ဂျပန်တွင် ကားဝယ်ရန် အမှာစာအသစ်များ လက်ခံခြင်း တိုယိုတာ ကန့်သတ်ထား


ဂျပန်တွင် ကားဝယ်ရန် အမှာစာအသစ်များ လက်ခံခြင်း တိုယိုတာ ကန့်သတ်ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL



တိုယိုတာသည် ကိုဗစ်ကာလ နှောင့်နှေးမှုများကြောင့် မပြီးပြတ်သေးသည့် အလုပ်အကြွေးများကို ပြီးပြတ်စေဖို့အတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။

 Toyota Motor သည် ကိုဗစ်ကာလ ပစ္စည်းပေးသွင်းမှု ပြတ်တောက်ခြင်းများကြောင့် ရရှိထားပြီးသား အမှာစာများကို ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေရဆဲဖြစ်သဖြင့် နောက်ထပ် အမှာစာ အသစ်များ လက်ခံခြင်း မပြုရန် အရောင်းကိုယ်စားလှယ်များကို ညွှန်ကြားထားသည်။ အဓိကမော်ဒယ်များတွင် တဝက်ကျော်ကို အမှာစာ လက်ခံခြင်း ရပ်ဆိုင်းထားသည်။

Alphard မီနီဗင်အတွက် အမှာစာ လက်ခံခြင်းကို နိုဝင်ဘာလ လလယ်ပိုင်းမှစ၍ ရပ်ဆိုင်းထားသည်။

Land Cruiser 300 SUV ကိုလည်း အမှာစာ လက်ခံခြင်း ရပ်ဆိုင်းထားသည်။ 

မော်ဒယ်တမျိုးတည်းမှာပင် ဗားရှင်းမတူပါက စတင်ရပ်ထားလိုက်သည့်ရက်စွဲ ကွဲလွဲနိုင်သည်။

ဇွန်လကုန်တွင် စတင်အရောင်းဖွင့်သည့် Alphard နောက်ဆုံးဗားရှင်းကို ဇူလိုင်လဆန်းတွင် အမှာစာ လက်ခံခြင်း ရပ်ဆိုင်းခဲ့သည်။ 
အဆင့်မြှင့်ထားသည့် Aqua ဗားရှင်းကို စက်တင်ဘာလမှစ၍ အမှာစာ လက်ခံခြင်း ရပ်ဆိုင်းခဲ့သည်။ 

Harrier SUV နှင့် Corolla Cross တို့မှာမူ အမှာစာ ကန့်သတ်ချက် မရှိချေ။

ယခုလို အခြေအနေမျိုးကို တိုယိုတာ ကြုံတွေ့နေရခြင်းအတွက် အခြေခံကျသည့် အချက် (၃) ချက် တွေ့ရသည်။

အချက် တချက်မှာ ထုတ်လုပ်ပေးနိုင်သည့် စီးရေထက် ဝယ်ယူလိုသည့်စီးရေ ပိုများနေခြင်းဖြစ်သည်။
တိုယိုတာသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် Toyota နှင့် Lexus ကားအစီးရေ ၉၀,၀၀၀ တိုးမြှင့်လျာထားခဲ့သည်။ အစီးရေ ၃ ဒသမ ၃၄ သန်းအထိ ထုတ်လုပ်မည် ဖြစ်သည်။ သို့တိုင်အောင် အချို့မော်ဒယ်များသည် ဝယ်လိုအားကို အလျဉ်မမီပါ။

နောက်ထပ် အကြောင်းအချက်မှာ အမှာစာများအတွက် အလုပ်ကြွေး ကျန်ရှိနေခြင်း ဖြစ်သည်။
ကိုဗစ်ကာလ ချစ်ပ်ပြတ်လပ်မှုများ ပေါ်ပေါက်နေစဉ် ကားများကို ပုံမှန် ထုတ်လုပ်ပေးနိုင်ခြင်း မရှိသော်လည်း အမှာစာများကို ဆက်လက် လက်ခံနေခဲ့ရာ ကားထုတ်လုပ်ပေးရန် အလုပ်ကြွေး ကျန်နေသည့် အမှာစာများ တောင်ပုံရာပုံ ဖြစ်လာသည်။ အမှာစာ အစီးရေ ၁ သန်းဝန်းကျင် အလုပ်ကြွေး တင်နေသည်။ 

နောက်ထပ်တချက်မှာ ကားအရောင်းကိုယ်စားလှယ်များကို အကန့်လိုက် ခွဲခြား မထားတော့ဘဲ ၂၀၂၀ ပြည့်နှစ်တွင် တပေါင်းတစည်းတည်း ထားရှိသည့် အပြောင်းအလဲ ဖြစ်သည်။ 
တိုယိုတာ အရောင်းကိုယ်စားလှယ်များကို ယခင်က အမျိုးအစား လေးမျိုးခွဲထားပြီး အချို့အမျိုးအစားမှ အချို့မော်ဒယ်များကိုသာ ရောင်းချရန် အကန့်များ ကန့်ပေးထားသည်။ 
မူသစ်တွင် တိုယိုတာ မည်သည့် မော်ဒယ်ကိုမဆို အရောင်းကိုယ်စားလှယ်တိုင်းထံ မှာကြားနိုင်သည်။ သို့ဖြစ်ရာ လူကြိုက်များသည့် မော်ဒယ်များကို အရောင်းကိုယ်စားလှယ်များထံ မှာကြားကြသည်။ အထိန်းအကွပ် မရှိတော့သဖြင့် ၎င်းမော်ဒယ်များအတွက် အမှာစာများ စုပြုံနေပြီး စုပုံနေစေသည်။ 
ရလဒ်အဖြစ် အမှာစာ မှာကြာပြီး ကားရဖို့ စောင့်ဆိုင်းရသည့် လများ ပိုကြာနေပါသည်။
 Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2228 times