Toyota Land Cruiser (J200) 2016


တိုယိုတာ Land Cruiser ကတိုယိုတာရဲ့ထုတ်လုပ်မှုသက်တမ်းအရှည်ဆုံးကားတစ်စီးဖြစ်ပြီး ၁၉၅၁ က စတင်ထုတ်လုပ်ပါသည်။
Land Cruiser J200 Chassis Series ကို၂၀၀၇ ကစတင်ထုတ်လုပ်ပြီး ၂၀၀၇၊၂၀၀၉၊ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ မော်ဒယ်များအဖြစ်ထုတ်လုပ်နေပါသည်။
စတင်ထုတ်လုပ်သည့်၂၀၀၇မော်ဒယ်မှာ UZJ200W ဖြင့် AXဂရိတ်နှင့် AX G Selection နှစ်မျိုးကို ထုတ်လုပ်ခဲ့သောကြောင့် Toyota LandCruiser များထဲတွင် Land CruiserJ200 ဟုလူသိများကြပါသည်။ ၂၀၀၉ နောက်ပိုင်းတွင် URJ202W ဆိုသည့် Chassis ID ဖြင့်ဂရိတ်များကိုလည်းတိုးချဲ့ထုတ်လုပ်လာပါသည်။
Toyota Land CruiserJ200 ဂရိတ်များကိုခွဲမည်ဆိုပါကAX, ZX, GX ဆိုပြီးသုံးမျိုးခွဲခြားနိုင်ပါသည်။
SUV ကိုယ်ထည်၊ Full Time 4WD ကားတစ်စီးဖြစ်ပါသည်။
ခံ့ညားပြီးဇိမ်ကျတဲ့ကားတစ်စီးကိုနေရာမရွေး၊ လမ်းအခြေအနေမရွေးဘဲစီးလို့ရနိုင်သည့်ကားတစ်စီး ဖြစ်ပါသည်။
၂၀၁၆ Land Cruiser မှာ Land Cruiser၏ကိုးခုမြောက်မျိုးဆက်ဖြစ်ပါသည်။
ထုတ်လုပ်သည့်မော်ဒယ်များအလိုက်နည်းပညာပိုင်းကွာခြားချက်အနည်းငယ်တိုးတက်လာတာကလွဲပြီး ကိုယ်ထည်ပိုင်းတည်ဆောက်ထုတ်လုပ်မှုမှာဂရိတ်အားလုံးတူညီတာတွေ့ရပါသည်။
၂၀၁၆ Land Cruiserကိုအပြာရောင်၊ နက်ပြာရောင်၊ နီညိုရောင်၊ ပုလဲဖြူ၊ အဖြူ၊မီးခိုးရောင်ဆိုပြီး အရောင်ခြောက်မျိုးကိုရွေးချယ်နိုင်မည်ဖြစ်ပါသည်။
2016 Land Cruiser ကို Off-road ကားတစ်စီးပီသအောင်ထုတ်လုပ်ထားတာတွေ့ရပြီးကိုယ်ထည်ပိုင်း၊ ကားမီးပိုင်းတွေမှာ modified ပိုလုပ်ထားသည်ကိုတွေ့ရပါသည်။
ကားမီးများအားလုံးကို LED မီးစနစ်အပြည့်တပ်ဆင်ထားပြီး အလင်းအားပိုကောင်းပြီးတောက်ပသည့်မီးစနစ်က ညဘက်မောင်းနေရသည့်ခရီးရှည်များအတွက်အဆင်ပြေစေမည်ဖြစ်ပါသည်။
ကားနောက်မီးများကိုလည်း LED မီးကြီးများတပ်ဆင်ထားပြီးထင်ရှားသည့်အချက်ပြမီးများအဖြစ် တွေ့နိုင်ပါသည်။
ထိုနောက် Spoiler နှင့်မီးတပ်ဆင်ထားပုံဒီဇိုင်းကလည်း Land Curiser ကိုယ်ထည်နှင့်လိုက်ဖက်သည့်တပ် ဆင်မှုပုံစံကိုတွေ့ရပါသည်။
အတွင်းခန်းတပ်ဆင်ထုတ်လုပ်ထားပုံကလည်း Land Cruiser 2016 ၏ထူးခြားသည့်ရုပ် ပိုင်းအသွင်အပြင် ဖြစ်ပါသည်။
စတီယာရင်ကွန်ထရိုး၊ Leatherစတီယာရင်များနှင့်ကျွန်းကွက်လက်ကိုင်များကလည်း Land Cruiser အတွင်းခန်း၏ထူးခြားသည့်အသွင်အပြင်တစ်ခုလည်းဖြစ်ပါသည်။
အတွင်းခန်းထိုင်ခုံများကလည်း Leather ထိုင်ခုံများအဖြစ်ထုတ်လုပ်ပေးထားပြီး အပူအအေးကိုရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေတာကိုတွေ့ရပါသည်။
Dashboardဒီဇိုင်းကိုလည်းအရင်ကထုတ်လုပ်ခဲ့သည့်မော်ဒယ်များထက်ပိုပြီးဆန်းသစ်ဒီဇိုင်းအဖြစ်ပြောင်းလဲ ထုတ်လုပ်လာပါသည်။
အဲကွန်းစနစ်ကိုလည်းရာသီဥတုအခြေအနေကိုလိုက်ပြီးအလိုအလျောက်ချိန်ညှိပေးနိုင်သည့်Four-Zone Automatic ClimateControl စနစ်ကိုတပ်ဆင်ထုတ်လုပ်ထားတာတွေ့ရပါသည်။
မီဒီယာပိုင်းမှာတော့ ၂၀၁၃ မော်ဒယ်မှာကတည်းကပါ၀င်လာသည့်နောက်ခန်း TV နှစ်လုံးအပြင်DVD Player နှစ်စုံကိုပါတပ်ဆင်ထုတ်လုပ်လာသည်ကိုတွေ့ရပါသည်။

