀၃ မိုဒယ်မှ ၂၀၀၈ မိုဒယ် ဆလင်ဒါလေးလုံးထိုး 1.8L Toyota Matrix တွင် အဖြစ်များပါသည်။

အိပ်ဇော (Exhaust) နှင့် ဗားများ ပိတ်ဆို့သည့်အတွက် ထုတ်လွှတ်ရမည့် အပူငွေ့များက အင်ဂျင်ဆီကို ပြန်လာသည့် Backfiring ဖြစ်လာခြင်းဖြစ်ပါသည်။

ထို့အတွက် အင်ဂျင်အပူရှိန်မြင့်တက်လာသကဲ့သို့ ပေါက်ကွဲခန်းအတွင်းတွင် လုံလောက်သော ပေါက်ကွဲမှုဖြစ်ရန် လုံလောက်သည့် လေဝင်ရောက်နိုင်ရန် ခက်ခဲသွားပါသည်။

ထို့ကြောင့်ဖြစ်လာသော ပြဿနာများမှာ အင်ဂျင်လည်ပတ်မှု ကြမ်းတမ်းလာခြင်း၊ မီးမကူးခြင်း၊ အင်ဂျင်ချက်မီးလင်း၍ ပါဝါကျဆင်းခြင်း၊ အင်ဂျင်ရပ်တန့်သွားခြင်းများ ဖြစ်နိုင်ပါသည်။

၇။ ရက်တဲလ် အသံမြည်လာခြင်း

၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ နှင့် ၂၀၁၀ မိုဒယ်များတွင် မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ rattling sound ရက်တဲလ် အသံမြည်လာခြင်းဖြစ်ပါသည်။

ထိုအရာသည် အင်ဂျင်အတွင်းပိုင်းက ပစ္စည်းအချင်းချင်းရိုက်ခတ်မိသော အသံမျိုးဖြစ်ပါသည်။

Timing chain မမှန်ကန်သောကြောင့် အင်ဂျင်အတွင်းပိုင်းကို စစ်ဆေးပြုပြင်ရမည်ဖြစ်ပြီး Timing chain tensioner ကို စစ်ဆေးပြီး ချို့ယွင်းသော အစိတ်အပိုင်းများ အသစ်လဲလှယ်ရပါမည်။

 

Read 435 times