Mid-Size Crossover SUV အမျိုးအစားဖြစ်သော Toyota Kluger ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး New York Auto Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။
ထိုကားကို Toyota Highlander ဟုလည်း လူသိများပြီး Toyota ၏ ရောင်းအားအကောင်းဆုံး SUV ကားအမျိုးအစားထဲတွင် ပါဝင်ပါသည်။
Toyota Kluger တွင် V နှင့် L ဆိုပြီး နှစ်မျိုးရှိသော်လည်း ကားပုံစံနှင့် စက်ပိုင်းဆိုင်ရာတွင် ထူးထူးခြားခြားကွာခြားချက်မရှိတော့ပေ။
ထုတ်လုပ်သော ခုနှစ်နှင့် ရောင်းချသောနိုင်ငံအပေါ်မူတည်ပြီး Kluger V နှင့် Kluger L ဆိုပြီး ကွားသွားခြင်းဖြစ်ပါသည်။
Kluger V ကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး Kluger L ကိုတော့ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းတွင် ထုတ်လုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ကားတင်သွင်းခွင့်ပေါ်လစီအရ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ရ၍ Kluger ကို ဝယ်ယူမည်ဆိုလျှင် နံပါတ်ထွက်ပြီးသားကားများကိုသာ ရှာဖွေဝယ် ယူရမည်ဖြစ်ပါသည်။
Kluger တွင် အင်ဂျင်ပါဝါ ၂၄၀၀ စီစီနှင့် ၃၀၀၀ စီစီကို 2WD၊ 4WD နှစ်မျိုးထုတ်လုပ်ထားပြီး Chassis နှင့် ခွဲမည်ဆိုလျှင် ၂၄၀၀ စီစီ 2WD က ACU20၊ ၂၄၀၀ စီစီ 4WD က ACU25၊ ၃၀၀၀ စီစီ 2WD က MCU20၊ ၃၀၀၀ စီစီ 4WD က MCU25 ဖြစ်ပါသည်။
Kluger ကို Hybrid အင်ဂျင်နျင့်လည်း ထုတ်လုပ်ထားသော်လည်း တင်သွင်းမှုမရှိသလောက် နည်းပါးပါသည်။
Kluger တွင် SX Package က အလွိုင်း ၁၆ လက်မဖြစ်ပြီး Base Grade ဖြစ်၍ ရှေ့နှင်းခွဲမီးနှင့် နောက် Spoiler များ မပါရှိပေ။ ထို့နောက် Original TV မှာ Option အပေါ်တွင် မူတည်ပါသည်။
S Package တွင် အလွိုင်း ၁၇ လက်မနှင့် မှန်ကာလာဖြစ်သွားသကဲ့သို့ Gear Transmission တွင် Up/Down Panel က Steering တွင် ပါဝင်မည်ဖြစ်ပါသည်။
ထိုင်ခုံက Leather Seat ဖြစ်သွားသကဲ့သို့ ခုံသုံးတန်းဖြစ်သွားခြင်းလည်း များပါသည်။
SG Package တွင် အတွင်းခန်း အသားရောင်ဖြစ်သွားသကဲ့သို့ ထိုင်ခုံမိုတာနှင့် ခုံသုံးတန်းခုနစ်ယောက်စီးလည်း ထုတ်လုပ်ထားပါသည်။
Toyota Kluger က အက္ခရာနှင့်မိုဒယ်အပေါ်မူတည်၍ ဈေးကွာဟချက်ရှိသကဲ့သို့ ဂရိတ်အနိမ့်/အမြင့် အပေါ်မူတည်၍လည်း ဈေးမတူညီပေ။
၂၀၀၆၊ ၂၀၀၇ မိုဒယ်ဝယ်ယူမည်ဆိုလျှင် ကားဂရိတ်နှင့် ရန်ကုန်လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်းလေးရာနှင့် ၄၅၀ ကြားတွင် ရှိပါသည်။