အင်ဂျင်မှာ5.7L V8အင်ဂျင်ကိုတပ်ဆင်ထားပြီး DOHV 32 valve V8 အင်ဂျင်ကြောင့် မြင်းကောင်ရေအား 381hp ကိုရရှိမည်ဖြစ်ပါသည်။
ဂီယာရှစ်ချက်လျှပ်စစ်ထိန်းချုပ်စနစ်အော်တိုဂီယာ(ECT-i) ဂီယာကိုတပ်ဆင်ထုတ်လုပ်ထားပါသည်။
ကားအောက်ပိုင်းစနစ်ကိုရှေ့ပိုင်းတွင်Double-Wishbone,Coil-Spring, Stabilizer Bar တပ်ဆင်ပြီး
ကားနောက်ပိုင်းကိုတော့4-Link Coil Spring,Stabilizer Bar,Semi-Floating Axle တွေက လမ်းကြမ်း၊ ခရီးကြမ်းနဲ့ တောင်တက်လမ်းတွေနဲ့ ပိုပြီးလိုက်ဖက်သည်ကိုတွေ့ရပါသည်။
ထို့ပြင် ကား၏လမ်းညွှန်မှုဆိုင်ရာစနစ်ပိုင်းများကိုလည်း off-road အထောက်အကူပြုစနစ်များဖြစ်သည့်
Kietic DynamicSuspension System,Crawl Control,Multi-Terrain Monitor စသည့်စနစ်များ ပါ၀င်လာသည့်အတွက် Land Cruiser 2016 မှာ off-road ကားတစ်စီးဟုပြောလို့ရပါသည်။
လုံခြုံရေးပိုင်း၊ နည်းပညာပိုင်းတွေမှာလည်း လေအိတ် ၁၀လုံး၊ တိုယိုတာရဲ့ Star SafetySystem လို့လူသိများတဲ့ လုံခြုံရေးနည်းပညာခြောက်မျိုးကလည်းထုံးစံအတိုင်းတပ်ဆင်ထုတ်လုပ်လာသည်ကို တွေ့ရပါသည်။
ထို့ပြင်တိုယိုတာ၏အဆင့်မြင့်လုံခြုံရေးနည်းပညာများကိုလည်းပေါင်းစပ်ထုတ်လုပ်ထားသည့်အတွက်ဇိမ် ခံကားတစ်စီးလိုလည်းသုံးလို့ရသည့်နည်းပညာမြင့်ကားတစ်စီးအဖြစ်လည်းတွေ့ရပါသည်။
ပြည်တွင်းစျေးကွက်ထဲတွင် ၂၀၁၄-၁၅ မော်ဒယ်တွေလောက်အထိတင်သွင်းနေကြတာတွေ့ရပြီး ၂၀၁၆ မော်ဒယ်များကိုစျေးကွက်ထဲတွင်အတွေ့ရနည်းပါးနေသေးပါသည်။
၂၀၁၅ မော်ဒယ်ဆိုရင် ကျပ်သိန်း၁,၅၀၀ ၀န်းကျင်လောက်အထိ ပေါက်စျေးရှိနေပြီး၂၀၁၆ မော် ဒယ်ဆိုရင်တော့ ကျပ်သိန်း ၂,၀၀၀နီးပါးလောက်အထိပေါက်စျေးရှိမည်ဖြစ်ပါသည်။

 

 

 

Read 2087 times